Ad Code

Responsive Advertisement

iOS 8.4 ကို TaiG 2.2.0 Jailbreak Tool ဖြင့် Jailbreak ပြုလုပ်နည်း

iOS 8.4 ထွက်ရှိလာပြီးမကြာခင်မှာပဲ iOS 8.4 ကို Jailbreak လုပ်နိုင်တဲ့ Jailbreak Tool နှစ်ခု ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်းထွက်ရှိလာပါတယ်။ ယခုတင်ဆက်ပေးမှာကတော့ iOS 8.4 ကို TaiG 2.2.0 Jailbreak Tool ဖြင့် Jailbreak ပြုလုပ်နည်းပဲဖြစ်ပါတယ်။
Jailbreak မလုပ်ခင် သင့်ရဲ့iPhone/pad/Pod touch နဲ့ ကွန်ပျူတာမှာလုပ်ထားရမယ့်အချက်တွေကတော့
အရင်ဆုံး TaiG v2.2.0 Jailbreak Tool ကို အောက်က link ကနေရယူပါ။
ဖုန်းရဲ့ Setting ထဲမှ Passcode ထဲသို့ဝင်ပြီး Passcode ကို off ထားပါ။
ဖုန်းရဲ့ Setting ထဲမှ iCloud > Find My iPhone ထဲသို့ဝင်ပြီး Turn Off လုပ်ထားပါ။
ဖုန်းမှာ Wifi On ထားလျှင်လည်း Off ထားပါ။
ဖုန်းနဲ့ကွန်ပျူတာနဲ့ကို ချိတ်ဆက်ထားပါ။
Download ရယူထားသော TaiG Jailbreak Tool ကိုဖွင့်ပါ။ ပြီးလျှင် Start ခလုတ်ကိုနှိပ်ပါ။



သင့်ရဲ့ iOS 8.3 တင်ထားသော iOS Device ကို Jailbreak စတင်ပြုလုပ်ပါလိမ့်မည်။

 
Jailbreak ပြုလုပ်ပြီးပါက ဖုန်းသည် auto reboot ကျသွားမည်ဖြစ်သည်။ ဒါ့အပြင် Jailbreak Succeed ဟူသော message ကို TaiG Jailbreak Tool တွင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဖုန်းကပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင် Cydia icon ကိုလည်း iDevice တွင်တွေ့မြင်ရမည်ဖြစ်ပါသည်။ ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 8.4 တင်ထားသော iDevice ကိုအောင်မြင်စွာ Jailbreak လုပ်ပြီးပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး

ဝင်းလှိုင်(နည်းပညာ) မှ ပြန်လည်ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu