Ad Code

Responsive Advertisement

English Speaking Basics (21) အင်္ဂလိပ်စကားပြော အခြေခံများ (၂၁)



Win Naing Oo's photo.

English Speaking Basics (21) အင်္ဂလိပ်စကားပြော အခြေခံများ (၂၁)
………………………………………..
တစ်ခုခုကိုလုပ်ခွင့်ပြုဖို့ ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းလိုတဲ့အခါ သုံးတဲ့ပုံစံလေး ဖြစ်ပါတယ် ၊ အသုံးလည်းများတယ် ၊ လွယ်လည်းလွယ်ကူတယ် ၊ ယဉ်လည်းယဉ်ကျေးတယ် .. ကဲဘာလိုသေးလဲ ၊ ဘာမှမလိုတော့ဘူး မှတ်မိဖို့နဲ့ ပြန်သုံးတတ်ဖို့ပဲလိုတော့တာပေါ့..
……………………….
LET ME + (VERB)
…………………………
'Let me' is suggesting that you are asking for permission or an opportunity to do something.
Let ဟာ ခွင့်ပြုတယ်.. ဆိုတဲ့ အဓိပ္ပါယ်ရယ် ၊ ..စေတယ် ဆိုတဲ့အဓိပ္ပါယ်ရယ် နှစ်မျိုးက အသုံးများပါတယ် ၊ အခုဒီပုံစံမှာက Let me ဆိုတော့ .. “ကျနော့်ကို ခွင့်ပြုပါ” လို့ ဆိုလိုပါတယ်..
.
1. Let me help you.
ကျနော် ခင်ဗျားကို ကူညီခွင့်ပြုပါ
.
2. Let me help you with your baggage.
ကျနော် ခင်ဗျားရဲ့ အထုပ်အပိုးကို ကူသယ်ခွင့်ပြုပါ
( ကူညီတဲ့ နည်းလမ်းကို မထည့်ပဲနဲ့ ဘာကို ကူညီမှာလဲဆိုတာကို with နဲ့ တွဲပြီး ထည့်လိုက်တာကို မှတ်သားပါ ၊ သယ်မယ် ထမ်းမယ် ဆွဲမယ် စသည်ဖြင့် ဘာလုပ်မယ်ဆိုတာ မပါလည်းပဲ သုံးလို့ရပါတယ် ၊ Help (somebody) with (something) ပုံစံကို မှတ်သားလိုက်ပါ )
.
3. Let me help you with the bill. (bill = ငွေတောင်းခံလွှာ)
ကျနော် ခင်ဗျားကို ငွေရှင်းပြီး ကူညီခွင့်ပြုပါ
.
4. Let me help you with the rules of English grammar. (rule = စည်းမျဉ်း စည်းကမ်း)
ကျနော် ခင်ဗျားကို သဒ္ဒါစည်းမျဉ်းတွေ ရှင်းပြပြီး ကူညီခွင့်ပြုပါ
.
5. Let me show you to your room.
ကျနော် ခင်ဗျားရဲ့ အခန်းဆီကို လိုက်ပြခွင့်ပြုပါ
.
6. Let me introduce myself.
ကျနော့်ကိုယ်ကျနော် မိတ်ဆက်ခွင့်ပြုပါ
.
7. Let me introduce my parents to you.
ခင်ဗျားကို ကျနော့်မိဘများနဲ့ မိတ်ဆက်ပေးခွင့်ပြုပါ
.
8. Let me make my own decisions.
ကျနော့် ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို ချခွင့်ပြုပါ
.
9. Let me hear your frank opinion. ( frank = ပွင့်လင်းသော ၊ opinion = ထင်မြင်ချက်)
ခင်ဗျားရဲ့ ပွင့်လင်းတဲ့ ထင်မြင်ယူဆချက်တွေကို ကြားပါရစေ
.
10 . Let me open the door for you.
ခင်ဗျားအတွက် တံခါးဖွင့်ပေးပါရစေ
.
11. Let me pause and think about what we are doing. (pause = ခေတ္တရပ်ဆိုင်းသည်)
ကျနော်တို့ ဘာလုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ ခေတ္တရပ်နားပြီး စဉ်းစားခွင့်ပြုပါ
.
12. Let me try and fix your car. ( try = လုပ်ကြည့်သည် ၊ fix = ပြုပြင်သည်)
ခင်ဗျားရဲ့ကားကို ပြင်ဆင်ကြည့်ခွင့်ပြုပါ
.
13. Let me taste the soup before you add more spices.
( taste=မြည်းသည် ၊ soup = စွပ်ပြုပ် ၊ spice = ဟင်းခတ်အမွှေးအကြိုင်)
ဟင်းခတ်အမွှေးအကြိုင်တွေ မထည့်ခင်မှာ စွပ်ပြုပ်ကို မြည်းကြည့်ခွင့်ပြုပါ
.
14. Let me read the newspaper if you've finished with it.
ခင်ဗျားဖတ်ပြီးလို့ရှိလျင် သတင်းစာကို ကျနော်ဖတ်ခွင့်ပြုပါ (သူက လောလောဆယ် ဖတ်နေတာမဟုတ်ပါ)
.
15. Let me read the paper when you have finished with it.
ခင်ဗျားဖတ်ပြီးတဲ့အချိန်မှာ သတင်းစာကို ကျနော်ဖတ်ခွင့်ပြုပါ ( သူက လောလောဆယ် ဖတ်နေတယ်)
………………..
Let’s နဲ့ မရောထွေးပါစေနဲ့ ၊ Let’s က Let us ရဲ့ အတိုကောက် ဖြစ်ပြီးတော့ “ ကြပါစို့” လို့ အဓိပ္ပါယ်ယူလို့ရမယ်
.
Let’s go. သွားကြပါစို့
Let’s go by taxi. အငှားကားနဲ့ သွားကြပါစို့
Let’s go to Chaung Tha. ချောင်းသာကိုသွားကြပါစို့
Let’s face it. ရင်ဆိုင်ကြပါစို့
Let’s call it a day. ဒီနေတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ကြပါစို့ .. စသည်ဖြင့် သုံးနိုင်ပါတယ်
………………
ကဲဒီလောက်ဆိုမလွဲလောက်တော့ပါဘူးနော် ၊ ဟုတ်တယ်မို့လား..
.
မေတ္တာဖြင့် heart emoticon
ဆရာ ၀င်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာ ၀င်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu