Ad Code

Responsive Advertisement

English Speaking Basics (32) အင်္ဂလိပ်စကားပြော အခြေခံများ (၃၂)


Win Naing Oo's photo.

………………………………………
THERE'S NO NEED TO + (VERB)
.
တစ်စုံတစ်ခုကို ပြုလုပ်ဖို့ မလိုအပ်ပါဘူး လို့ ပြောချင်တဲ့အခါ ဒီပုံစံကို သုံးနိုင်ပါတယ် ..
When expressing 'no need' you are stating that the action does not need to take place.
.
1. There's no need to worry for him.
သူ့အတွက် စိတ်ပူပန်ဖို့ မလိုအပ်ပါဘူး
.
2. There's no need to hurry that much.
ဒီလောက်တောင် သုတ်သီးသုတ်ပျာ လုပ်ဖို့ မလိုအပ်ပါဘူး
.
3. There's no need to be upset.
စိတ်မကောင်းဖြစ်ဖို့ မလိုအပ်ပါဘူး
(upset (v,adj) စိတ်မကောင်းဖြစ်သည်/သော
.
4. There's no need to bother him.
သူ့ကို စိတ်အနှောက်အယှက်ပေးဖို့ မလိုအပ်ပါဘူး
(bother(v) စိတ်အနှောက်အယှက်ပေးသည်)
.
5. There’s no need to run away from me.
ကျနော့်အပါးကနေ အဝေးကို ထွက်ပြေးဖို့ မလိုအပ်ပါဘူး
.
6. There’s no need to stop your work now.
ခင်ဗျား အလုပ်ကို အခု ရပ်ဖို့ မလိုအပ်ပါဘူး
.
7. There's no need to talk the secret now.
လျှို့ဝှက်ချက်ကို အခု ပြောဖို့ မလိုအပ်ပါဘူး
.
8. There's no need to go there early.
အဲဒီနေရာကို စောစောစီးစီး သွားဖို့ မလိုအပ်ပါဘူး
.
9. There’s no need to attach your photo to the application form.
လျှောက်လွှာပုံစံမှာ ခင်ဗျားရဲ့ ဓါတ်ပုံကို ပူးတွဲပေးဖို့ မလိုအပ်ပါဘူး
.
10. There's no need to pamper yourself even a little.
နည်းနည်းလေးတောင်မှ ကိုယ့်ကိုယ်ကို အလိုလိုက်ဖို့ မလိုအပ်ပါဘူး
(pamper(v) အလိုလိုက်သည်)
.
11. There is no need to explain in detail.
အသေးစိတ်ကျကျ ရှင်းပြဖို့ မလိုအပ်ပါဘူး
.
12. There is no need to stay here and take care of me any longer.
ဒီမှာနေပြီး ကျနော့်ကို အချိန်ပိုထပ်ပြီး ပြုစုစောင့်ရှောက်ဖို့ မလိုအပ်ပါဘူး
………………………………..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu