Ad Code

Responsive Advertisement

English Speaking Basics (44) အင်္ဂလိပ်စကားပြောအခြေခံများ (၄၄)


Win Naing Oo's photo.

…………………………………………………
THERE'S NOTHING + (SUBJECT) + CAN + (VERB)
………
When using the word 'nothing' you are suggesting that something cannot happen or be done.
တစ်ခုခုကို လုပ်နိုင်တာဘာမှမရှိဘူးဆိုတဲ့ သဘောမျိုး ပြောချင်တဲ့အခါ ဒီဝါကျပုံစံလေးနဲ့ ပြောနိုင်ပါတယ်
.
(1) There's nothing / he can harm.
သူ အန္တရာယ်ပြုနိုင်တာ ဘာမှ မရှိပါဘူး
(harm = အန္တရာယ်ပြုသည် ၊ ဒုက္ခပေးသည်)
.
(2) There's nothing the police can identify.
ရဲက စိစစ်ဖေါ်ထုတ်တာရယ်လို့ ဘာမှ မရှိပါဘူး
(Identify (v) = စိစစ်ဖေါ်ထုတ်သည်)
.
(3) There's nothing we can agree on.
ကျနော်တို့ သဘောတူစရာ အချက်အလက် ဘာမှမရှိပါဘူး
.
(4) There's nothing she can cook.
သူမချက်ပြုတ်နိုင်တာ ဘာမှ မရှိပါဘူး ( ဘာမှကို မချက်ပြုတ်တတ်ဘူး)
.
(5) There's nothing my dog can learn.
ကျနော့်ခွေး သင်ယူနိုင်တာ ဘာမှမရှိပါဘူး
.
(6) There’s nothing I can do for you.
ခင်ဗျားအတွက် ကျနော်လုပ်ပေးနိုင်တာ ဘာမှ မရှိပါဘူး
.
(7) There’s nothing you can do about it.
အဲဒါနဲ့ ပတ်သက်ပြီး ခင်ဗျားလုပ်နိုင်တာ ဘာမှ မရှိပါဘူး
………………………….
By using the word 'can' or 'can't' you change the expression to mean that all is possible.
Can နဲ့ cannot ကို ပြောင်းလိုက်တဲ့အခါ မလုပ်နိုင်တာ မရှိဘူး အားလုံး လုပ်နိုင်တယ်လို့ ဖြစ်သွားပါတယ်
.
(8) There is nothing I cannot answer.
ကျနော်မဖြေနိုင်တာ ဘာမှမရှိပါဘူး (အားလုံးဖြေနိုင်တယ် ဆိုတဲ့သဘော)
.
(9) There's nothing we cannot succeed.
ကျနော်တို့ မအောင်မြင်နိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး
(succeed (v) = အောင်မြင်သည်)
.
(10) There's nothing our dog cannot open.
ကျနော့်ခွေး မဖွင့်နိုင်တာဆိုလို့ ဘာမှ မရှိပါဘူး
.
(11) There is nothing I cannot do for my friends.
ကျနော့်သူငယ်ချင်းတွေအတွက် ကျနော်လုပ်မပေးနိုင်တဲ့အရာ ဘာမှ မရှိပါဘူး
.
(12) There is nothing I cannot handle in my business.
ကျနော့်စီပွားရေး လုပ်ငန်းမှာ ကျနော် မကိုင်တွယ် မဖြေရှင်းနိုင်တာ ဘာမှ မရှိပါဘူး
………………
ကဲ ဘာမှ မလုပ်နိုင်တာပဲ ဖြစ်ဖြစ် အားလုံး လုပ်နိုင်တာပဲ ဖြစ်ဖြစ် ပြောလို့ရပြီနော်
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu