အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
It's time to + (verb) – အချိန်ရောက်ပြီ
တစ်စုံတစ်ခု ပြုလုပ်ရန်၊ ဖြစ်ပေါ်ရန် အချိန်ကျရောက်ပြီလို့ ပြောလိုသောအခါ ဖော်ပြပါပုံစံကို အသုံးပြု နိုင်ပါတယ်။
- It's time to say goodbye.
နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ။
- It's time to collect our money.
ပိုက်ဆံစုဖို့ အချိန်ရောက်ပြီ။
- It's time to cheer for our team.
ကျွန်တော်တို့ အသင်းအတွက် ကောင်းချီးသြဘာပေးဖို့ အချိန်ရောက်ပြီ။
- It's time to change the clocks.
နာရီတွေ လဲဖို့ အချိန်ရောက်ပြီ။
- It is time to decide what to do.
ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ။
“It’s + time for + (noun) ပုံစံဖြင့်လည်း အသုံးပြုနိုင်ပါတယ်။
- It’s time for bed.
အိပ်ရာဝင်ချိန် ရောက်ပြီ။
- It’s time for lunch.
နေ့လည်စာစားချိန် ရောက်ပြီ။
- It’s time for tea.
လက်ဘက်ရည် သောက်ချိန် ရောက်ပြီ။
How was + (noun) - ဘယ်လိုလဲ
အတိတ်မှာ ဖြစ်ခဲ့သော တစ်စုံတစ်ခုကို ဖြစ်စေ၊ တစ်စုံယောက်က အတိတ်မှာ ပြုလုပ်ခဲ့သော တစ်စုံတစ်ခုကို ဖြစ်စေ၊ ၎င်းအခြေအနေများကို မေးလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။
- How was your meeting yesterday?
မနေ့က အစည်းအဝေးက ဘယ်လိုလဲ
- How was your doctor's appointment?
မင်း ဆရာဝန်နဲ့ သွားတွေ့ခဲ့တာ ဘယ်လိုလဲ
- How was your business last year?
မနှစ်က စီးပွားရေး အခြေအနေ ဘယ်လိုလဲ
- How were your parents?
မင်း မိဘတွေ နေကောင်းကြလား (အတိတ်ကာလကို မေးခြင်းဖြစ်ပါတယ်)
လက်ရှိ၊ ပစ္စပ္ပုန်ကာလကို မေးလိုပါက “How + is” နှင့် “How + are” ကို အသုံးပြုနိုင်ပါတယ်။
- How is the meeting today?
ဒီနေ့ အစည်းအဝေး ဘယ်လိုလဲ
- How is the weather today?
ဒီနေ့ ရာသီဥတု အခြေအနေ ဘယ်လိုလဲ
- How are your parents?
မင်း မိဘတွေ နေကောင်းကြလား
How about + (verb-ing) - တူတယ်
တစ်စုံတစ်ယောက်ရဲ့ အယူအဆ၊ သဘောထားကို မေးလိုသောအခါ ဖြစ်စေ၊ တစ်စုံတစ်ကို လုပ်ဖို့ ဆန္ဒရှိလားလို့ တစ်စုံတစ်ယောက်ကို မေးလိုသောအခါ ဖြစ်စေ ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါတယ်။
- How about hanging out tonight?
ဒီည အချိန်ဖြုန်းမယ်ဆိုရင် ဘယ်လို သဘောရလဲ
- How about comparing prices before we buy it?
ကျွန်တော်တို့ ပစ္စည်းမဝယ်ခင် ဈေးနှုန်းတွေ နှိုင်းယှဉ်ကြည့်ဖို့ ဘယ်လို သဘောရလဲ
- How about considering it?
အဲဒါကို စဉ်းစားဆုံးဖြတ်ဖို့ ဘယ်လို သဘောရလဲ
- How about following me to their house?
သူတို့အိမ်ကို ကျွန်တော့်နောက်က လိုက်ဖို့ ဘယ်လို သဘောရလဲ
- How about feeding the dogs?
ခွေးတွေကို အစာကျွေးဖို့ ဘယ်လို သဘောရလဲ
အောင်ကိုဦး(UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji