Ad Code

Responsive Advertisement

Negative words တွေသုံးတဲ့အခါ အငြင်းနှစ်ခါ ထပ်မသွားစေဖို့ သတိထားပါ


Win Naing Oo's photo.
………………………………………………………………………………………
ကျနော်တို့ သတိမထားမိဘဲ မှားတတ်တာလေးတွေကို သတိပေးချင်တာဖြစ်ပါတယ်..
အင်္ဂလိပ်ဘာသာမှာ တချို့သော စာလုံးတွေဟာ အငြင်းသဘော အဓိပ္ပါယ် ပါပြီးသားတွေ ဖြစ်ပါတယ် ၊ အဲလိုဝါကျတွေရေးတဲ့အခါ no တို့ not တို့ ထပ်ပါသွားလျင် အငြင်းနှစ်ခါထပ်ပြီး Double negative ဖြစ်သွားတဲ့အတွက်ကြောင့် Affirmative အဟုတ်ဝါကျသဘော ဖြစ်သွားတတ်ပါတယ် ..
.
ဥပမာ .. He didn’t say nothing. ဆိုပါစို့ ၊ အဓိပ္ပါယ်ပြန်ကြည့်မယ်ဆိုရင် “သူက ဘာမှ မပြောတာကို မလုပ်ခဲ့ဘူး” လို့ ပုံပန်းမကျ ဘာသာပြန်ရပါလိမ့်မယ် ၊ အဓိပ္ပါယ်ကလည်း တစ်ခုခု ပြောခဲ့သလို ဖြစ်သွားပါတယ် ။
တကယ်တန်းရေးချင်တာက “သူဘာမှ မပြောခဲ့ဘူးလို့” ဖြစ်ချင်တာပါ ၊ အဲဒါဆိုလျင် ရှေ့က အငြင်းပုဒ်ကို ဖြုတ်ပြီး
.
He said nothing. သူဘာမှမပြောခဲ့ဘူး.. လို့ပဲ ဖြစ်ဖြစ်
Negative word ဖြစ်တဲ့ nothing ကို anything နဲ့လဲလှယ်ပြီး He didn’t say anything. သူတစ်ခုခု မပြောခဲ့ဘူး..လို့ပဲ ဖြစ်ဖြစ် ရေးရမှာဖြစ်ပါတယ် ။
.
အဲဒါကြောင့် အောက်မှာပါတဲ့ Negative word တွေကို မှတ်ထားလိုက်ပါ ၊ အဲဒါတွေကတော့..
.
(1) Negative words:
…………………………….
None, No one, Nobody, Nothing, Neither, Nowhere, Never စသည်တို့ ဖြစ်ပါတယ်
အထက်မှာဖေါ်ပြခဲ့တဲ့စာလုံးတွေက negative သဘောဆိုတာကို လွယ်လွယ်သိနိုင်ပါတယ် ၊ လွယ်လွယ်နဲ့မသိနိုင်ပဲ သေချာမှတ်ထားရမယ့် စာလုံးလေးတွေလည်း ရှိပါသေးတယ် ၊ အဲဒါတွေကတော့ Negative adverbs တွေပါပဲ
.
(2) Negative Adverbs:
……………………………
Seldom, Hardly, Scarcely, Barely, rarely တို့ ဖြစ်ပါတယ်
.
They /couldn't hardly/ finish their meal on time. (မှား)
They /could hardly/ finish their meal on time. (မှန်)
.
The football players /never scarcely/ had personal time. (မှား)
The football players /scarcely/ had personal time.(မှန်)
.
I /barely/ got /no/ sleep last night. (မှား)
I /barely/ got any sleep last night. (မှန်)
.
She /didn’t rarely/ leave the house.(မှား)
She /rarely/ left the house. (မှန်)
………………………………..
(3) Negative prefixes
……………………………….
in-, ir-, non-, un-, il- dis-, .. စတဲ့ (အများကြီးရှိသေးတယ်) အငြင်းသဘောဆောင်တဲ့ ရှေ့ဆက်စကားလုံးတွေကိုသုံးထားလျင်လည်း no (သို့) not ထပ်ပြီး မထည့်ရတော့ပါဘူး
.
The results are not INCONCLUSIVE. (မှား)
He wasn’t IRRESPONSIBLE about his duties. (မှား)
This gem is not UNCOMMON. (မှား)
………………………..
အမှားများ နည်းနိုင်သမျှ နည်းကြပါစေ..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu