Ad Code

Responsive Advertisement

iOS 9 ကို update လုပ်နေစဉ်အတွင်း Error ပြသည့်အခါ


iOS 9 ကို update ရရခြင်းမှာ အများနည်းတူ ဦးဦးဖျားဖျား အသုံးပြုချင်သူတွေဟာ iPhone ကို အသုံးပြုနေကြတဲ့ လူတွေရဲ့ လူတွေခံစားချက်ပါ။ iOS 9 မှာ အသစ်အဆန်းတွေဘာတွေပါဝင်လာခဲ့ပြီလဲ ၊ အသုံးပြုရပုံတွေဘယ်လိုတွေလဲဆိုတာကို အများနည်းတူ အသုံးပြုချင် ၊ ပြောပြချင်ကြတာလဲ iPhone အသုံးပြုသူတွေရဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒီလို အသုံးပြုချင်လို့ Update ပြုလုပ်ကြတဲ့အခါ မိမိရဲ့ Device မှာ Error ပြရင် အရမ်းကို စိုးရိမ်ကြပါတယ်။ င့ါရဲ့ iPhone မှာမှ ဒီလို error ဖြစ်ရတာလား၊ ငါ့ဖုန်းက ပျက်စီးသွားပြီလား စတဲ့ စိုးရိမ်မှုတွေကို ကိုယ်စီရှိကြပါတယ်။ တကယ်တော့ နိုင်ငံအသီးသီးကနေ iOS 9 ကို မိမိတို့နည်းတူ အသုံးပြုချင်ကြတဲ့ Apple ချစ်သူတွေကလည်း ရှိနေပါသေးတယ်။

တစ်ချိန်တည်းမှာတင် တစ်ပြိုင်နက် iOS update ကို အသုံးပြုနိုင်ဖို့ တောင်းဆိုခံရတဲ့ Apple Server ဟာ အရမ်းကို အလုပ်များပါတယ်။ ဒီလိုအချိန်မှာ မိမိရဲ့ iPhone ကိုလည်း အများနည်းတူ update ပြုလုပ်ဖို့အတွက်တောင်းဆိုခဲ့မယ်ဆိုရင် “Software Update Failed” ဆိုတဲ့ error ကိုမြင်တွေ့ရပါလိမ့်မယ်။ ဒီအတွက်ကြောင့်လည်း စိတ်ပျက်မသွားပါနဲ့။ ဒီ Error ဟာ Apple Server ရဲ့ အလုပ်များခြင်းကြောင့် ပြတဲ့ error တစ်ခုဖြစ်ပါတယ်။

ဒီ Error ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ခေတ္တစောင့်ဆိုင်းရုံမှတပါးဘာမှမရှိပါဘူး။ ခေတ္တစောင့်ဆိုင်းလို့မှ အဆင်မပြေဘူးဆိုရင်တော့ နောက်နေ့မှပဲ update လုပ်တာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ပဲ ချက်ချင်းပဲ ပြုလုပ်ချင်တယ်ဆိုရင်တော့ မိမိဘာသာ iOS9 ကို အခြား Website များကနေ download ရယူပြီး Manual နည်းနဲ့သာ OS upgrade ပြုလုပ်မှပဲ အဆင်ပြေပါလိမ့်မယ်။ Update ပြုလုပ်တဲ့အခါမှာလည်း iPhone ရဲ့ Setting မှတစ်ဆင့် general ၊ general မှတစ်ဆင့် Software Update အဆင့်ဆင့်သွားကာ update ပြုလုပ်ခြင်းကို OTA (On The Air) update ပြုလုပ်ခြင်းလို့ခေါ်ဆိုပြီး အခြား Website များမှ iOS9 Firmware ကို Download ရယူကာ upgrade ပြုလုပ်ခြင်းကိုတော့ Manual Upgrade လို့ခေါ်ဆိုသတ်မှတ်ကြပါတယ်။

Ref : iphonehacks

Aung Ko Htet (MMA)
#aungkohtet_mma
C@MMAS
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+ မှ ပြန်လည် ကူးယူမျှဝေသည်။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu