Ad Code

Responsive Advertisement

English Dialogs (27) By Sayar WinNaingOo

Win Naing Oo's photo.
English Dialogs (27)
...............................
Shopping သွားတဲ့အခါ ပြောကြပါ
..
(1) I would like to buy a shirt.
ကျနော် ရှပ်အင်္ကျီတစ်ထည် ၀ယ်ချင်ပါတယ်
.
(2) We have a new item for our customers. Actually, you would look great in this.
ကျနော်တို့ရဲ့ ဖေါက်သည်တွေအတွက် ပစ္စည်း အမယ်သစ် ရှိပါတယ် ။ တကယ်ပါ ၊ ခင်ဗျားနဲ့ သိပ်ပြီးကြည့်လို့ကောင်းသွားမယ်
.
(3) I don’t like this one. Please show me something else.
ကျနော် ဒီတစ်ထည်ကို မကြိုက်ပါဘူး ၊ ကျေးဇူးပြု၍ ကျနော့်ကို တခြားတစ်ခုခု ပြပေးပါဦး
.
(4) What color are you looking for?
ခင်ဗျားဘာအရောင်ကို ရှာနေတာပါလဲ
.
(5) I am looking for a blue shirt, something to go with my jeans.
ကျနော် အပြာရောင်ရှပ်အင်္ကျီတစ်ထည်ရှာနေပါတယ် ၊ ကျနော့်ဂျင်း(ဘောင်းဘီ)နဲ့လိုက်ဖက်တဲ့ တစ်ခုပေါ့
.
(6) I’m afraid this is the only blue shirt we have.
အားနာပါတယ် ဒီဟာက ကျနော်တို့ဆိုင်မှာရှိတဲ့ တစ်ထည်တည်းသော အပြာရောင်ရှပ်အင်္ကျီပါပဲ
.
(7) This is not what I am looking for.
ဒါက ကျနော်ရှာနေတဲ့ဟာ မဟုတ်ပါဘူး
.
(8) Then I think I’ll shop around.
ဒါဆို ကျနော် ပတ်ပြီးရှာကြည့်လိုက်ပါဦးမယ်
.
(9) I’ll take this one. And could I have two of these please?
ကျနော် ဒီတစ်ခုကို ယူပါမယ် ၊ ပြီးတော့ ကျနော် ဒီဟာတွေထဲက နှစ်ခု(နှစ်ထည်) ယူလို့ရမလား
.
(10) I’ll take two of these.
ကျနော် ဒီဟာတွေထဲက နှစ်ထည်ယူပါမယ်
.
(11) I’m sorry, that is all I have. I can tell you really like it.
စိတ်မကောင်းပါဘူးဗျာ ၊ အဲဒါက ရှိတာ အကုန်ပါပဲ ၊ ခင်ဗျားတကယ်ကြိုက်မယ်လို့ ကျနော် ပြောနိုင်ပါတယ်
.
(12) Yes. The more I look at it, the more I like it. I wish you had more.
ဟုတ်တယ် ၊ အဲဒါကို ကြည့်လေ ကြိုက်လေပဲ ၊ ထပ်ရှိသေးလျှင်ကောင်းမယ်
.
(13) I ‘m sorry, I don’t. Can I get you anything else?
ဆောရီးဗျာ .. မရှိပါဘူး ၊ ခင်ဗျားကို တခြားတစ်ခုခု ပြပေးရမလား
........................
(14) Please show me some dresses.
ကျေးဇူးပြု၍ ကျနော့်ကို ဂါဝန်လေးတွေ (တချို့ကို) ပြပေးပါ
.
(15) Who are you getting this for?
ဘယ်သူ့အတွက် ၀ယ်မှာပါလဲ
.
(16) I’m trying to find a present for my wife.
ကျနော့်အမျိုးသမီးအတွက် လက်ဆောင်တစ်ခုကို ရှာနေတာပါ
.
(17) Do you have a particular style in mind?
စိတ်ထဲမှာ စဉ်းစားထားတဲ့ style တစ်ခုခု ရှိပါသလား
.
(18) Why don’t you take a look at this.
ဒါကို တစ်ချက်လောက်ကြည့်ပါလား
.
(20) I prefer that over this.
ကျနော်က အဲဒီ(ခပ်လှမ်းလှမ်းက)ဟာကို ဒါ(လက်ထဲရှိတာ)ထက် ပိုကြိုက်ပါတယ်
.
(21) I don’t like it. Can you show me others.
အဲဒါကို ကျနော်မကြိုက်ပါဘူး ၊ တခြားဟာတွေ ပြပေးနိုင်ပါမလား
.
(22) It’s all sold out apart from this one.
ဒီတစ်ခုကလွဲပြီး တခြားဟာတွေ အားလုံး ရောင်းလို့ကုန်သွားပါပြီ
.
(23) Thank you for shopping with us.
ကျနော်တို့ဆီမှာ ဈေးဝယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်
..
ဝေါဟာရများ
.
item (n) အမယ် ၊ အရာ ၊ ပစ္စည်း
customer (n) ဖေါက်သည် ၊ ဈေးဝယ်သူ
actually (adv) အမှန်တကယ်
dress (c.n) ဂါဝန် (ရေတွက်နိုင်သောနာမ်)
dress (u.n) အ၀တ်အစား (မရေတွက်နိုင်သောနာမ်)
particular (adj) အထူး ၊ သီးခြား ၊ သီးသန့်
.
usage note
..
နံပါတ် (20) မှာတွေ့ရတဲ့ I prefer that over this. ဟာ အမေရိကန်အသုံးဖြစ်ပါတယ်
prefer..over နေရာမှာ အင်္ဂလိပ်အသုံးဖြစ်တဲ့ prefer ..to ကိုပိုပြီးတွေ့နိုင်ပါတယ် ။ သို့သော် တချို့ကတော့ prefer..over က ပိုပြီး တင်စားပြောဆိုလိုဟန်ရှိတယ်လို့လည်း သုံးသပ်မှုလည်း ရှိပါတယ် ၊ ကြိုက်ရာသုံးပါခင်ဗျာ
..Sayar WinNaingOo Facebook မှ ပြန်လည်ကူးယူဖော်ပြသည်။( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
မေတ္တာဖြင့် heart emoticon

Post a Comment

0 Comments

Close Menu