Ad Code

Responsive Advertisement

Subjective + Be + Adjective

Subjective + Be + Adjective
======================
ပုံစံအလွယ်စားလေးရေးပါမယ်။ အခြေခံသမားများအတွက်သာမက ကလေးငယ်များအတွက်ပါ အဆင်ပြေစေမယ်လို့ ယုံကြည်ပါတယ်။ ကူးရေးပါ၊ အော်ဖတ်ပါ ။ အရေး၊ အပြော ၊ အဖတ်ကို အထောက်အကူပြုပါလိမ့်မည်။
ငယ်စဉ်က ကျောင်းမှာ ...လှသော၊ ညစ်ပေသော ၊ ရုပ်ဆိုးသော စသည့်ဖြင့်ကျက်ခဲ့သော စကားလုံးများ ( Adjective of Quality ) များဖြင့်စတင်ပါမည်။ Adjective တွေကို Verb to be ကိုတွဲရေးသောအခါ ...တယ်....သည် စသည်ဖြင့် ဖြစ်သွားပါတယ်။
ဥပမာ.. beautiful - လှပသော က...verb to be နဲပေါင်းရေးတော့
She is beautiful . သူ(မ)က လှတယ်။ အဲ့လိုဖြစ်သွားပါတယ်။ ကဲစလိုက်ရအောင်..
1.tall /tɔl/ /tɑl/ adjective - အရပ်ရှည်သော
He is tall.
သူက အရပ်မြင့်တယ်။
2.short /ʃɔt/ /ʃɔrt/ adjective - ပုသော
He is short.
သူက အရပ်ပုတယ်။
3.stout /staʊt/ adjective - တုတ်ခိုင်သော ၊ ဖိုင့်သော
He is stout.
သူက ၀၀ ဖိုင့်ဖိုင့်။
(အထူးသဖြင့် အသက်ကြီးသော သူတွေမှာသုံးပါတယ်။ )
4. fat /fæt/ adjective - ၀သော ..အယ်သော
She is fat.
သူ(မ)က ၀တယ်။
5.slim /slɪm/ adjective - သေးသွယ်သော ၊ ပါးလျသော
She is slim.
သူ(မ)က လှပသေးသွယ်တယ်။
6.thin /θɪn/ adjective - ပိန်သော ၊ ကြုံလှီသော
She is thin.
သူ(မ) ပိန်တယ်။
အထက်ပါစကားလုံးများကို..not / fairly /quite / rather / pretty / very/ extremely / so / too စသည့် adverb များဖြင့် အထူးပြုရေးပါမည်။
She is rather thin.
She's fairly tall.
7. chirpy /tʃɜ.pi/ /tʃɝ-/ adjective - မြူးကြွသော..(happy and active )
She was quite chirpy this morning.
သူ(မ) ဒီမနက် တော်တော် မြူးကြွနေတယ်။
8.exhausted /ɪgzɔ.stɪd/ /-zɑ-/ adjective - ခြေကုန်လက်ပန်းကျသော ၊ ပင်ပန်းနွမ်းနယ်သော.
We are exhausted.
I am exhausted.
ဒီနေရာမှာ..........am /is / are/ was/ were အပြင် အခြား Linking Verb များကိုလည်း သုံးပါမယ်။
9. happy /hæp.i/ adjective PLEASED
We are happy.
ငါတို့ပျော်တယ်။
She looks so happy.
သူ(မ) အရမ်းပျော်နေတဲ့ပုံပဲ။
10.outspoken /aʊtspəʊ.k ə n/ /-spoʊ-/ adjective - ဗြောင်ပြောတတ်သော၊ မကွယ်မ၀ှက်သော ၊ ဟုတ်တိုင်းမှန်ရာပြောသော
He is outspoken.
သူက ဗြောင်ပြောတတ်တယ်။
11. frank /fræŋk/ adjective - ပွင့်လင်းသော ( ရိုးသားပွင့်လင်းသော )
She is quite frank.
သူ(မ) ပွင့်လင်းတယ်။
12.honest /ɒn.ɪst/ /ɑ.nɪst/ adjective - မှန်ကန်သော ၊ ဖြောင့်မတ်သော ၊ ရိုးသားသော
She's completely honest.
သူ(မ)က လုံးဝ ရိုးသားတယ်။
13.trustworthy /trʌstwɜ.ði/ /-wɝ-/ adjective - ယုံကြည်စိတ်ချရသော၊ အားကိုးလောက်သော။
He is trustworthy.
သူဟာ ယုံကြည်လောက်သောသူ ဖြစ်သည်။
14.outgoing adjective FRIENDLY - ဖော်ဖော်ရွေရွေ ၊ ရွှင်ရွှင်ပျပျနေတတ်သော ၊
She is outgoing.
15.studious /stju.di.əs/ /stu-/ adjective LEARNING - စာကြိုးစားသော
She is studious.
16.diligent /dɪl.ɪ.dʒ ə nt/ adjective - လုံ့လ၊၀ီရိယရှိသော။
He is very diligent.
17.industrious /ɪndʌs.tri.əs/ adjective - hard-working- အလုပ်ကြိုးစားသော ၊ ၀ီရိယရှိသော။
She is industrious.
18. energetic /en.ədʒet.ɪk/ /-ɚdʒet ̬-/ adjective .စွမ်းအားပြည့်ဝသော ၊ ထကြွလှုပ်ရှားတက်ကြွသော.
He is very energetic.
19. wicked /wɪk.ɪd/ adjective BAD - ကောက်ကျစ်စဉ်းလဲသော ၊ ယုတ်မာသော
He's wicked
20.dignified /dɪg.nɪ.faɪd/ adjective - ဂုဏ်သိက္ခာရှိသော
She is dignified.

စကားပြောလေ့ကျင့်ရန်
=================
outgoing - ဖော်ဖော်ရွေရွေ ၊ ရွှင်ရွှင်ပျပျနေတတ်သော ၊
shy -ရှက်သော ၊ ရှိုးတို့ရှန်တန့်ဖြစ်သော
friendly - ဖော်ရွေသော
studious - စာကြိုးစားသော
cheerful - ရွှင်ပျသော ၊
generous -ရက်ရောသော ၊ စေတနာကောင်းသော။
What are they like ? သူတို့ပုံစံက ဘယ်လိုလဲ။
=================================
1.A. What are they like?
B. They are outgoing.
2.A. What are they like?
B. They are shy.
3.A. What are they like?
B. They are friendly.
4.A. What are they like?
B. They are studious.
5.A. What are they like?
B. They are cheerful
6.A. What are they like?
B. They are generous.
7. A. What is she like ?
B. She's shy. She's very very shy.

8. A.What is she like ?
B. She's friendly.
9. A.What is she like ?
B. She's studious.
10. A.What is she like ?
B. She's generous.
11. A.What is she like ?
B. She's cheerful.
12. A.What are you like ?
B. I'm .......................
13. A.What is he like ?
B. He's ...................
အစားထိုးလေ့ကျင့်ပါလေ။
ဘာသာပြန်လေ့ကျင့်ပါ။
၁။ သူမက သဘောကောင်းတယ်။ (good-natured / amiable )
၂။ သူမက ကြင်နာတတ်တယ်။ ( good-hearted / kind-hearted )
၃။ သူက ဧည့်ဝတ်ကျေပွန်တယ်။ ( hospitable )
၎။သူတို့က ကူညီတတ်တယ် ။ ( helpful )
၅။ ကျွန်တော်သူငယ်ချင်းများသည် နာခံတတ်သော သူများဖြစ်တယ်။ ( obedient )
၆။ သူသည် ဗဟုသုတကြွယ်ဝသောသူဖြစ်တယ်။ ( knowledgeable )
၇။ သူမက ယဉ်ကျေးသိမ်မွေ့တယ်။ ( polite )
၈။ ငါတို့ အဆင်သင့်ဖြစ်ပြီ။ ( ready )
၉။ မယ်ရီက ချစ်စရာလေး ( charming )
၁၀။ ကလေးတွေ အိပ်ပျော်နေတယ်။ ( asleep )

တဆင့်ပြီး တဆင့် တက်သွားမှာ ဖြစ်လို့ အစကတည်းက သေချာ လေ့ကျင့်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆရာ Michael Lin Lin Facebook မှ ကူးယူဖော်ပြသည်။ ဆရာ Michael Lin Lin ကျန်းမာပါစေ။


အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu