Ad Code

Responsive Advertisement

English Speaking – Job Expressions (15) by Sayar WinNaingOo

Win Naing Oo's photo.

English Speaking – Job Expressions (15)
………………………….
(1) Can I have your business card?
လူကြီးမင်းရဲ့ လုပ်ငန်းလိပ်စာကဒ်လေး ရနိုင်မလား
.
(2) Can I get your phone number and email address?
လူကြီးမင်းရဲ့ ဖုန်းနံပါတ်နဲ့ email လိပ်စာလေးများ ရနိုင်မလား
.
(3) What is the best way to contact you?
လူကြီးမင်းကို ဆက်သွယ်ဖို့ အကောင်းဆုံး နည်းလမ်းက ဘာပါလဲ
.
(4) Can I get your contact information?
လူကြီးမင်းနဲ့ ဆက်သွယ်လို့ ရမယ့် အချက်အလက်လေးတွေ ရနိုင်မလား
.
(5) Let me give you one of my business cards.
ကျနော့်ရဲ့ လုပ်ငန်းလိပ်စာကဒ်တွေထဲက တစ်ခု လူကြီးမင်းကို ပေးခွင့်ပြုပါ ( ပေးချင်တယ်)
.
(6) My contact information is on my business card. Let me give you one.
ကျနော့်ကို ဆက်သွယ်လို့ရတဲ့ အချက်အလက်တွေက လိပ်စာကဒ်ပေါ်မှာ ရှိပါတယ် ၊ လူကြီးမင်းကို တစ်ခုပေးပါရစေ..
.
(7) You can reach me by calling the number on my business card. (reach = ရောက်ရှိသည်)
လိပ်စာကဒ်ပေါ်က ဖုန်းနံပါတ်ကိုခေါ်ပြီး ကျနော်ဆီဆက်သွယ်နိုင်ပါတယ်
(.
8) My email address is on my business card.
ကျနော့် email လိပ်စာက လုပ်ငန်းလိပ်စာကဒ်ပေါ်မှာပါ
………………………….
(1) I'm busy with work.
ကျနော် အလုပ်တွေနဲ့ ရှုပ်နေပါတယ်
.
(2) Can I do this later?
ကျနော် ဒါကို နောက်မှ လုပ်လို့ ရနိုင်မလား
.
(3) Does this have to be done now?
ဒီဟာက အခုပြီးအောင် လုပ်ရမယ့်ဟာ ပါလား
.
(4) When is the deadline?
အပြီးလုပ်ရမယ့် သတ်မှတ်ကာလ ကုန်ဆုံးချိန်က ဘယ်တော့ပါလဲ
.
(5) I'm not going to have time for any other assignment until Friday.
ကျနော့်မှာ သောကြာနေ့ မတိုင်ခင်ထိ တခြားအလုပ်တာဝန်တွေ လုပ်ဖို့အတွက် အချိန်ရှိမှာ မဟုတ်ပါဘူး (ရှိပြီးသားကို အချိန်မှီပြီးအောင် လုပ်နေရလို့ ဆိုတဲ့သဘော)
.
(6) I'm pretty sure I can meet the deadline. (pretty = အတော်လေး)
တော်တော်လေးသေချာပါတယ် နောက်ဆုံး သတ်မှတ်ချိန်မတိုင်ခင်ပြီးဖို့ ကျနော် လုပ်နိုင်ပါတယ်
.
(7) If I don't get any help on this, I won't be able to complete it on time.
ဒီကိစ္စအတွက် တစ်စုံတစ်ရာ အကူအညီ မရဘူးဆိုလျင် အချိန်မှီပြီးအောင် ကျနော် လုပ်နိုင်မှာ မဟုတ်ပါဘူး
.
(8) Are you done with this report?
ခင်ဗျား ဒီအစီရင်ခံစာကို လုပ်ပြီးသွားပြီပေါ့ ဟုတ်လား
( လုပ်ပြီးသွားပြီဆိုတာသိလျင် Are you done နဲ့ မေးပါ ၊ လုပ်ပြီးမပြီး မသိလို့ မေးလျင် have you done နဲ့မေးပါ …
"Are you done" is used when asking a person if he or she has finished doing something. The thing that is being done is known.
"Have you done" is asked when the thing being done is not known, and the person is inquiring as to what the thing is.)
……………………
အပိုဘာညာ တွေ့ကရာ လွယ်အောင်မှတ်ဖို့ပါ
.
(1) Busy with ကို noun တစ်ခု နောက်ကတွဲပြီး အလွယ်သုံးလို့ရပါတယ်
(a) Busy with + (noun)
………………………………..
I am busy /with/ work.
I am busy /with/ final account.
I am busy /with/ customers. စသည်ဖြင့် ..
(b) ဘာနဲ့အလုပ်ရှုပ်တယ်ဆိုတာထက် ..ဘာအတွက်အလုပ်ရှုပ်တယ်ဆိုတာ ပြောချင်လျင်တော့.. with အစား to သုံးပါ
My manager is busy /to/ answers the customer feedbacks. (ဖြေဖို့ အလုပ်ရှုပ်တာ)
.
(2) လုပ်နေတဲ့ လုပ်ဆောင်မှုကို တိတိကျကျ ထည့်ချင်သေးလျင် busy နဲ့ with ကြားမှာ V-ing လေးထည့်ပေးလိုက်ပါ
.
Busy + (V-ing ) + with + (noun)
……………………………………
Our boss is busy / negotiating / with / potential investors. ညှိနှိင်းဆွေးနွေးနေလို့
I am really busy / writing / with / English lessons. (ရေးနေလို့ )
.
သုံးတဲ့ verb ပေါ်မှာ မူတည်ပြီး ပိုလိုက်ဖက်တဲ့ preposition အတွဲလေးရှိလျင် with က နောက်ဆုတ်ပေးလိုက်ပါ ၊ ပိုလိုက်ဖက်တဲ့သူနဲ့တွဲပြီးအဆင်ပြေသွားစေဖို့ ရင်ကွဲချင်ကွဲပါစေတော့လေ..နောက်ဆုတ်ပြီး ရှောင်ပေးလိုက်ပါနော်.
I was busy /talking/ to/ the new buyers. ( to နဲ့တွဲဖို့ အတွက် with က ဖယ်ပေးလိုက်တယ်နော်)
………………………
စိတ်ရူးပေါက်ရာ ၊ စိတ်ကူးတည့်ရာ ၊ ဆက်စပ်ရာတွေ ရေးလိုက်ပေမယ့် အလွယ်ရစေချင်တဲ့ စေတနာနဲ့ပါ..
.ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
မေတ္တာဖြင့် heart emoticon

Post a Comment

0 Comments

Close Menu