Thursday, July 16, 2015

Hope ရဲ့ အသုံး မှတ်ပါဦး by Sayar WinNaingOo

Win Naing Oo's photo.

Hope ရဲ့ အသုံး မှတ်ပါဦး
……………..
1. တစ်စုံတစ်ခုဟာ မှန်တယ် ၊ ဖြစ်လာလိမ့်မယ် ဆိုလျှင် သုံးနိုင်သလို မှန်စေချင်တယ် ဖြစ်လာစေချင်တယ် ဆိုလျှင်လည်း သုံးနိုင်ပါတယ် (If you hope that something is true or will happen, you want it to be true or to happen.)
.
We hope (that) you are well.
ခင်ဗျားနေကောင်းကျန်းမာ တာကို ကျနော်တို့ မျှော်လင့်ပါတယ်
(သူနေကောင်းတယ် ..ဆိုတဲ့အချက်ကို ဖြစ်လာစေချင်တာပဲ မဟုတ်လား)
…………………………………………….
2. 'I hope'
…………..
တစ်စုံတစ်ယောက်အတွက် သာယာတဲ့အချိန်ကာလတစ်ခု ပိုင်ဆိုင်စေဖို့ ကျနော်တို့ရဲ့ ဆန္ဒကိုဖေါ်ပြချင်တဲ့အခါ မကြာခဏသုံးပါတယ် ၊ hope ရဲ့နောက်မှာ future form ဖြစ်စေ present simple ဖြစ်စေ တစ်ခုမဟုတ်တစ်ခု သုံးနိုင်ပါတယ် (We often use I hope to express a wish that someone will have a pleasant time.
After hope we can use either the future form or the present simple.)
(ပုံစံ နှစ်မျိုးတွေ့တဲ့အခါ ဘယ်ဟာက အမှန်လဲ စဉ်းစားနေရမှာစိုးလို့ သိစေချင်တာ)
.
I hope you'll enjoy your stay in Myanmar. (future)
မြန်မာနိုင်ငံမှာနေထိုင်လည်ပတ်ရတဲ့အတွက် ခင်ဗျားပျော်ရွှင်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
.
I hope you get well soon. (present)
ခင်ဗျား မကြာခင် ပြန်လည်ကျန်းမာလာဖို့ ကျနော် ဆန္ဒပြုပါတယ်
….
(2.b) တစ်ယောက်ယောက်က မလုပ်ချင်တဲ့ကိစ္စတစ်ခုခုကို လုပ်အောင် သတိပေးချင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ် (If you say to someone that you hope they are going to do something, you are usually asking or reminding them to do something that they may not want to do.)
.
I hope you're going to clean up this mess.
ဒီအရှုပ်ထုပ်ကြီးကို ခင်ဗျား ရှင်းတော့မယ်လို့ ကျနော်မျှော်လင့်မိပါတယ်
(ရှင်းပေးစေချင်တာ)
……………………………………
3. 'I hope so'
……………….
တစ်စုံတစ်ယောက်ရဲ့ ဆန္ဒကို ကျနော်တို့ကလည်း ထပ်တူပါပဲလို့ သံယောင်လိုက်ပြီး ပြောချင်တဲ့အခါ I hope so. ကိုသုံးနိုင်ပါတယ် (If someone says that something is true or will happen, or asks you whether something is true or will happen, you can express your wish that it is true or will happen by saying I hope so.)
.
'I will see you in the Monastery.' – 'I hope so.'
ခင်ဗျားနဲ့ ဘုန်းကြီးကျောင်းမှာ တွေ့မယ်နော် - ကျနော်လည်း အဲလိုပဲ ဆန္ဒရှိပါတယ်
.
'You'll be home at six?' – 'I hope so.'
အိမ်ကို ခြောက်နာရီမှာ ရောက်အောက်ပြန်ခဲ့ပါ .. ကျနော်လည်း အဲလိုပဲ စိတ်ကူးထားပါတယ်
..
Be Careful! (သတိထားပါ)
Don't say (ဒီလိုမပြောပါနဲ့) … 'I hope it'.
………………
4. 'I hope not'
……………
ငြင်းဆိုဖို့အတွက် I hope not. ကိုသုံးပါ ။ (Similarly, you can express your wish that something is not true or will not happen by saying I hope not.)
.
'You haven't lost the ticket, have you?'
ခင်ဗျားရဲ့ လက်မှတ် ပျောက်မသွားဘူးနော် ပျောက်သွားပြီလား
'I hope not.'
အဲလို မဖြစ်ဘူးလို့ မျှော်လင့်တာပဲ
.....
Be Careful! သတိထားပါ
Don't say (ဒီလိုမပြောပါနဲ့) ….'I don't hope so'.

ကျန်တဲ့ သုံးစွဲပုံတွေကို အဘိဓါန်မှာ ကြည့်ပါ ၊ လေ့လာသူတစ်ယောက်က ကျနော့်ကို မေးတဲ့အတွက် ဖြေပေးရာကနေ သတိထားဖွယ်ရာလေးတွေကို အများသိစေဖို့အတွက် တိုးချဲ့ ရေးသားပြီး မျှဝေလိုက်ခြင်းဖြစ်ပါတယ် ။ သုံးစွဲပုံရှင်းလင်းချက်များဟာ thefreedictionary မှယူထားခြင်းဖြစ်ပါတယ် ..
နောက်ထပ်သတိထားမိစေချင်တာ ရှိပါသေးတယ် ။ သတိထားရမယ့် အမှားပုံစံတွေဟာ grammar အရ မှန်ပေမယ့်လို့ usage သုံးစွဲမှုမရှိလို့ မသုံးပါနဲ့လို့ ပြောထားတာဖြစ်ပါတယ် ၊ grammar အရ မှန်တယ်ဆိုသော်လည်း သုံးစွဲတဲ့ပုံစံမရှိလျှင် မသုံးရပါဘူး ၊ grammar အရ မမှန်သော်လည်း အသုံးတွင်ကျယ်လို့ သုံးနေတဲ့ Usage တွေကတော့ ရှိပါတယ် ။ usage သည် grammar ကို အမြဲံအနိုင်ယူလေ့ရှိတယ်လို့သာ မှတ်လိုက်ပါ ..
.
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment