Ad Code

Responsive Advertisement

English Speaking Basics (29) အင်္ဂလိပ်စကားပြောအခြေခံများ (၂၉)


Win Naing Oo's photo.
……………………………………….
ဒီတစ်ခါမှာတော့ တစ်ယောက်ယောက်က တစ်ခုခုလုပ်မှာကို လုပ်လျင်လည်း အပိုပဲ ၊ လုပ်ဖို့ရာ အကြောင်းမရှိဘူး ၊ အလကားဖြစ်မှာပဲ .. ဆိုတဲ့ အဓိပ္ပါယ်နဲ့ အကြံပေးချင်တဲ့အခါ (သို့) မှတ်ချက် ပေးချင်တဲ့အခါ ဒီပုံစံ လွယ်လွယ်လေးကို သုံးလိုက်ပါ
.
IT'S NO USE + (VERB-ING)
………………………………………
By stating 'it's no use' you are saying that what you or someone else is doing is not recommended.
It is no use = It is pointless to do something, not useful,
.
1. It's no use crying for him.
သူ့အတွက် ငိုနေတာကတော့ အပိုပါပဲ
2. It’s no use trying, it won’t work.
ကြိုးစားလုပ်ကြည့်နေတာက အလကားပါပဲ ၊ အဲဒါက အလုပ်လုပ်မှာ မဟုတ်ဘူး (ကောင်းလာမှာ မဟုတ်ဘူး)
3. It’s no use waiting for him.
သူကို စောင့်နေဖို့ အကြောင်းမရှိပါဘူး
4. It's no use talking to her.
သူမကို ပြောနေလည်း အလဟဿပါပဲ
(အလဟဿ = အလကားဖြစ်)
5. It's no use apologizing to him.
သူ့ကို တောင်းပန်နေဖို့ အကြောင်းမရှိပါဘူး
6. It's no use attempting to please him.
သူကျေနပ်အောင် ကြိုးစာနေလည်း အချီးနှီးပါပဲ
( အချီးနှီး = အကျိုးမဲ့ ၊ ဘာမှဖြစ်မလာ )
7. It's no use arguing about it.
အဲဒါနဲ့ ပတ်သက်လို့ ငြင်းခုန်နေလည်း အကျိုးမရှိပါဘူး
8. It's no use behaving that way.
အဲသလိုနည်းနဲ့ ပြုမူနေဖို့ အကြောင်းမရှိပါဘူး
9. It is no use asking me for money.
ကျနော့်ဆီက ပိုက်ဆံတောင်းနေဖို့ အကြောင်းမရှိပါဘူး (ပေးမှာမဟုတ်လို့)
10. It's no use asking him for help.
သူဆီက အကူအညီတောင်းနေဖို့ အကြောင်းမရှိပါဘူး
( ask = မေးသည် ၊ ask for = တောင်းသည် … ခွဲမှတ်ပါ )
11. It’s no use asking me about it because I don’t know anything.
အဲဒါနဲ့ ပတ်သက်လို့ ကျနော့်ကို မေးနေလည်း အပိုပဲ ၊ ဘာကြောင့်လဲဆို ကျနော်က ဘယ်တစ်ခုကိုမှ မသိပါဘူး
12. It's no use trying to call on the telephone. The line is always busy.
တယ်လီဖုန်းကနေ ခေါ်ဖို့ ကြိုးစားနေတာ အလကားပဲ ၊ ဖုန်းလိုင်းက အမြဲတန်း မအားပဲ ဖြစ်နေတာ
13. It’s no use talking to him. He never listens to your advice.
သူ့ကို ပြောနေစရာ အကြောင်းမရှိပါဘူး ၊ သူက မင့်အကြံညာဏ်ကို ဘယ်တော့မှ နားထောင်တာ မဟုတ်ဘူး
…………………………….
ကဲ လုပ်ဖို့ မလိုအပ်ဘူးလို့ ထင်တဲ့ ကိစ္စတွေ တွေ့လျှင် ဘယ်လိုပြောရမယ်ဆိုတာ သိသွားပြီပေါ့
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu