Ad Code

Responsive Advertisement

Sony Xperia ဖုန်းများအတွက် XperiFirm ကိုအသုံးပြုပြီး Firmware များကိုဒေါင်းလော့ရယူနည်း


ဒီနေ့ကျနော်ပြန်လည်မျှဝေပေးချင်တာလေးတစ်ခုကတော့
Sony Smart Phone ဆိုင်ရာ တကယ့်တန်ဖိုးရှိတဲ့ Tutorial တစ်ခုဖြစ်ပါတယ်။

စမတ်ကျပြီး အရမ်းလူကြိုက်များနေတဲ့ Sony Xperia ဖုန်းများအတွက်
XperiFirm ကိုအသုံးပြုပြီး Firmware များကိုဒေါင်းလော့ရယူနည်းကို
Android ဖုန်းဆိုင်ရာလေ့လာနေကြတဲ့ညီအကိုများအတွက် တင်ပေးလိုက်ပါတယ်။



ဒီ Sony ဖုန်းများအတွက် Official က တိုက်ရိုက် Rolling out စနစ်ဖြင့် ပေးနေခဲ့ရင်တော့
ဘယ်သောအချိန်မဆို လိုင်းကောင်းနေရင် Firmware Update ကိုအလွယ်တကူရယူနိုင်ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် Firmware Update တင်ယူချင်ပေမယ့် အဆင်မပြေဖြစ်နေကြတဲ့
အချို့သော ဖုန်း Tab တွေအတွက် ယခုကျနော်တင်ပေးလိုက်တဲ့ နည်းက မိမိဖုန်းအတွက် လိုအပ်နေတဲ့
အသစ်တက် Firmware Update များ အလွယ်တကူ ဒေါင်းလော့ရယူနိုင်မှာပဲဖြစ်ပါတယ်။

ယခုဖေါ်ပြပါ Tutuorial သည်က Sony Xperial Devices အားလုံးအတွက်
ဖြစ်ပြီး Official ၏ နောက်ဆုံးထွက် ဗားရှင်းများကို တစ်ထိုင်တည်းနဲ့ ရယူနိုင်မှာပဲဖြစ်ပါတယ်။

ဒါပေမယ့် သင့်အတွက် လိုအပ်ချက်တစ်ခုကတော့ Internet Connection ကောင်းနေရပါမယ်
Firmware များကိုဒေါင်းလော့ရယူရာ၌ အဆင်ပြေမှုမပြေမှုများသည် သင့်အင်တာနက်ဆွဲအားပေါ်မှာသာ
မူတည်မှာဖြစ်ပြီး လိုင်းဆွဲအားကောင်းခဲ့ရင်တော့ $ ပေးဝေနေရတဲ့ Firmware များကို သင်ပိုင်ဆိုင်နိုင်ပြီဖြစ်ပါတယ်။


How to Download Firmware with XperiFirm
==============================
၁။ ပထမဆုံး XperiFirm ကိုအရင်ဒေါင်းလော့ရယူပါ
ပြီးရင် zip ဖိုင်ကို ဖြေလိုက်ပါ။


၂။ XperiFirm.exe ဖိုင်ကို ဖွင့်လိုက်ပါ။


၃။  XperiFirm ပွင့်လာတဲ့အခါ ဘယ်ဘက်ခြမ်း ထိပ်ဆုံးမှ Smartphone ဆိုတဲ့
စာတမ်းရဲ့အောက်မှာ Sony Xperia ဖုန်းနဲ့ Tab များအတွက် Models အစုံကိုတွေ့ရပါလိမ့်မယ်။


၎။ မိမိဖုန်းအတွက် လိုအပ်မယ့် ဖုန်း Model ကိုလိုက်ရှာပြီး ဒေါင်းလော့ရယူရမှာဖြစ်ပါတယ်။
မိမိဖုန်းရဲ့ About Device ကိုအရင်ကြည့်ပါ၊ တိကျပြီဆိုမှ လိုအပ်တဲ့ ဖုန်း အမျိုးအစားနေရာကို
တစ်ချက်ထောက်လိုက်ပါ၊ ကျနော်ကတော့ Xperia Z1/Z1s ကိုရွေးထားလိုက်ပါတယ်။


၅။ ကျနော်အနီဖြင့်ဝိုင်းပြထားတဲ့ ဘယ်ဘက်ခြမ်း Xperia Z1/Z1s ရဲ့အောက်
နေရာများသည် ဖုန်း Models အတွက် ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး အလယ်မှ
 CDA/Market/Operator ရဲ့ နေရာကတော့ Service Info > Software Info များဖြစ်ကြပါတယ်။

ဒီနေရာမှာ CDA ဆိုတာ Customization Number ကိုပြောပါတယ်၊ 
ဥပမာ-*#*#7378423#*#* စတဲ့ဖုန်းမှာပါတဲ့နံပါတ်ကိုညွှန်းပေးထားတာဖြစ်ပါတယ်။


၆။ အနီဖြင့်ဝိုင်းပြထားတဲ့ နံပါတ် (၁) ကိုတစ်ချက်နှိပ်ပါ၊
ကျနော့်အတွက်လိုအပ်တာက Xperia Z1 ဖြစ်နေတော့
( C6903 ) ကိုရွေးနှိပ်လိုက်တာပဲဖြစ်ပါတယ်။

နံပါတ် (၂) နေရာတွင် Check all ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ။ 
ဒီနေရာမှာ Check all နှိပ်ရတာက Firmware ရဲ့အသေးစိတ်ကိုမြင်နေရအောင်လို့ဖြစ်ပါတယ်။

နံပါတ် (၃) နေရာမှာတော့ ကျနော်က Xperia Z1/Z1s ဖုန်းအတွက် 
Thailand Customized TH ကိုပဲ ရွေးထားပါတယ်၊ ဒီဖုန်းအတွက် နောက်ဆုံးထွက် 
Lollipop Android 5.0.2 ဖြစ်ပြီး Build 14.6.A.1.216/R1D ဖြစ်ပါတယ်။

နံပါတ် (၄) နေရာတွင် မြင်နေရတဲ့ နံပါတ်များနဲ့ အက္ခရာများသည် 
မိမိဖုန်းရဲ့ Build Number ဖြစ်ပါတယ်။


၇။ မိမိအတွက် လိုအပ်မယ့် ဖုန်းရဲ့ Models နဲ့ အသေးစိတ်အချက်အလက်များကို
သိရှိပြီးတဲ့အခါ Firmware ကိုဒေါင်းလော့ရယူရန်အတွက် (၄) နံပါတ်နေရာတွင် 
Build No တစ်ခုခုကို တစ်ချက်နှိပ်လိုက်ပါ။


၈။ သက်ဆိုင်ရာ Build No ကိုတစ်ချက်နှိပ်လိုက်တဲ့အခါ အောက်ပါပုံအတိုင်း 
Firmware ကိုဒေါင်းလော့ရန်အတွက် dialog box တစ်ခုကျလာပါလိမ့်မယ်။ 
Download ဆိုတာတစ်ချက်နှိပ်လိုက်ပါ

၉။ အောက်ပါပုံအတိုင်း  Browser for Folder တက်လာတဲ့အခါ 
ဒေါင်းလော့ရယူလိုက်တဲ့ Firmware ကိုကွန်ပျူတာရဲ့ သိမ်းဆည်းထားလိုတဲ့နေရာကို
Folder တစ်ခုတည်ဆောက်ပြီး ညွှန်းပေးရမှာဖြစ်ပါတယ်။

New Folder တစ်ခုကိုတည်ဆောက်ရန်အတွက် Make New Folder ဆိုတာကိုနှိပ်ပြီး
မိမိသိမ်းဆည်းထားလိုတဲ့နေရာမှာ တည်ဆောက်ပေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်ပါ။


၁၀။ Folder တည်ဆောက်ပြီးတဲ့အခါ အဲဒီနေရာကိုတစ်ချက်နှိပ်ပြီး 
OK ကိုဆက်နှိပ်ပေးလိုက်ပါ။


၁၁။ Firmware ကိုသိမ်းဆည်းရန်အတွက် သက်ဆိုင်ရာ Location ကို
ရွေးချယ်ပြီးသွားတာနဲ့ အောက်ပါပုံအတိုင်း သူ့အလိုလို စတင် Download စတင်နေပါလိမ့်မယ်။


၁၂။ ဘာမှထပ်လုပ်စရာမလိုတော့ပဲ စောင့်နေပေးလိုက်ရုံပါပဲ မိမိရဲ့ Internet Connection 
အပေါ်မူတည်ပြီး Firmware ကိုဒေါင်းလော့ရန်တွင် အနည်းအမြန်တော့ရှိနေပါလိမ့်မယ်။


ဒေါင်းလော့လုပ်ခြင်းကိစ္စပြီးဆုံးသွားတဲ့အခါ သင်အသစ်တည်ဆောင်ထားတဲ့ Firmware Folder ထဲမှာ
XperiFirm ကနေဒေါင်းလော့ရယူထားတဲ့ Xperia Firmware အထင်းသားရောက်ရှိနေပါလိမ့်မယ်။

သိမ်းဆည်းထားချင်တဲ့သူတွေအတွက် E-book လေးလုပ်ပေးထားပါတယ်
အောက်မှာဒေါင်းလော့ရယူလိုက်ပါ

Download Here E-Book Here

အားလုံးအတွက် ကြိုးစားလျှက်

ဇူးနစ်(နည်းပညာ)
Credit to www.zunite.org


အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
★★★★★★★★★ 

Post a Comment

0 Comments

Close Menu