Ad Code

Responsive Advertisement

နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၃၆) by Acuity English Language Center,

နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၃၆)
to cover for : အစားထိုးသည်၊ နေရာကို ခတ္တယူထားသည်၊
တစ်ယောက်ကို ကာကွယ်ပေးသည်။
- Go ahead and take your coffee break. I’ll cover for you until you return.
ဆက်လုပ်ပါ၊ ပြီးရင် ကော်ဖီသောက်ဖို့ နားလိုက်လေ၊ မင်းပြန်လာတဲ့အထိ ငါလုပ်ထားပေးမယ်။
- The criminal made his wife cover for him when the police asked if the man had been home all day. She swore that he had been there.
- ရဲတွေက သူ့ကို တစ်နေကုန် အိမ်မှာရှိလားလို့ မေးတဲ့အတဲ့အခါ ရာဇဝတ်သားက သူ့ဇနီးသူ့ကို ကာကွယ်ပေးစေတယ်။ သူ(မ)က သူအဲဒီမှာရှိနေခဲ့တယ်လို့ ကျမ်းကျိန်ခဲ့တယ်။
to give ( someone) a break : အခွင့်အရေးပေးသည်။
- The driver pleaded with the police officer to give him a break and not issue him a ticket for speeding.
အရှိန်မြှင့်မောင်းတဲ့အတွက် ချလန်မဖြတ်ဖို့ အခွင့်အရေးပေးဖို့ရန် ယဉ်မောင်းက ယဉ်ထိန်းရဲကို အသနားခံ တောင်းဆိုခဲ့သည်။
- When the students heard how much homework the teacher wanted them to do over the holiday, they begged, “Give us a break, Professor Doyle!”
အားလက်ရက်မှာ ဆရာက ဘယ်လောက်အထိ အိမ်စာတွေလုပ်စေချင်တယ်ကို ကြားသိရတဲ့အခါ ကျောင်းသားတွေက “ပါမောက္ခကြီး ဒေါ်လီရယ်၊ ကျွန်တော်တို့ကို အခွင့်အရေးပေးပါ” လို့ တောင်းဆို ကြသည်။
- Oh, Jim, give me a break! That’s a terrible excuse for being late.
အိုး .. ဂျင်၊ ငါ့ကို အခွင့်အရး ပေးစမ်းပါ၊ ဒါဟာနောက်ကျတဲ့ အတွက် ဆိုးဝါးတဲ့ ဆင်ခြေပါပဲ။

to bow out : လုပ်ဆောင်ချက် တစ်ခုကို ရပ်တန့်သည်၊ ကိုယ်တိုင် နှုတ်ထွက်သည်။
- She bowed out as the school’s registrar after sixteen years of service.
မော်ကွန်းထိန်း အဖြစ် လုပ်သက် (၁၆) နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့ နောက်မှာတော့ သူ(မ) ကိုယ်တိုင် နှုတ်ထွက်ခဲ့တယ်။
- One of the two partners bowed out of the deal because they couldn’t agree on the terms of the contract.
သဘောတူစာချုပ် သက်တမ်းနှင့် ပတ်သက်၍ သဘောမတူနိုင်သောကြောင့် အစုရှယ်ရာရှင် ၂-ယောက်အနက်မှ ၁-ယောက်က စီးပွားရးအရ သဘောတူညီမှုကို ရပ်တန့်ချင်တယ်။

to get a rise out of : တုန့်ပြန် ရန်စသည်။
- You can kid me all day about my mistake, but you won’t get a rise out of me.
ငါ့ရဲ့ အမှားတွေကို တစ်နေကုန် ကျီစားလို့ရတယ်၊ ဒါပေမယ့် ရန်တော့မစနဲ့။
- I got a rise out of Marvin when I teased him about his weight. Marvin weighs over two-hundred pounds.
မာဗင်က ပေါင်-၂၀၀ ကျော်ရှိတယ်၊ သူ့ကို ဝလို့ ကျွန်တော်က စတဲ့အခါ သူ့က ကျွန်တော့်ကို တုန်ပြန် ရန်စတယ်။

to stick around : တစ်နေရာရာမှာ မူလအတိုင်း ရှိနေသည်၊ နေသည်၊ စောင့်သည်။
- Todd had to stick around the house all day until the new furniture was finally delivered in the late afternoon.
ပရိဘောဂ ပစ္စည်းအသစ်တွေ ရောက်ပြီးတဲ့ ညနေစောင်းအထိ တော့(ဒ်)က တနေကုန် အိမ်မှာပဲ စောင့်နေရမယ်။
- Why don’t you stick around for a while and see if Sarah eventually shows up?
နောက်ဆုံးတော့ ဆာရာ က ရောက်လာရင် ဘာကြောင့် မင်းက စောင့်ပြီး မတွေ့တော့တာလဲ
to pick up the tab : ကျသင့်ငွေ ပေးသည်။
- The advertising manager is flying to Mandalay for a conference, and her firm is picking up the tab.
ကြေငြာမန်နေဂျာက အစည်းအဝေးအတွက် မန္တလေးကို လေယဉ်နဲ့ သွားမယ်၊ အဲဒီအတွက် ကုမ္ပဏီက ကျသင့်ငွေကို ပေးတယ်။
- The government picked up the tab for the visiting dignitary. It paid for all of the lodging and meals, as well as transportation, during his stay.
ဂုဏ်သရေရှိ လူကြီးမင်းရဲ့ အလည်အပတ်ခရီးစဉ်အတွက် အစိုးရက စရိတ်များကို ကျခံတယ်၊ ထိုပုဂ္ဂိုလ် နေထိုင်စဉ်အတွင်း နေရာထိုင်ခင်း၊ အစားအသောက်၊ သွားလာရေး အားလုံးအတွက် အကုန်အကျ ခံခဲ့သည်။
to go to town: တက်တက်ကြွကြွလုပ်ဆောင်သည်၊
- Charlie really went to town on his research project. He consulted over forty reference works and wrote a ninety-page report.
ချာလီက သူရဲ့ သုတေသနလုပ်ငန်းအတွက် အရမ်းတက်တက်ကြွကြွ လုပ်ဆောင်ခဲ့တယ်၊ ကျမ်းကိုးပေါင်း ၄၀ ကျော်ကို ကိုးကားခဲ့ပြီး စာမျက်နှာ-၉၀ ရှိတဲ့ အစီအရင်ခံစာကို ရေးသားခဲ့တယ်။

အောင်ကိုဦး (UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu