Ad Code

Responsive Advertisement

အနံ့နဲ့ ကုမည်

By ကိုထိုက်

နေ့စဉ်ဘ၀ ကျန်းမာရေး အခက်အခဲလေးများကို အလွယ်တကူ ရနိုင်သော အနံ့ကုထုံးလေးများနဲ့ ကုကြစို့။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးလား။ 

၂၀၁၁ ခုနှစ်တွင် အရှေ့ပိုင်းဒေသ စိတ်ပညာ အဖွဲ့အစည်းသို့ လေ့လာမှု စစ်တမ်း တစ်စောင် တင်ပြခဲ့သည်။ ထိုစစ်တမ်းတွင် သုတေသန အဖွဲ့သည် လူ (၂၀) ၏ အကူအညီဖြင့် လေ့လာမှု ပြုခဲ့သည်။ ထိုလူများကို သုံးစု ခွဲလိုက်သည်။ တစ်စုကို စံပယ်နံ့ မွှေးပျံ့နေသော အခန်းတွေထဲမှာ အိပ်ခိုင်းသည်။

နောက်တစ်စုကို လာဗင်ဒါနံ့ မွှေးပျံ့နေသော အခန်းထဲမှာ အိပ်ခိုင်းသည်။ နောက်တစ်စုကိုကား ဘာနံ့မှ မရှိသော အခန်းထဲတွင် အိပ်ခိုင်းသည်။ စံပယ်နံ့ အခန်းတွေထဲမှာ အိပ်သူများသည် အိပ်နေစဉ် အလှုပ်အရှား အလူးအလိမ့် အနည်းဆုံး ဖြစ်ကြသလို၊ စိတ်ဖိစီးမှုလည်း အနည်းဆုံး ဖြစ်ကြပြီး အိပ်ရေးလည်း ၀၀လင်လင် အအိပ်ရဆုံး ဖြစ်ကြောင်း တွေ့ရသည်။

ထိုသူများသည် ဦးနှောက် စွမ်းရည်ပိုင်း အထက်ဆုံး ဖြစ်နေကြကြောင်းလည်း တွေ့ရသည်။ အထူး သဖြင့် ကျောင်းသား ကျောင်းသူများ၊ အားကစားသမားများ အနေဖြင့် စာမေးပွဲ ဖြေခါနီး၊ ပြိုင်ပွဲဝင် ရခါနီး နောက်ဆုံးညများသည် စိတ်ဖိစီးခြင်းကြောင့် အိပ်မရ ဖြစ်တတ်ရာ စံပယ်နံ့က စိတ်ဖိစီးမှု ကျကာ ၀၀ လင်လင် အိပ်ပျော်အောင် ကူပေးနိုင်လိမ့်မည်ဟု ပညာရှင်များက ဆိုသည်။

စိတ်ဓာတ် ကျနေလား။ 

ဂျပန်နိုင်ငံတွင် စိတ်ကျဝေဒနာ ခံစားနေရသူ (၁၂) ဦးကို သံပရာနံ့ ကုထုံးဖြင့် ကုသကြည့်သည်။ ထိုသူများ အနေများသည့် အခန်းများတွင် သံပရာနံ့ဖြင့် မွှေးပျံ့နေအောင် ဖန်တီးထားသည်။ သံပရာနံ့သည် ထိုသူများ ၏ ဟော်မုန်း ပမာဏကို ချိန်ညှိပေးနိုင်သလို၊ ကိုယ်ခံစွမ်းအား ကိုလည်း မြင့်တက်စေသည်။ သံပုရာနံ့ ကုထုံးဖြင့် ကုသခံရသော လူနာများသည် အခြား လူနာများနှင့်ယှဉ်လျှင် စိတ်ကျ ကာကွယ်ဆေး သောက် ရနှုန်းလည်း လျော့နည်းသွားကြောင်း တွေ့ခဲ့ရသည်။

ဆေးလိပ်ဖြတ်ချင်လား။ 


Alternative and Complementary Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသော ၂၀၁၃ ခုနှစ်က စစ်တမ်းတစ်ရပ် အရ ဆေးလိပ် ဖြတ်ချင်သူများသည် ငရုတ်ကောင်းဆီ ရူခြင်းဖြင့် ဆေးလိပ် သောက် ချင်စိတ်ကို ထိန်းနိုင်ကြောင်း သိရသည်။ ဆေးလိပ် သောက်ချင်စိတ် အလွန်အမင်း ဖြစ်လာသည်နှင့် ငရုတ်ကောင်းဆီ ရူလိုက်သည့်အခါ တပ်မက်စိတ် လျော့သွားကြောင်း တွေ့ရသည်။ ဂွမ်းစလေးမှာ ငရုတ်ကောင်းဆီ နည်းနည်းစီတို့ပြီး ရူပေးနိုင်သည်။

စွတ်စားနေမိလား။ 

အမေရိကန်မှာ လုပ်ထားသော လေ့လာမှု စစ်တမ်း တစ်ခုတွင် အ၀လွန်သူ သုံးထောင်ကို ဗိုက်ဆာ စိတ် ပေါ်လာတိုင်း ငှက်ပျောသီးနံ့ ၊ ပန်းသီးနံ့တွေ ရူခိုင်းကြည့်သည်။ ခြောက်လခန့် ရူရှိုက်လိုက်သောအခါ ထိုသူများသည် အခြားသော စားသောက်မှု ပုံစံများ သိသိသာသာ ပြင်စရာ မလိုဘဲနှင့်ပင် သိသိသာသာ ၀ိတ်ကျသွားကြကြောင်း တွေ့ရသည်။ အချို့သော အနံ့များသည် ဗိုက်ပြည့်ပြီ ဟူသော ခံစားချက် ပေါ်စေ သည့် ဟော်မုန်းများ ဦးနှောက်က ထွက်လာအောင် ဆွပေးနိုင်စွမ်း ရှိသည်။

အိပ်မက်ဆိုးတွေ မက်နေလား။ 


ဂျာမနီတွင် လုပ်ထားသော လေ့လာမှု စစ်တမ်း တစ်ရပ်အရ နှင်းဆီပန်းနံ့ မွှေးပံျ့နေသော အခန်းထဲမှာ အိပ်သော အမျိုးသမီးများသည် အိပ်မက်ချိုချိုလေးများ မက်တတ်ကြပြီး ကြက်ဥပုပ်နံ့ မွှန်နေသော အခန်းထဲမှာ အိပ်သော အမျိုးသမီးများမူကား အိပ်မက်ဆိုးတွေ ပိုမက်တတ်ကြကြောင်း တွေ့ရသည်။

အနံ့တစ်မျိုးချင်းစီသည် မှတ်ဥာဏ်ကို ပြန်ဆွပေးနိုင်စွမ်းချင်း ကွာခြားကြကြောင်း ပညာရှင်များက ပြောသည်။ ဥပမာ နှင်းဆီနံ့မျိုးသည် ပျော်ရွှင်ကြည်နူးဖွယ် အတိတ် မှတ်ဥာဏ်များကို ပြန်ဆွ ပေးနိုင်စွမ်းရှိသဖြင့် အိပ်မက်ချိုတွေ ပိုမက်တတ်ခြင်း ဖြစ်သည်ဟု ပညာရှင်များက ဆိုလိုက်သည်။

Ref: Sniff To Heal By Kelsey Kloss (rdasia.com)

The Messenger Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu