Ad Code

Responsive Advertisement

OnePlus X ဖုန်း Android 5.1 Lollipop ကို Root လုပ်နည်း

OnePlus X ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
Android 5.1 Lollipop ဗားရှင်းကို Root လုပ်နည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ OnePlus X ဖုန်းမှာ အချို့သော additional apps များကို
 install ပြုလုပ်လို့မရပဲဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ဖုန်းကို Root လုပ်ပေးရမှာပဲဖြစ်ပါတယ်၊ Root Access သာရှိနေရင်တော့
Google Play store ပေါ်မှ မိမိအတွက်လိုအပ်မယ့် အကောင်းဆုံး app များကို
 အလွယ်တကူ install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


သင့်ဖုန်းကို SuperSu ဖြင့် Root လုပ်မှာဖြစ်တဲ့အတွက် TWRP recovery
သွင်းထားဖို့လိုအပ်ပါလိမ့်မယ်၊ တကယ်လို့ သွင်းပြီးသားမရှိသေးဘူးဆိုရင်တော့
OnePlus X ဖုန်းကို TWRP recovery အလွယ်သွင်းနည်းကိုအောက်မှာလေ့လာကြည့်လိုက်ပါ။

OnePlus X ဖုန်းကို TWRP recovery အလွယ်သွင်းနည်း

How to Root
=======
၁။ SuperSu file ကိုအောက်ကလင့်မှာဒေါင်းလော့ရယူပါ

Download Here SuperSu File

၂။ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်ပြီး ဒေါင်းလော့ရလာတဲ့
SuperSu file ကို SD Card သို့ကူးထည့်လိုက်ပါ။

၃။ ဖုန်းကို Custom recovery mode သို့ဝင်ပေးရပါမယ်၊
Volume Down and Power buttons များကိုတွဲနှိပ်ထားလိုက်ပါ။

၎။ တကယ်လို့ Backup ပြုလုပ်ဖို့လိုအပ်မယ်ဆိုရင် လုပ်ထားလိုက်ပါ။

၅။ "Install" ဆိုတာကိုရွေး၊ SD Card မှ SuperSu File ကိုရွေးချယ်ပေးလိုက်ပါ။

၆။ Install ပြုလုပ်ရမယ့် SuperSu file အသင့်အနေထားဖြစ်ပါက install ပြုလုပ်ပါ။

၇။ SuperSu file ကို install ပြုလုပ်ပြီးသွားတဲ့အခါ Reboot ချပေးလိုက်ပါ၊
 ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)



အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
★★★★★★★★★ 

Post a Comment

0 Comments

Close Menu