Ad Code

Responsive Advertisement

50 Common Grammar Mistakes in English (9)



Win Naing Oo's photo.

50 Common Grammar Mistakes in English (9)
............................................
အင်္ဂလိပ်စာကြောင်းတွေကို များများဖတ်ဖူးတယ်ဆိုလျှင် grammar ကိုတောင် စဉ်းစားဖို့ မလိုဘဲ တန်းပြီး သိနိုင်တာလေးတွေပါ ၊ ခက်တာကို ရှင်းပြလို့ကောင်းပါတယ် ၊ လွယ်တာကျတော့ ဘာကိုရှင်းရမလဲ ဆိုတာကိုပဲ တော်တော် စဉ်းစားလိုက်ရပါတယ် ၊ ရှင်းပြီးတော့လည်း အူလည်ချာပတ် ဖြစ်နေလို့ စိတ်ရှည်ရှည်ဖတ်ပေးကြမှ ရလိမ့်မယ်ထင်ပါရဲ့
..
(41)
Wrong : I came Australia to study English.
Right : I came to Australia to study English.
ကျနော် အင်္ဂလိပ်စာလေ့လာဖို့ သြစတေးလျကို လာခဲ့ပါတယ်
.
I came.. ဆိုပြီး Sub နဲ့ verb ရှိရာမှာ came ဟာ ရွေ့လျှားမှုပြတဲ့ကြိယာဖြစ်တယ် ၊ သူ့နောက်မှာ place ဖြစ်တဲ့ Australia ဆိုတာရှိတယ် ၊ ရွှေ့လျှားမှုဟာ နေရာနဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ပြဖို့ proposition of direction တစ်ခုခု ထည့်ပေးရပါမယ် ၊ preposition ရဲ့ အလုပ်ကိုက ဆက်စပ်ပေးရတာ ဖြစ်ပါတယ် ။ ဒီနေရာမှာ to Australia ကို ယူဆပုံ အမျိုးမျိုးရှိနေပါတယ် ..
.
~ တချို့ဆရာတွေက directional adverb လို့သတ်မှတ်ပါတယ် ၊ အဲဒီတော့
S + V + (O) + D, M, P, T, R ( Direction, Manner, Place, Time, Reason or purpose)ဆိုပြီး စဉ်ပါတယ်
ရွေ့လျားမှုပြကြိယာ verb of movement တွေနောက်မှာ direction adv တွေ ကပ်လိုက်ရပါတယ် ၊ ရွေ့လျားမှုကြိယာတွေကို အောက်နားမှာကြည့်ပါ ..
.
~ တချို့ဆရာတွေကတော့ သူ့ကို complement (ဖြည့်ပုဒ်) အဖြစ်သတ်မှတ်ပါတယ်
သူက S + V+ (O) + Complement + M,P,T, R ဖြစ်သွားပါတယ်
I came ..ကျနော်လာခဲ့တယ်ဆိုတော့ ဘယ်ကိုလာခဲ့တယ်ဆိုတာ ဖြည့်ပေးရပါတော့မယ် အဲဒါကြောင့် to Australia ကို ဖြည့်လိုက်ရတာပါ ။
.
complement (ဖြည့်ပုဒ်) နဲ့ Adverb (ကြိယာဝိသေသန) ရဲ့ ကွာခြားချက်က complement ဟာ ၀ါကျရဲ့ပင်မအူတိုင် (core sentence) မှာပါပြီး ဖြုတ်လို့မရပါဘူး ၊ Adverb ကတော့ အချက်အလက်အားဖြင့် အပိုဖြည့်စွက်ချက်သာ ဖြစ်ပါတယ် မပါလျှင်လည်း ပင်မ၀ါကျက အဓိပ္ပါယ်ရှိနေဆဲပါပဲ ။ အကယ်၍ adverb ကို ဖြုတ်ကြည့်လို့ အဓိပ္ပါယ်ပျက်သွားလျှင် အဲဒါ complement အဖြစ် လုပ်ဆောင်လို့ပါပဲ ..ဥပမာ I go there. မှာ there ကို ဖြုတ်ကြည့်လို့ I go. ပဲ ဖြစ်သွားလျှင် အဓိပ္ပါယ် မရှိတော့ပါဘူး အဲဒါမျိုးဆို there ကို adv လို့ ယူဆတာထက် complement အဖြစ် ယူဆတာက ပိုသင့်တော်တယ်လို့ ဆိုပါတယ် ။
.
အခုတော့ မူလ၀ါကျကို ဆန်းစစ်ကြည့်ရအောင် ..
I came to study English.
..to Australia ကို ဖြုတ်ကြည့်တဲ့အခါ ၀ါကျက မပြည့်စုံပါဘူး
.
I came to Australia.
.. to study English ကို ဖြုတ်ကြည့်တဲ့အခါ ပြည့်စုံတဲ့ဝါကျဖြစ်ပါတယ်
.
မြန်မာတွေက ကျနော်လာတယ်ဆိုလျှင် ကျနော် ဒီကိုလာတယ်လို့ ဖြည့်ပြီး အလိုလိုနားလည်နေတဲ့အတွက် come မှာ သိပ်မပေါ်လွင်ပါဘူး ၊ go နဲ့ စဉ်းစားကြည့်ပါဦးလား
I go /to school / to learn.
I go to learn. ၀ါကျမပြည့်စုံဘူး (ကျနော်သင်ယူဖို့သွားတယ်..တဲ့ စကားက အရင်းအဖျားမရှိ အူတူတူနဲ့လို့ ထင်စရာပဲ)
I go to school. ၀ါကျပြည့်စုံတယ် (to school သည် complement)
..
ရွှေ့လျှားမှုပြကြိယာလေးတွေနဲ့ ဦးတည်ရာပြ ၀ိဘတ်လေးတွေကို နမူနာ ကြည့်လိုက်ပါ
Verbs of movement: move, go, transfer, walk,run, swim, ride, drive, fly, travel, jump
..
Prepositions of direction tell you where to go. Some examples are to, on, onto, in, and into, across, around, away from, back to, through, towards..
.............................................
(42)
Wrong : It is more hot now.
Right : It’s hotter now.
အခု (အရင်ကထက်) ပိုပြီးပူတယ်
.
hot, hotter, hottest လောက်ကိုသိလျှင် ရပါပြီ ၊ မသိလျှင် လေ့လာပါ ။
.......................................................
(43)
Wrong : You can give me an information?
Right : Can you give me some information?
ကျနော့်ကို သတင်း အချက်အလက် နည်းနည်းပေးပါလား
.
information က ရေတွက်မရနာမ်ဖြစ်လို့ an information, informationS စသည်ဖြင့်သုံးလို့မရပါဘူး ၊ some information, a piece of information, much information ..စသည်ဖြင့် ရေတွက်မရနာမ်အတွက် သင့်တော်ရာတွဲဖက်ပြီး သုံးနိုင်ပါတယ်
...............................................
(44)
Wrong : They cooked the dinner themself.
Right : They cooked the dinner themselves.
သူတို့ဟာညစာကို သူတို့ကိုယ်တိုင် ချက်ပြုတ်ခဲ့ကြပါတယ်
.
ဒီအတိုင်းလေးပါပဲ
Singular : myself , yourself (သင်ကိုယ်တိုင်) , himself , herself , itself
Plural : ourselves , yourselves (သင်တို့ကိုယ်တိုင်) , themselves
..................................................................
(45)
Wrong : Me and Johnny live here.
Right : Johnny and I live here.
ဂျော်နီနဲ့ကျနော် ဒီမှာနေထိုင်ပါတယ်
.
ဒါမျိုး and နဲ့ ဆက်ထားတဲ့ဝါကျတွေမှာ နာမ်စားတွေကို မှန်ရဲ့လားသံသယဖြစ်နေလျှင် စာကြောင်းခွဲကြည့်ပါ
.
ပထမ၀ါကျကိုခွဲကြည့်ပါ Me lives here and Jonny lives here. လို့ရမယ် Subject နေရာရောက်နေတဲ့ Me ဟာ Object pronoun ဖြစ်နေလို့ မှားပါတယ်.
.
ဒုတိယ၀ါကျကတော့ Jonny lives here and I live here. လို့ဖြစ်ပြီး
(၁) Subject နေရာမှာရှိတဲ့ I ဟာ Subject pronoun ဖြစ်တဲ့အတွက် မှန်ပါတယ် ။
.
(၂) နောက်တစ်ချက်က နာမည်တွေဖြစ်တဲ့ ကိုယ်ပိုင်နာမ် proper noun တွေနဲ့ပဲဖြစ်ဖြစ်
နာမ်စား pronoun တွေနဲ့ပဲ ဖြစ်ဖြစ် ၀ါကျကိုဆက်တဲ့အခါ I ကို နောက်မှာပဲ ထားလေ့ရှိပါတယ်
Jonny and I ...လို့သုံးတယ် ၊ I and Jonny လို့ သုံးလေ့မရှိပါဘူး
He and I လို့သုံးမယ် ၊ I and he လို့ သုံးလေ့မရှိပါ..
.
ဒီထက် နားလည်ဖို့လွယ်တဲ့နည်းလေးတွေ..တွေးမိလျှင် မျှပေးခဲ့ပါနော်
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာ ၀င်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu