Ad Code

Responsive Advertisement

English Speaking Basics (39) အင်္ဂလိပ်စကားပြော အခြေခံများ (၃၉)


Win Naing Oo's photo.

………………………………………………………………………….
ကျနော်တို့ ကမ္ဘာကြီးဟာ ကောလဟာလတွေ မသေချာတဲ့ သတင်းစကားတွေကို မကြာခဏဆိုသလို ကြားနေကြရပါတယ် ၊ အဲလို ကောလဟာလတွေကို ကျနော်တို့ကတစ်ဆင့် ပြန်လည်ဖေါက်သည်ချလိုတဲ့အခါ ဒီလိုပုံစံလေးကို သုံးပါတယ်
.
Rumor has it that + (subject + verb)
…………………………………………………….
ကောလဟာလကတော့ ဒီလိုရှိတယ်..လို့ ယူနိုင်ပါလိမ့်မယ် ၊ စကားပြောမှာတော့ that ကို ဖြုတ်ပြီးတော့လည်း ပြောလေ့ရှိပါတယ် ၊ ထည့်ပြောလည်းရပါတယ် ..
'Rumor has it' is an expression used when suggesting you might have heard something or read about something that is taking place now or in the future. A rumor is not a fact.
.
(1) Rumor has it that she cheated on him.
ကောလဟာလကတော့ သူမက သူ့ကို လိမ်ညာခဲ့တယ် လို့ဆိုပါတယ်
.
(2) Rumor has it that you're looking for a new job.
ကောလဟာလအရကတော့ ခင်ဗျားက အလုပ်သစ်တစ်ခု ရှာဖွေနေတယ်ဆိုပဲ
.
(3) Rumor has it that they are going to get married.
ကောလဟာလကတော့ သူတို့ လက်ထပ်ကြတော့မယ်တဲ့
.
(4) Rumor has it that he won’t marry you.
ကောလဟာလကတော့ သူက ခင်ဗျားကို လက်ထပ်ယူမှာ မဟုတ်ဘူးတဲ့
.
(5) Rumor has it that your sister got in trouble.
ကောလဟာလအရကတော့ ခင်ဗျားရဲ့ ညီမ ဒုက္ခရောက်ခဲ့တယ်ဆိုပဲ
.
(6) Rumor has it that he will not return.
ကောလဟာလအရတော့ သူပြန်လာလိမ့်မယ် မဟုတ်ဘူးတဲ့
.
(7) Rumor has it that you've been dating with Ben's ex.!
ကောလဟာလကတော့ ခင်ဗျား ဘန်ရဲ့ အဆက်ဟောင်းနဲ့ ချိန်းပြီး အပြင်ထွက်နေတယ်ဆို
.
(8) Rumor has it that it was because of Julie.
ကောလဟာလ အရတော့ အဲဒါက ဂျူလီကြောင့် ဖြစ်ခဲ့တာပဲ
.
(9) Rumor has it that Obama is not a legal citizen of the US.
ကောလဟာလ အရကတော့ အိုဘားမားက တရားဝင် အမေရိကန်နိုင်ငံသား မဟုတ်ဘူးတဲ့
.
(10) Rumor has it he's withdrawing from the election. (that ဖြုတ်ထားခဲ့တယ်နော်)
ကောလဟာလကတော့ သူက ရွေးကောက်ပွဲကနေ ထွက်တော့မယ်ဆိုပဲ
.
(11) Rumor has it they're trying to review the Peace Process.
ကောလဟာလကတော့ သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဆန်းစစ် သုံးသပ်ဖို့ ကြိုးစားကြလိမ့်မယ် လို့ဆိုတာပဲ
…………………………………………..
ကဲ ဒီလောက်ဆို ကျနော်တို့ ကိုယ်တိုင်လည်း ကောလဟာလ လေးတွေကို အင်္ဂလိပ်လို လက်ဆင့်ကမ်းလို့ ရပြီပေါ့ ၊ ၀ါသနာပါလျင် လုပ်လိုက်လေ ကြာသလားလို့ ..နော

ဝေါဟာရများ
…………..
Rumor/ Rumour (n) ကောလဟာလ ၊ မသေချာတဲ့သတင်းစကား
Cheat (v) လိမ်လည်သည်
Trouble (n) ဒုက္ခ ၊ (v) ဒုက္ခရောက်သည်
Ex. အဆက်ဟောင်း ၊ အဟောင်း ex. wife = မိန်းမဟောင်း ၊ ex. teacher = ဆရာဟောင်း.. စသည်
Date (v) ချိန်းဆို၍ တစ်နေရာရာသွားသည် စားသည်..စသည်ဖြင့်
legal citizen (n) တရားဝင် နိုင်ငံသား
withdraw (v) ဆုတ်ခွာသည်
review (v) ပြန်လည် ဆန်းစစ်သုံးသပ်သည်
Peace Process (n) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
………………..
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu