Ad Code

Responsive Advertisement

YGDP Tool ကိုကွန်ပျူတာမှာ Install ပြုလုပ်နည်း


YGDP Tool ဆိုတာကတော့ Android Device တွေအတွက်
Firmware ရေးသားနိုင်တဲ့ Flash Tool တစ်မျိုးဖြစ်ပါတယ်။

ပြီးတော့ CPB Format Stock Rom များကို အလွယ်တကူ
Firmware ရေးသားပေးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။


ဒီနေရာမှာ CPB ဆိုတာက Coolpad = Yulong စကားကနေဆင်းသက်လာတာပါ
သူရဲ့အဓိပါယ်အပြည့်အစုံကတော့ Yulong General Download Platform ဖြစ်ပါတယ်။

အထူးသဖြင့် Coolpad ဖုန်းများရဲ့ Official Firmware များကို
အလွယ်တကူ Flash ပြုလုပ်ပေးနိုင်တဲ့ Tool ဖြစ်ပါတယ်။

ဆက်ပြီးပြောချင်တာလေးတစ်ခုကတော့ CPB Format မှန်ရင်
Coolpad ဖုန်းတစ်မျိုးသာမဟုတ်ပဲ၊ တစ်ခြားဘယ် စမတ်ဖုန်း အမျိုးအစားကိုမဆို
 Stock Rom & Custom Rom များကို ဒီ Tool ဖြင့် Firmware ရေးသားပေးနိုင်ပါတယ်။

YGDP_Setup_V3.83_Beta ကိုအောက်ကလင့်မှာရယူပါ
Beta ဗားရှင်းဖြစ်ပါတယ်၊ အသုံးပြုရတာပိုအဆင်ပြေပါတယ်။


တကယ်လို့အခြားသော YGDP Tool (all versions) ကို
ရယူချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ။

YGDP Tool (all versions) အားဒေါင်းလော့ရယူပါ

How to install YGDP Tool
=================
၁။ ဒေါင်းလော့လာတဲ့ Zip ဖိုင်ကိုဖြေလိုက်ပါ၊
YGDP_Setup_V3.83.exe ဖိုင်ကို Run ပေးလိုက်ပါ။

၂။ အောက်ပါပုံအတိုင်း Welcome to the YGDP ဆိုပြီး
ပြနေတဲ့အခါ Installation ကိုစတင်ရန်အတွက် Next ကိုနှိပ်ပါ။


၃။ အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ Next ကိုနှိပ်ပါ။


၎။ Select Start Menu Folder ပေါ်လာခဲ့ရင်လည်း Next ကိုထပ်နှိပ်ပါ။


၅။ Ready to install တက်လာခဲ့ရင် Install ကိုနှိပ်ပါ။


၆။ အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင်တော့ Finish ကိုနှိပ်ပါ၊
 YGDP Tool ကိုအောင်မြင်စွာဖြင့် ကွန်ပျူတာမှာ Install ပြုလုပ်ပြီးပါပြီ။


အားလုံးကိုကျေးဇူးတင်ပါတယ်

ဇူးနစ်(နည်းပညာ)
Credit to  www.zunite.org

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu