Ad Code

Responsive Advertisement

English Speaking Basics (41) အင်္ဂလိပ်စကားပြော အခြေခံများ (၄၁)


Win Naing Oo's photo.

…………………………………………….
ကျနော်တို့ စကားပြောတဲ့အခါ အရေးကြီးတယ် အဓိကကျတယ် ဆိုတာကို နားထောင်သူက သိစေချင်တဲ့အတွက် “အရေးကြီးတာက.. ပြောချင်တဲ့အချက်က” စသည်ဖြင့် လေးနက်အောင် ရှေ့က စကားခံပြီးမှ ဆက်ပြောတာလေးတွေ ရှိပါတယ် ၊ အဲလို ပြောချင်တဲ့အခါ ဒီပုံစံလေးကို သုံးပါတယ် .. အတွေးအမြင် (သို့) အကြံပြုချက် တစ်ခုရဲ့ အဓိကကျတဲ့ သဘောသဘောဝကို ဖေါ်ပြရာမှာ သုံးပါတယ်
…………………………………………………….
THE POINT IS THAT + (SUBJECT + VERB)
……………………………………………………………
By stating 'the point is' you are stating in your opinion the meaning about what is actually happening, the thing that you are trying to say or the reason for something.
.
(1) The point is that / if you study hard you can do well in exam.
ပြောချင်တဲ့အချက်ကတော့ မင်းကြိုးကြိုးစားစားလေ့လာလျင် စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်မယ်
.
(2) The point is that / she does not understand.
သိစေချင်တဲ့အချက်ကတော့ သူမနားမလည်ပါဘူး
.
(3) My point is that / we need this done today.
ကျနော် ပြောချင်တဲ့ အချက်ကတော့ ကျနော်တို့ ဒါကို ဒီနေ့ ပြီးဖို့လိုအပ်ပါတယ်
.
(4) The point is that / the world would be a better place.
ပြောချင်တဲ့အချက်ကတော့ ကမ္ဘာကြီးဟာ ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါလိမ့်မယ်
.
(5) The point is that / if we do not leave now we will be late.
ပြောချင်တဲ့အချက်ကတော့ ကျနော်တို့ အခုမထွက်ခွာလျင် နောက်ကျပါလိမ့်မယ်
.
(6) The main point is that / we need to work together.
အဓိကကျတဲ့ အချက်က ကျနော်တို့ အတူတူလုပ်ဖို့ လိုအပ်ပါတယ်
.
(7) My important point is that / we're spending too much time on details and forgetting the big issues.
အရေးကြီးတဲ့အချက်က ကျနော်တို့ဟာ အသေးစိတ်လေးတွေပေါ်မှာ အချိန်တွေ အလွန်အမင်းအသုံးပြုနေပြီးတော့ ကြီးမားတဲ့ကိစ္စတွေပေါ်မှာ မေ့လျော့နေကြပါတယ်
…………………………..
.
အသုံးများတဲ့ စကားစုလေးတွေကို ဆက်လက် တင်ပြချင်ပါတယ်
.
GET TO THE POINT (OF SOMETHING) = say what is most important
လိုရင်းကို ပြောပါ ၊ အဓိကကျတာကိုပြောပါ/သည် ။
.
(1) Don’t beat around the bush. GET TO THE POINT.
မလိုတာတွေကို လှည့်ပတ်ပြီး ပြောမနေပါနဲ့ ၊ လိုရင်းကို တိုက်ရိုက်ပြောပါ ။
.
(2) Please GET TO THE POINT of all this.
ကျေးဇူးပြု၍ အဲဒီအားလုံးရဲ့ လိုရင်း အနှစ်ချုပ်ကို ပြောပေးပါ
.
(3) Will you please GET TO THE POINT?
ကျေးဇူးပြု၍ လိုရင်းကို ပြောပေးပါလား
…………………………………..
.
MISS THE POINT = to fail to understand the important part of something.
လိုရင်းအဓိပ္ပါယ်နဲ့ လွဲချော်သည် ၊ သိစေချင်တဲ့ အချက်ကိုမရဖြစ်သည် ။
.
(1) I'm afraid you MISSED THE POINT. Let me explain it again.
အားနားပါတယ်ဗျာ .. ခင်ဗျားနားလည်တာ လွဲနေခဲ့တယ် ၊ ကျနော် အဲဒါကို နောက်တစ်ကြိမ် ရှင်းပြပါရစေ ။
.
(2) No, you've MISSED THE POINT. I gave you the money. I didn't want it back.
မဟုတ်ဘူး .. ခင်ဗျားနားလည်တာလွဲသွားခဲ့ပြီ ၊ ကျနော် ခင်ဗျားကို ပိုက်ဆံပေးခဲ့ပါတယ် ၊ ကျနော် ပြန်လိုချင်ခဲ့တာ မဟုတ်ပါဘူးဗျာ ။
……………………………………….
.
GET THE POINT (OF SOMETHING) : to understand the purpose, reason or central idea of something.
အဓိကအချက်ကို နားလည် သဘောပေါက်တာ
(အထက်မှာ ပြောခဲ့တာနဲ့ “to” လေး တစ်လုံးပဲကွာပြီး ကပ်ရှုပ်နေတယ် ၊ သတိထားလိုက်ပါ ၊ ဒီမှာက to မပါဘူး )
.
(1) Elephants GET THE POINT of pointing, study shows.
ဆင်များဟာ ညွှန်ပြချက်တွေကို နားလည်တယ်လို့ လေ့လာမှုက ပြဆိုပါတယ်
.
(2) You miss the point completely, I GET THE POINT exactly.
ခင်ဗျားက ပေးချင်တဲ့ အချက်နဲ့ လုံးဝလွဲချော်တယ် ၊ ကျနော်က သိစေချင်တဲ့ အချက်ကို အတိအကျ ရလိုက်တယ်
.
(3) I don't get the point of the iPad.
iPad နဲ့ ပတ်သက်ပြီး ကျနော်နားမလည်ဘူး .. (သိတော့သိတယ် ၊ သေချာမသိတာကို ပြောတာ)
.
(4) Sorry, I don’t get the point.
ဆောရီးဗျာ, အဓိက အချက်ကို ကျနော် နားမလည်ပါဘူး
……………….
နားလည်မှုများရရှိကြပါစေ
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu