Ad Code

Responsive Advertisement

Iobit Smart Defrag 4.3.0.926 Free

Windows တွေမှာ Defrag လုပ်တယ်ဆိုတာ File တွေကို အစီအစဉ်တကျပြန်စီတာဖြစ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာကို စဖွင့်လိုက်ပြီဆိုတာနဲ့ Windows ရဲ့ System File တွေအလုပ်လုပ်ရပါတယ်.. ဒါ့အပြင် စာစီစာရိုက်လို၊ Photoshop လို Application Software တွေကို Run တဲ့အခါမှာလည်း Hard Disk ပေါ်မှာ ယာယီဖိုင်တွေ၊ အမြဲတမ်းဖိုင်တွေ မှတ်တယ်၊ ဖျက်တယ်. လုပ်ကြပါတယ်.. ဒါကြောင့် Hard Disk ပေါ်မှာ ဖိုင်တွေဟာ အစီအစဉ်တကျမရှိ၊ ပြန့်ကျဲနေတာကို Defrag လုပ်ပြီး နေသားတကျ ပြန်လုပ်ရပါတယ်.. ဒါမှသာ Windows က Program File တွေနဲ့ Saved File တွေကို မြန်မြန်ဆန်ဆန်ရှာဖွေ Loading လုပ်ပေးနိုင်မှာဖြစ်ပါတယ်.. Windows တွေမှာ Defrag စနစ်ကို Default အနေနဲ့ထည့်ပေးလိုက်ပေမယ့် သိပ်နှေးကွေးပါတယ်.. Hard Disk ပမာဏ ကြီးမားရင် တော်ရုံအချိန်လောက်နဲ့ မပြီးနိုင်ပါဘူး.. ဒါကြောင့် Third Party Software တစ်ခုခုကိုသုံးကြရပါတယ်.. အဲဒီထဲကမှ iOBit Smart Defrag ဟာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည်အဆောင်ဆုံး လို့ထင်ပါတယ်.. လူသုံးလည်းအများဆုံးဖြစ်ပါတယ်.. ခု နောက်ဆုံးထွက် 4.3.0.926 ကို Portable အနေနဲ့ တင်ပေးလိုက်ပါတယ်.. Portable ဆိုတော့ ကီးတောင်းတာတွေ၊ Full Version မဖြစ်တာတွေ၊ Install လုပ်ရတဲ့ ဒုက္ခတွေက ကင်းဝေးပြီး Double Click ခေါက်ရုံနဲ့ အသုံးပြုနိုင်ပါပြီ...။Windows XP/ Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။

http://disk.karelia.pro/4P9OsMj/smart-defrag-setup.exe

http://disk.karelia.pro/4P9OsMj/smart-defrag-setup.exe

Credit to   www.ayekyaw.org

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu