ဒီတစ်ခေါက် iOS 8.4 ထွက်ရှိလာတာကတော့ တော်တော်လေးကိုမြန်တယ်လို့ဆိုရမှာပါပဲ။ iOS 8.4 ကို Official Released လုပ်ပြီး နာရီပိုင်းအတွင်းမှာတင် Jailbreak Tool ပါထွက်ရှိလာတာပါ။ iOS 8.4 ကို Jailbreak လုပ်နိုင်တဲ့ Jailbreak Tool ကို PP လို့ခေါ်တဲ့ Chinese iOS Hacker Team ကနေထုတ်ပေးလိုက်တာဖြစ်ပါတယ်။ PP Jailbreak Tool ဖြင့် Jailbreak လုပ်ဖို့ကတော့ ခက်ခက်ခဲခဲမဟုတ်သော်လည်း ယခင် iOS 8.3 ကို Jailbreak လုပ်နိုင်တဲ့ Jailbreak Tool လောက်မရိုးရှင်းတဲ့အတွက် Users တွေအနေနဲ့ မိမိတို့ရဲ့ iOS 8.4 Device တွေကိုအလွယ်တကူ Jailbreak ပြုလုပ်နိုင်ဖို့ iOS 8.4 ကို PP Jailbreak ဖြင့် Jailbreak ပြုလုပ်နည်း ကို Myanmar Mobile App Store မှတင်ဆက်ပေးလိုက်ရပါတယ်။
Jailbreak မလုပ်ခင် သင့်ရဲ့iPhone/pad/Pod touch နဲ့ ကွန်ပျူတာမှာလုပ်ထားရမယ့်အချက်တွေကတော့
iOS 8.4 Jailbreak ပြုလုပ်လိုတဲ့ သင့်ရဲ့ iPhone/Pad/Pod touch မှာ Find My iPhone ကို off ထားပါ။ Airplane mode ကို on ထားပါ။ passcode ကို off ထားပါ။ ပြီးလျှင် iPhone/Pad/Pod touch နဲ့ ကွန်ပျူတာကို USB Cable ဖြင့်ချိတ်ဆက်ထားပါ။
ကွန်ပျူတာမှာဆိုရင် iTunes ဆော့ဝဲကိုဖွင့်ထားပါ။ သင့်ရဲ့ iDevice ချိတ်ဆက်ထားကြောင်းကို ကွန်ပျူတာက iTunes မှာပေါ်နေပါစေ။
အရင်ဆုံး PP Jailbreak Tool ကို အောက်က link ကနေရယူပါ။
Download ရယူထားတဲ့ PP Jailbreak Tool ကိုဖွင့်ပါ။ အပြာရောင်ခလုတ်လေးကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


အောက်ပုံထဲကလို အပြာရောင်အမှန်ခြစ်သင်္ကေတလေးနဲ့ပေါ်လာပြီဆိုရင် အပြာရောင်ခလုတ်လေးကိုထပ်နှိပ်ပါ။


ဒီတစ်ခါမှ Jailbreak လုပ်ရမယ့် Tool ဆီကိုရောက်လာပါပြီ။ အောက်ပုံထဲမှာပြထားတဲ့အတိုင်း အစိမ်းရောင်ခလုတ်လေးကိုနှိပ်ပါ။


အောက်ပုံထဲကအတိုင်း အမှန်ခြစ်လေးကိုဖြုတ်ပါ။


ပြီးရင် အောက်ပုံထဲမှာပြထားတဲ့အတိုင်း Jailbreak လုပ်ရန် ခလုတ်ကိုနှိပ်ပါ။


ခလုတ် ၂ ခုပါတဲ့အထဲကမှ ညာဘက်က ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


စတင်ပြီး Jailbreak လုပ်နေပါပြီ။


ဖုန်းမှာလည်း Restore in Progress လို့ပေါ်လာပါလိမ့်မယ်။


ခဏအကြာမှာ ဖုန်းမှာ Reboot ကျသွားပါမယ်။


ကွန်ပျူတာပေါ်က PP Jailbreak Tool မှာလည်း Jailbreak လုပ်တာအောင်မြင်ကြောင်း Message ပေါ်လာပါမည်။


ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ ဖုန်းထဲကိုဝင်ကြည့်လိုက်ပါ။ Jailbreak အောင်မြင်ခြင်းရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်သော Cydia app ကိုတွေ့မြင်နေရပြီဖြစ်ပါတယ်။


ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 8.4 တင်ထားတဲ့ iDevice ကိုအောင်မြင်စွာ Jailbreak ပြုလုပ်ခဲ့ပြီးပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)
အဆင်ပြေကြပါစေကျိုက္ခမီသားလင်းနိုင်ဦးhttp://linnaingookkm.blogspot.com/
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji