Sony Xperia Z5 Compact ကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
October 30, 2015 ရက်နေ့မှာ အသစ်ထွက်ရှိလာတဲ့ Kernel ကိုအသုံးပြုပြီး
Root လုပ်နည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Root မလုပ်မှီပြင်ဆင်ထားသင့်တာတွေကတော့ Sony USB Driver ကိုကွန်ပျူတာမှာ
Install လုပ်ထားရပါမယ်၊ ပြီးရင် Developer Option ကို On ပေးထားရပါမယ်။
Sony USB Driver ကို ကွန်ပျူတာမှာ Install ပြုလုပ်နည်းနဲ့
ဆော့ဝဲကိုအောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ
Sony USB Driver for Windows
ADB Fastboot for Windows
Click Here to Download Rooting Package File
Click Here to Download Custom kernel
HOW TO ROOT SONY XPERIA Z5 COMPACT
==========================
၁။ အပေါ်မှာပေးထားတဲ့ Rooting Package File ကိုဒေါင်းလော့ရယူပါ
၂။ Custom Kernel File ကိုဒေါင်းလော့ရယူပါ။
၃။ ဒေါင်းလော့ရလာတဲ့ဖိုင်းနှစ်ဖိုင်ကို ADB Fastboot Folder မှာထားပါ။
၎။ ပြီးရင် Zip ဖိုင်ကိုဖြေလိုက်ပါ။
၅။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
၆။ Fastboot Folder ကိုဖွင့်လိုက်ပါ၊ ပြီးရင် ကီးဘုတ်မှာ Shift key ကိုနှိပ်ပြီး
မောက်စ်မှာ right-click တစ်ချက်ထောက်ပြီး command window here ဆိုတာကိုနှိပ်လိုက်ပါ၊
၇။ ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင်တော့ ADB Command Box မှာ
အောက်ပါစာသားများကို မှန်အောင်ရိုက်ထည့်လိုက်ပါ
“adb reboot bootloader” ပြီးရင် Enter ကိုခေါက်ပါ။
၈။ အထက်ပါအတိုင်း “adb reboot bootloader” ပဲထပ်ရိုက်ထည့်ပါ။
Enter ကိုထပ်ခေါက်ပါ။
၉။ “fastboot -S 256M flash system system-rooted.img” ဆိုပြီး
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။
Rooting Flash တစ်ခုပြုလုပ်နေတုန်းအချိန်အနည်းငယ်ကြာနိုင်ပါတယ် စောင့်ပေးလိုက်ပါ။
၁၀။ အားလုံးပြီးသွားရင်တော့ “fastboot reboot”. ဆိုပြီးရိုက်ထည့်ပေးပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါလိမ့်မယ်။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Credit to www.zunite.org
အဆင်ပြေပါစေ
ကျိုက္ခမီသားလင်းနိုင်ဦး
ကျိုက္ခမီသားလင်းနိုင်ဦး
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji