Ad Code

Responsive Advertisement

iPhone/iPad မှာ Unicode ရော Zawgyi ရော အမှန်မြင်ချင်ရင်


iPhone/Pad တွေမှာ Unicode ရော Zawgyi ရောမြင်ရမယ့် Unicode Font Profile လေးပါ။ Unicode 100% အမှန်မြင်ရသလို Zawgyi font နဲ့ရေးထား တာတွေကိုလည်း 95% နီးပါး အမှန်မြင်ရတာကိုတွေ့ရပါတယ် ။ Myanmar Unicode Area မှာတွေ့လို့ စမ်းကြည့်ဖြစ်တာပါ။ ဖန်တီးသူကတော့ ကို Win Lwin Moe လို့ သိရပါတယ် ။ Unicode သုံးချင်နေသူတွေလည်း ဒီ profile လေးကို သွင်းထားခြင်းအားဖြင့် ဇော်ဂျီနဲ့ရေးထားတာတွေကိုပါ အနီးစပ်ဆုံး မှန်ကန်စွာ ဖတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် unicode font ဖြစ်တဲ့အတွက် စာရိုက်ရင်တော့ unicode keyboard layout နဲ့ပဲရိုက်လို့ရပါမယ်။ ttKeyboard ထဲက Uni-ZG (or) MyanSan Layout နဲ့ရေးမှ အဆင်ပြေပါမယ်။ ဇော်ဂျီ Layout နဲ့ရေးရင် တလွဲတွေပေါ်ပါမယ်။ ယူနီ-ဇော်ဂျီ ၂ မျိုးလုံးနီးပါး ဖတ်နိုင်တဲ့ Font Profile လေးကို သွင်းလိုတယ် ဆိုရင်တော့ အောက်က link ကို safari browser မှာ ဖွင့် ပြီး မိမိတို့ရဲ့ iPhone/Pad ထဲမှာ font profile ကို သွင်းရပါမယ်။

http://goo.gl/sBVzga

(မသွင်းခင်မှာ ယခင်သွင်းထားတဲ့ Zawgyi Font Profile (သို့) သွင်းထားပြီးသား Font Profile ကိုတော့ပြန်ဖျက်ထားဖို့လိုပါမယ်။ Setting>General>Profile ထဲကိုဝင်ပြီး Zawgyi-one profile (သို့မဟုတ်) သွင်းထားပြီးသား Font Profile ကို Delete လုပ်ပါ။)

အားလုံးပဲ စမ်းကြည့်လိုက်ကြပါဦး ။ အဆင်ပြေကြပါစေ။

Ref:Myanmar Unicode Area

Thet Naing Soe (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas
 --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook PageTwitter Google+ မှ ပြန်လည်ကူးယူဖော်ပြသည်။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu