Ad Code

Responsive Advertisement

LG Devices များအတွက် One-Click Root Script နဲ့ အသုံးပြုနည်း


LG Devices များအတွက် တကယ်အသုံးဝင်မည့် ဒီ One click Root tool ကို
အရင်လည်းကျနော်တင်ပေးထားပြီးဖြစ်မှာ ဒါပေမယ့်ရှာလို့မရဘူးဆိုပြီးပြောလာလို့
ပြန်လို့တင်ပေးလိုက်ပါတယ်။

ဒီ Tool ဖြင့် LG Device များအတွက် Android Version (4.x.x / 5.x.x) များကို
အလွယ်တကူ Root လုပ်ပေးနိုင်မှာဖြစ်ပါတယ်။


LG One Click Root ကိုဖန်တီးပေးသူကတော့ XDA မှ
Developer တစ်ယောက်ဖြစ်တဲ့ avicohh ဖြစ်ပါတယ်။

ယခုဖေါ်ပြပါ Tool သည် LG devices များအတွက် အောက်ပါဖုန်းများကို
လုံးဝ Support လုပ်ပေးနိုင်ပါသည်။

ှSupported Devices
===========
LG G3 (all variants)
LG G3 Beat
LG G2 ( all variants)
LG G2 Mini
LG G Pro 2
LG G Pad
LG F60
LG L90
LG Tribute
LG Spirit
LG Volt
LG G Vista

LG ဖုန်းများအတွက် USB Driver မရှိသေးရင်တော့အောက်ကလင့်မှာ
ဒေါင်းလော့ရယူပြီးကွန်ပျူတာမှာ Install ပြုလုပ်ထားလိုက်ပါ။

LG USB Driver (all versions) များနဲ့ ကွန်ပျူတာမှာ Install ပြုလုပ်နည်း

Root လုပ်ရန်အတွက် သက်ဆိုင်ရာ One click Root tool များကို
အောက်ကလင့်များမှာ ဒေါင်းလော့ရယူလိုက်ပါ

Download Here LG One Click Root 1.2 (Not Graphic UI)

Download Here LG One Click Root 1.3 (Graphic UI)

Graphic UI vaersion 1.2 ကို Root လုပ်နည်း
========================
၁။ LG One Click Root 1.2 ဗားရှင်း Tool ကိုအရင်ဒေါင်းလော့ရယူပါ။
Zip ဖိုင်ကိုဖြေလိုက်ပါ၊ ဖုန်းမှာ USB Debugging ကို One ပေးထားပါ။

၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။

၃။ ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်တော့၊ LG Root Script.bat ဆိုတာကို
Run ပေးလိုက်ပါ၊ အောက်ပါပုံကိုကြည့်ပါ။


၎။ Rooting process တစ်ခုပြုလုပ်နေတုန်း ခနစောင့်နေလိုက်ပါ။

၅။ အားလုံးပြီးသွားရင်တော့ ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

Graphic UI vaersion 1.3 ကို Root လုပ်နည်း
========================
၁။ LG USB Drivers ကိုကွန်ပျူတာတွင် Install ပြုလုပ်ထားပါ။

၂။ LG One Click Root 1.3 ကိုဒေါင်းလော့အရင်ရယူပါ။
Zip ဖိုင်ကိုဖြေလိုက်ပါ။

၃။ Settings > Developer> Usb debugging ကို On ပေးထားပါ။

၎။ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်ပေးလိုက်ပါ။

၅။ ဖုန်းကိုကွန်ပျူတာကသိပြီဆိုတာနဲ့ LG Root Script.bat file ဖိုင်ကို
ဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်းမြင်နေရပါလိမ့်မယ်။

၆။ Root လုပ်ရန်အတွက် အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့
Root Tool မှ Start ဆိုတာကိုနှိပ်ပေးလိုက်ပြီး။


၇။ Rooting process တစ်ခုကို ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
အားလုံးပြီးသွားရင်တော့ သင့်ဖုန်းမှာ Root Access ရရှိနေပါလိမ့်မယ်။

MTP and PTP ပြသနာကိုဖြေရှင်းနည်း
====================
ဖုန်းကို ကွန်ပျူတာက မသိဖူးအဆင်မပြေဖြစ်နေခဲ့ရင်တော့
သင့်ကွန်ပျူတာမှာ Visual C++ Re-distributable လိုအပ်နေတာဖြစ်ပါတယ်။

တကယ်လို့သင့်ကွန်ပျူတာမှာ Install လုပ်ထားပြီးသားမရှိသေးဘူးဆိုရင်တော့
Visual C++ Re-distributable ကို သက်ဆိုင်ရာ OS ဗားရှင်းအလိုက် Install ပြလုပ်ထားရပါမည်။

Visual C++ Re-distributable 32 bit ကိုအောက်ကလင့်မှာရယူပါ


Visual C++ Re-distributable 64 bit ကိုအောက်ကလင့်မှာရယူပါ


သင်ဆိုင်ရာ Visual C++ Re-distributable ကိုကွန်ပျူတာမှာ
Install ပြုလုပ်လိုက်ပါ၊ ပြီးရင် ဖုန်းကိုကွန်ပျူတာမှ Not recognize ပြသနာ
အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

How to use One-Click Root Script 
====================

Ref-http://forum.xda-developers.com

အားလုံးကိုကျေးဇူးတင်ပါတယ်

ဇူးနစ်(နည်းပညာ)
Credit to  www.zunite.org

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu