Ad Code

Responsive Advertisement

iOS အတွက် Swipe keyboard


Android ပေါ်မှာပဲ Swipe Keyboard ရှိပြီး iOS ပေါ်မှာကော swipe keyboard မရှိဘူးလားလို့ မေးနေသူများအတွက် ဖြစ်ပါတယ်။ iOS အသုံးပြုတဲ့ iPhone, iPad များအတွက် Wipe Keyboard ရှိပါတယ်။ ယင်းကတော့ Brilliant Keyboard for iOS 8 လို့ အမည်ရပါတယ်။ 0.99 ဒေါ်လာကနေစလို့ ဈေးအစားစားမှာ Swipe keyboard ကောင်းများ ရှိပေမယ့် အခမဲ့ ဆိုရင် Brililant Keyboard ကို ညွန်းချင်ပါတယ်။ သူက for iOS 8 သာရေးထားပေမယ့် ယနေ့ iOS များပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။

သူက Android ပေါ်က Swipe Keyboard တွေလောက်တော့ intelligent မဖြစ်ပါဘူး။ ပြီးတော့ အနည်းငယ်နှေးပါတယ်။ ဒါပေမယ့် သူ့ကို အသုံးပြုပြီး စာရိုက်တဲ့အခါ သာမန် လက်ကွက်ရိုက်တာထက်တော့ မြန်ပါလိမ့်မယ်။ Swipe keyboard ဆိုတာ အားလုံး သိကြတဲ့အတိုင်း စာရိုက်စရာ မလိုပဲ မိမိရိုက်ချင်တဲ့ စာလုံးတွေကို လက်လုံးဝ touch ကနေ မပင့်တော့ပဲ ဆက်တိုက် ဆွဲသွားရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ယင်းသို့ ဆွဲခြင်းဖြင့် အနီးစပ်ဆုံး keyword ကို keyboard ကနေပြီးတော့ ရွေးချယ်ပေးပါတယ်။

သူ့ကို install လုပ်ပြီးရင် General>Keyboard ထဲ ဝင်ပြီး Keyboard add ပါ။ ပြီးရင် သူ့ကို Full access control turn on လုပ်ပေးပြီးရင် သုံးနိုင်ပါပြီ။ Download link ကတော့ – https://goo.gl/TdyAY6 ဖြစ်ပါတယ်။
.
Ref:  အောင်ခမ်း (MMA)


အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
★★★★★★★★★ 

Post a Comment

0 Comments

Close Menu