Ad Code

Responsive Advertisement

English Speaking Basics (38) အင်္ဂလိပ်စကားပြော အခြေခံများ (၃၈)


Win Naing Oo's photo.

……………………………………………………………………………….
ကျနော်တို့ဟာ တစ်ခါတလေမှာ ကိစ္စတစ်ခုရဲ့ အဖြေကို သိပြီး ၊ ဒါမှမဟုတ် ခန့်မှန်းပြီးတော့ ..အော် ဒါကြောင့် ဒီလိုဖြစ်တာကိုး ၊ ဟိုလိုဖြစ်တာကိုး.. စသည်ဖြင့် ကောက်ချက်ဆွဲပြီး ပြောတတ်ကြပါတယ် ၊ အဲလိုမျိုး ပြောနည်းကို အင်္ဂလိပ်လို ပြောချင်တဲ့ အခါမှာတော့ အောက်မှာ ဖေါ်ပြတဲ့ ပုံစံအတိုင်း ပြောနိုင်ပါတယ်
.
That's why + (subject + verb)
…………………………………………
အဓိပ္ပါယ်အားဖြင့်ကတော့ That’s why ဟာ because of this, therefore တို့နဲ့ အတူတူပါပဲ
.
(1)That's why people admire you.
အဲဒါကြောင့် လူတွေက ခင်ဗျားကို ကြည်ညိုလေးစားကြတာကိုး
.
(2) That's why babies crawl before they can walk.
အဲဒါကြောင့် ကလေးလေးတွေက သူတို့လမ်းမလျှောက်နိုင်ခင် လေးဖက်ထောက် တွားသွားကြတာကိုး
.
(3) That's why Pam cries at sad movies.
အဲဒါကြောင့် ပန်က ၀မ်းနည်းစရာ ရုပ်ရှင်ကားတွေမှာ ငိုတာကိုး
.
(4) That is why you help out people in need.
အဲဒါကြောင့် ခင်ဗျားက လိုအပ်သူတွေကို လုံ့လစိုက်ထုတ် ကူညီတာကိုး
Help out = လိုအပ်သူများကို လုံ့လစိုက်ထုတ်ကူညီသည်
.
(5) That is why you lock your doors when you leave home.
အဲဒါကြောင့် ခင်ဗျားအိမ်ကထွက်တဲ့အခါ တံခါးပေါက်တွေကို သော့ခတ်တာကိုး
.
(6) That is why I quit the job.
အဲဒါကြောင့် ကျနော် အလုပ်ထွက်တာပေါ့
(quit= အလုပ်ထွက်သည်)
.
(7) That is why she is so angry.
အဲဒါကြောင့်သူမ အရမ်းစိတ်ဆိုးတာကိုး
…………………………………………………
Why ရဲ့ အမျိုးမျိုး သုံးစွဲပုံလေးကို ပိုသိသွားစေဖို့ အခြားဝါကျပုံစံလေးများကိုပါ တပါတည်း ဆက်ဆွဲလိုက်ကြရအောင်လား
.
(1) Do you know why she is crying?
သူမဘာကြောင့် ငိုနေတာလဲ ခင်ဗျားသိပါသလား
.
(2) Nobody knows why.
ဘာကြောင့်ဆိုတာ ဘယ်သူမှ မသိပါဘူး
.
(3) I wonder why John is always late for work.
ဂျွန်က အမြဲတန်းအလုပ်နောက်ကျနေတာ ဘာကြောင့်လဲ ကျနော် စူးစမ်းသိရှိလိုပါတယ်
( wonder = သိလိုသည် ၊ စူးစမ်းလိုသည်)
.
(4) I have no idea why the meeting was postponed.
အစည်းအဝေးက ဘာကြောင့် ဆိုင်းငံ့ရွှေ့ဆိုင်းခဲ့တယ်ဆိုတာ ကျနော်မသိပါဘူး
(Postpone = ရွှေ့ဆိုင်းသည်)
.
(5) I couldn’t understand why she smiled at him.
သူမက သူ့ကို ပြုံးပြခဲ့တာ ဘာကြောင့်ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး
(smile (v) ပြုံးပြသည်)
.
(6) I don’t see any reason why I have to apologize you.
ကျနော်က ခင်ဗျားကို တောင်းပန်ဖို့ ဘာကြောင့်ဆိုတာ အကြောင်းပြချက် မတွေ့ပါဘူး (မတောင်းပန်နိုင်ပါဘူး)
(apologize = တောင်းပန်သည်)
.
(7) There is no reason why his wife left him.
သူ့မိန်းမက သူ့ကိုထားသွားခဲ့တာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး
( reason = အကြောင်းပြချက် ၊ အကျိုးအကြောင်း)
………………………………
အဲဒါကြောင့်..ဘာကြောင့်..စတဲ့ အသုံးအနှုန်းတွေကို ဘာကြောင့်ပဲ ဖြစ်ဖြစ် ပြောဖြစ်အောင်သာ ပြောလိုက်ကြပေတော့ဗျာ
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu