" Adverb + Participle = Adjective " Date : 01.08.2015
ပုံစံ နှစ်မျိုးရှိပါတယ်...။
(a) " Adverb + Present participle = Adjective "
Present participle ရှေ့မှာ Adverb ထားပြီးသုံးနိုင်ပါတယ်..။ ဒီပုံစံမှာ hyphen မပါဘဲသုံးလေ့ရှိပါတယ်။
1. A beautifully dancing girl = လှပစွာ ကနေတဲ့ ကောင်မလေး
2. A sweetly smiling actress =ချိုသာစွာပြုံးနေတဲ့ မင်းသမီး
3. An attractively teaching teacher = စိတ်ဝင်စားအောင် သင်နေတဲ့ဆရာ
4. A soundly sleeping baby = နှစ်ခြိုက်စွာ အိပ်နေတဲ့ကလေး
5. A frankly speaking girl =ပွင့်လင်းစွာ စကားပြောတတ်တဲ့ ကောင်မလေး
ရှေ့မှာရှိတဲ့ ly ending adverbs တွေဟာ နောက်မှာရှိတဲ့ Adjective တွေကို အထူးပြုပါတယ်..။
နေက်ဆုံးက Nouns တွေကို ကိုယ်စားပြုတာ မဟုတ်ပါဘူး..။
နေက်ဆုံးက Nouns တွေကို ကိုယ်စားပြုတာ မဟုတ်ပါဘူး..။
(b) " Adverb + Past participle = Adjective "
Adjective နောက်မှာ Past participle တွဲ၍ သုံးပါတယ်။ hyphen နဲ့လည်း တွဲသုံးပါတယ်။ စာရေးတဲ့အခါမှာလည်း သိပ်ပြီးအသုံးဝင်ပါတယ်..။
6. well trained students = ကောင်းကောင်း လေ့ကျင့်ထားတဲ့ ကျောင်းသားတွေ
7. a newly -born baby = မွေးကင်းစ ကလေးငယ်
8. recently -married couple = မကြာသေးခင်က လက်ထပ်ထားတဲ့ စုံတွဲ
9. a well - known teacher = နာမည်ကြီးတဲ့ ဆရာ
10. much-travelled tourists = ခရီးများများသွားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ
11. unusually - dressed woman = ထူးထူးခြားခြားဝတ်ထားတဲ့ အမျိုးသမီး
12. a fully-grown boy = အရွယ်ရောက်နေတဲ့ ကောင်လေး
ဒီပုံစံမှာ hyphen (-) မပါဘဲ ခွဲရေးထားတာလည်း ရှိတယ်။ အထူးသဖြင့် ly - ending adverbs တွေပါ ။ Dictionary ထဲမှာ အသေတွဲပေးထားတဲ့ စကားလုံးဆိုရင်တော့ ဒီအတိုင်းပဲ သုံးပါ။
13. an easily broken cup = အလွယ်တကူ ကွဲနိုင်တဲ့ခွက်
14. a beautiful painted house = လှပစွာ ဆေးသုတ်ထားတဲ့ အိမ်
15. a neatly cleaned kitchen = သပ်ရပ်သန့်ရှင်းထားတဲ့ မီးဖိုချောင်
16. a poorly lighted hut = မီးမှိန်မှိန်ထွန်းထားတဲ့ တဲကလေး
17. a slowly fried vegetables = မီးအရှိန်လေးနဲ့ ကြော်ထားတဲ့ အသီးအရွက်
18. a fiercely fighting battle = ပြင်းထန်စွာတိုက်တဲ့စစ်ပွဲ
19. swiftly flying birds = လျင်မြန်စွာ ပျံနေတဲ့ ငှက်
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji