Ad Code

Responsive Advertisement

3BB .Wi-Fi စက်အသစ်တွေမှာ နာမည် နဲ့ Password ပြောင်းမရသူများအတွက် (အသစ်)ပြောင်းနည်း



မေးလာတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်   အကိုရေ လုပ်ပါဦး ။ 3BB .Wi-Fi စက်တွေမှာ Name နဲ့ Password ပြောင်းနည်းက  အကို တင်ထားတာနဲ့ မတူဘူး ဘယ်လို့ လုပ်ရမလည်း အကိုရေ ...တဲ့

ဟုတ်ပါတယ်  နောက်ထပ် 3BB  က စက်အသစ်တွေပေးသုံးလာပါတယ်။ Wi-Fi စက်အသစ်တွေမှာ Name နဲ့ Password ပြောင်းရတာကလည်း အရင်စက်အဟောင်းနဲ့ လုံးဝမတူတော့ပါ။ ကျနော် သူငယ်ချင်း စက်အသစ်ကို ပြောင်းခိုင်းတော့  ကိုယ့်တိုင်လည်း လုပ်မတတ်လို့  3BB ရုံးကိုသွားပြီး သွားမေးဖြစ်ပြီ အဆင်ပြေတာနဲ့  ဒီပို့လေးကို တင်ပေးလိုက်ရတာပါ။
 အဟောင်းစက်တွေကတော့ အရင် တင်ထားတဲ့  3BB .Wi-Fi ကို Name နဲ့ Password ပြောင်းနည်း  အတိုင်းပါ ရပါတယ်။ မေးထားကြတဲ့ သူငယ်ချင်းတွေအတွက်ရော့ ခုနောက်ပိုင်း စက်အသစ်တွေ သုံးနေကြတဲ့  ထိုင်းရောက်လူငယ်များအတွက် အဆင်ပြေစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ.......


ခုနောက်ပိုင်း စက်သစ်တွေမှာ သတိထားရမယ့်အချက်လေးပါ  မိမိစက်ရဲ့ နောက်ကျိုးမှာ ပုံမှာအတိုင်း အဲ့ဒီမှာ MAC:  ဆိုတဲ့ အတန်းလေးမှာပေါ့ နောက်ဆုံးက ဂဏန်း ၄ လုံးကို Password မှာ ထည့်ပေးရပါမယ် စက်တိုင်းမှာ  ရှိပါတယ်။ ကျနော် ပြုလုပ်နေတဲ့ စက်မှာက 08ED  ပါ ။ မှတ်ထားပြီး ။
အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြ ထားပါတယ်.မပြောင်းတတ်သေးရင် လေ့လာသွားနိုင်ပါတယ်။
Wi-Fi ကို Name နဲ့ Password ကို ပြောင်းဖို့အတွက် စက်နဲ့ တစ်ခါတည်း ချိတ်ထားပေးပါ။
Wi-Fi  နဲ့ တွဲပြီး လုပ်မရပါဘူး။ပြီးရင် စက်နဲ့ ချိတ်ထားပြီးဆိုရင်တော့  အောက်က လင့်ကို  Copy ကူပြီး Browser တစ်ခုမှာ Peste လုပ်ပြီး Enter ခေါက်လိုက်ပါ။
http://192.168.1.1/html/content1.asp
မည်သည့် Browserနဲ့ မဆို ပြုလုပ်နိုင်ပါတယ်။ EBrowserနဲ့  ဆို ပို့ အဆင်ပြေပါတယ်။


စက်အဟောင်းတွေနဲ့ မတူတဲ့ ဘောက်လေး ကျလာပါတယ်။ အဲ့ဒီမှာ ဖြည့်နည်းကို အောက်မှာ ကျနော် အောက်ပုံမှာ ရှင်းပြပေးထားပါတယ်။


ဒီနေမှာ ဖြည့်စွက်မှာက အရေးကြီးလို့ ပုံမှာရော ပူတွဲ့ ရှင်းပြပေးထားပါတယ်။
 Name-  admin  ထည့်ပါ -
 Password-  မှာကပြုလုပ်မယ့်စက် နောက်ကျိုးက MAC: အဆုံးဂဏန်း ၄ လုံးကိုထည့်ပေးရပါမယ်။
အခု ပြုလုပ်တဲ့ စက်မှာက 08ED  ပါ အဲ့ဒီကုတ်ကို  အခု ထည့်ထားပါတယ်။
ပြီးရင် အောက်က
 Vaidate Code: မှာ  ကျလာတဲ့ ကုတ်ကို အသေးအကြီး မှန်အောင် ရိုက်ထည့်ပါ။
အားလုံးထည့်ပြီးရင်တော့  Login နဲ့ ဝင်သွားပါ ။ အဆင်ပြေပါတယ်။


ပြီးရင်   Basic  တစ်ချက်နှိပ်ပြီး Basic  အောက်မှာ WLAN ကို ပြန်နှိပ်ပေးပါ.


 WLAN  ကို ရောက်ရင်. SSID: ဆိုတဲ့ နေရာမှာ လက်ရှိ အသုံးပြုနေတဲ့ Wi-Fi နာမည်ပါ ။
အဲ့ဒီနေရာမှာပဲ (  အသစ် ) ကိုယ့်နှစ်သက်ရာ နာမည်တစ်ခု တည်းပေးပါ  ။


နာမည် ထည့်လိုက်ပြီးဆိုရင်  အပေါ်မှာ Vaidate Code: ကိုသွားပြီ ကုတ် ပြန်ဖြည့်ပေးပါ။


အားလုံး ဖြည့်ပြီးမှပဲ အောက်ဆုံးက  Submit ပြန်ကို နှိပ်ပေးလိုက်ပါ


အတည်ပြုချက် Browser မှာအောက်အစိမ်းရောင်လေး ဆုံးသွားအောင် ခဏစောင့်နေလိုက်ပါ ဒါဆိုတော့  Wi-Fi နာမည် ပြောင်းလို့ ပြီးသွားပါပြီ။ အောက်မှာ Password  ပြောင်နည်းပါ  ဆက်လက် လေ့လာပါဦး


Basic ရဲ့ WLAN  မှာပဲ WPA Pre-Shared Kye;  နေရာမှာ လက်ရှိ အသုံးပြုနေတဲ့ Wifi Password ပါ။
အဲ့ဒီနေရာမှာ အသစ်Password  အစားထိုးပေးရပါမယ် ။ Wifi Password  မတွေ့ရပါဘူး ။ ကိုယ့်ထည့်မယ့် Wifi Password ကို New Text  တစ်ခုမှာ မှတ်ထားပြီး  မှတ်ထားတဲ့ ဂဏန်းကို Copy ကူပြီး WPA Pre-Shared Kye; နေရာမှာPeste လုပ်ပြီး ထည့်ပေးလိုက်ပါ ။ Password ကို ၈လုံထက်အောက် ထည့်နိုင်ပါတယ်။ ပို့ သေချာအောင်လို့ပါ။


ပြီးရင်တော့ Vaidate Code: ဆီကိုသွားပြီး ကုတ် ပြန်ဖြည့်ပေးရပါမယ်။


အောက်ဆုံးက  Submit ကို ပြန်နှိပ်ပေးလိုက်ပါ



အတည်ပြုချက် Browser မှာအောက်အစိမ်းရောင်လေး ဆုံးသွားအောင် ခဏစောင့်နေလိုက်ပါ ဒါဆို Password  အသစ်လေး နဲ့ အဆင်ပြေပြီးပေါ့။


ဒါက အခု လုပ်လာတဲ့ Wi-Fi နာမည် နဲ့  သုံးနေတာပါ ။  အားလုံး အဆင်ပြေကြလိမ်မယ့်လို့ ထင်ပါတယ်။
အဆင် မပြေပါက  အောက်မှာ ပြောခဲ့ပါ။



ကျေးဇူးအထူးတင်ပါတယ်
-------------------
 လင်း(စွယ်စုံ)
Credit to  www.linmss.org
     ★★★★★★★★★  

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
★★★★★★★★★ 

Post a Comment

0 Comments

Close Menu