Ad Code

Responsive Advertisement

iOS 8.3 ကို Jailbreak ပြုလုပ်ခြင်း

iOS 8.3 အတွက် Jailbreak ထွက်ပေါ်လာပြီဖြစ်ပါတယ်။ iOS 8.3 ကို Jailbreak ပြုလုပ်ဖို့အတွက် TaiG v2.0 ကို အသုံးပြုရမှာဖြစ်ပါတယ်။ iOS 8.3 အတွက် Jailbreak ဟာ Windows Operating System အတွက်သာ ထွက်ရှိသေးမှာဖြစ်ပါတယ်။ iOS 8.3 ကို Jailbreak ပြုလုပ်ဖို့အတွက် TaiG v2.0 ကို ဒီနေရာမှာ download ပြုလုပ်ပါ။
iOS 8.3 ကို Jailbreak ပြုလုပ်မယ်ဆိုရင် အရေးအကြီးဆုံးကတော့ လက်ရှိ အသုံးပြုနေတဲ့ iTunes ကို အဆင့်နိမ့်ပေးထားရမှာဖြစ်ပါတယ်။ iTunes Version ဗားရှင်းအနိမ့်ကို ရယူရန်အတွက် အောက်ဖော်ပြပါ Download Link တွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။ 32 bit iTunes အတွက် ဒီနေရာကို နှိပ်ပါ။ 64 bit iTunes အတွက် ဒီနေရာကို နှိပ်ပါ။
iTunes Version အနိမ့်ကို အသုံးပြုခိုင်းရခြင်းကတော့ iTunes အမြင့်ကိုအသုံးပြီး Jailbreak ပြုလုပ်မယ်ဆိုရင် Windows PC မှာ Progress က 20% ကနေ ဆက်မသွားဘဲ Error ဖြစ်နိုင်တာကြောင့် iTunes Version အနိမ့်ကို အသုံးပြုရခြင်းဖြစ်ပါတယ်။
- TaiG v2.0 နဲ့ iTunes Version အနိမ့်ကို Download ပြုလုပ်ပြီးပြီဆိုရင် iOS Device ရဲ့ Find My iPhone နဲ့ Passcode တို့ကို Disable ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ပြီးသွားရင် ကွန်ပျူတာနဲ့ Jailbreak ပြုလုပ်မယ့် Device ကို ချိတ်ဆက်လိုက်ပါ။
- နောက်တစ်ဆင့်ကတော့ TaiG v2.0 ကို Run ပြီး Device ကို Detect သိအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။
- TaiG v2.0 ကို Run တဲ့အခါမှာ 3K assistant ကို အမှန် ခြစ်ဖြုတ်ပြီး Cydia နေရာမှာတော့ အမှန်ခြစ် ပြုလုပ်ထားရမှာဖြစ်ပါတယ်။
- ဒီအဆင့်တွေ ပြီးသွားရင် Start ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Jailbreak လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ စောင့်ပေးရမှာဖြစ်ပါ တယ်။ အကယ်၍ ဒီနေရာမှ Jailbreak ပြုလုပ်တဲ့ Device ဟာ Stroage Full Error လို့ပြရင် ကျော်သွားလိုက်ပါ။
Jailbreak ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားတာနဲ့ Cydia icon ကို device ရဲ့ Home Screen မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် iOS 8.3 ကို Jailbreak ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။
Ref : iDownloadblog
http://internetjournal.media/မှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu