Ad Code

Responsive Advertisement

LG G3 Android 4.4.2 ကို Root အလွယ်ဖောက်နည်း

LG G3 ဖုန်း Android 4.4.2 ဗားရှင်းကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
ioroot.bat ဖြင့် အလွယ်တကူ Root လုပ်နည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Root လုပ်မယ်တော့မယ်ပဲဖြစ်ဖြစ် Firmware ရေးတော့မယ်ပဲဖြစ်ဖြစ်
အဲဒီဖုန်းတစ်လုံးအတွက် သက်ဆိုင်ရာ USB ကိုတော့ကွန်ပျူတာမှာ
 Install လုပ်ထားဖို့လိုအပ်ပါလိမ့်မယ်၊

LG ဖုန်းများအတွက် USB Driver မရှိသေးရင်တော့အောက်ကလင့်မှာ
ဒေါင်းလော့ရယူပြီးကွန်ပျူတာမှာ Install ပြုလုပ်ထားလိုက်ပါ။

LG USB Driver (all versions) များနဲ့ ကွန်ပျူတာမှာ Install ပြုလုပ်နည်း

How to Root LG G3
============
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ၊ Airplane Mode ကို ဖွင့်ထားပါ။

၂။ ဖုန်းကို Download Mode သို့ဝင်ပါ၊ Volume Up ကိုဖိနှိပ်ထားပြီး
ဖုန်းကိုကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်နေရရင်
Download Mode သို့ရောက်နေပါပြီ။


၃။ ဒေါင်းလော့ရလာတဲ့ ioroot Tool zip ဖိုင်ကိုဖြေလိုက်ပါ
အောက်ပါပုံလေးကိုကြည့်လိုက်ပါ။ ကွန်ပျူတာကဖုန်းကိုသိအောင်ပြုလုပ်ထားပါ။

၎။ ioroot.bat ဖိုင်ကိုဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်း Command Box
ဖြင့်ပွင့်လာတဲ့အခါ press any key ဆိုပြီး ကီးဘုတ်မှ ကီးတစ်ခုခုကို
နှိပ်ခိုင်းနေတာဖြစ်တဲ့အတွက် Enter ကီးပဲဖြစ်ဖြစ်တစ်ခုခုကိုနှိပ်လိုက်ပါ၊


၅။ Rooting process တစ်ခုပြုလုပ်နေတုန်းခနစောင့်ပေးပါ၊
အားလုံးပြီးသွားရင်တော့ ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၆။ Google Play Store မှ SuperSu app ကို Install ပြုလုပ်ပေးလိုက်ပါ



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu