Ad Code

Responsive Advertisement

Android OS ဖုန်းများတွင် App ကို Uninstall လုပ်၍မရခြင်းနှင့် Magnification Gesture အကြောင်း


Android OS ဖုန်းတွေမှာရှိနေတဲ့ App တွေကို ကိုယ်အသုံး မလိုအပ်တော့တဲ့အချိန်မှာ Uninstall ပြန်လည်ပြုလုပ် တတ်ကြပေမယ့် အချို့သော App တွေဟာ Uninstall ပြန်လည်ပြုလုပ်ချိန်မှာ ပြုလုပ်လို့မရ ဖြစ်နေတတ်တာမျိုးတွေလည်း ရှိပါတယ်။ 


ဘာကြောင့်လဲ ဆိုရင်တော့ အချို့သော App တွေဟာ ဖုန်းထဲကို Install ပြုလုပ်ထည့်သွင်း 
အသုံးပြုချိန်မှာ သာမာန်အတိုင်း အသုံးပြုရတာမျိုး မဟုတ်ပဲ ဖုန်းရဲ့ 
Device Administrator ထဲမှာသွားပြီးတော့  Activate ပြုလုပ်မှတ်သား 
ပေးထားတာမျိုးတွေလည်း ရှိနေလို့ပါ။ 

Device Administrator ထဲမှာ ထည့်သွင်းထားတဲ့ App ကို ဒီတိုင်း Uninstall ပြုလုပ်လိုက်လို့ မရပါဘူး။ 
ဒီ App တွေကို Uninstall ပြုလုပ်တယ် ဆိုရင်လည်း Activate လုပ်ထားတာကို ဖြုတ်ပေးဖို့အတွက် ဖုန်းကညွှန်ကြား နေတတ်ပါတယ်။ ဒါကြောင့် Uninstall ပြုလုပ်လို့မရ ဖြစ်နေတတ်ပါတယ်။ 

ဒီလိုဖြစ်နေတယ် ဆိုရင်တော့ ကိုယ့်ရဲ့ Device Administrator ထဲကိုသွားပြီး 
Activate ကို Deactivate ပြန်လည်ပြုလုပ် ပေးရပါလိမ့်မယ်။

Deactivate ပြုလုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting ထဲကိုသွားပါ။ 
Setting ထဲမှာ Security ဆိုတဲ့ စနစ်ထဲကို သွားပါ။ အချို့ဖုန်းတွေမှာတော့ Safety & Privacy ဆိုတာမျိုးလည်း ရှိပါတယ်။ Security ထဲမှာ Device Administrator ဆိုတာ ရှိနေပါတယ်။



Device Administrator ထဲကို ဝင်လိုက်ရင်တော့ Activate ဖြစ်နေတဲ့ App တွေကိုမြင်တွေ့ ရပါလိမ့်မယ်။ Activate ဖြစ်နေတဲ့ App တွေဟာ အမှန်ခြစ်လေးတွေ ရှိနေပါတယ်။ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ရင် Activate ပြုတ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ App ကို Uninstall ပြုလုပ်လို့ရနိုင်ပြီ ဖြစ်ပါတယ်။ 

အချို့ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုကြတဲ့ Screen Lock App လို App တွေနဲ့ အချို့ Location App တွေ၊ Remote Control App လိုမျိုးတွေဟာ Activate ပြုလုပ်ပြီး အသုံးပြုကြရတာ များပါတယ်။

ဒုတိယတစ်ခုဖြစ်တဲ့ Magnification Gesture ဆိုတာကတော့ ဖုန်းခေါ်တဲ့ Key Pad ပေါ်မှာ သက်ရောက်မှုရှိတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုထားမယ် ဆိုရင်တော့ ကိုယ့်ရဲ့ Phone Keypad ဟာ Double Tap, Triple Tap တွေ နှိပ်မိတဲ့အချိန်မှာ အရွယ်အစား ကြီးလာတာမျိုး ဖြစ်လာတတ်ပါတယ်။ 

ဒါကြောင့် ဖုန်းခလုတ်တွေကို မြန်မြန်နှိပ်တတ်တဲ့ သူတွေနဲ့ နံပါတ်မှားယွင်းသွားလို့ Back ခလုတ်ကို သွက်သွက်နှိပ်တဲ့ သူတွေအနေနဲ့ Magnification Gesture စနစ်ဝင်နေမယ် ဆိုရင်တော့ ကီးဘုတ်ဟာ ကြီးလာပြီး အပြည့်မမြင် ရတော့တဲ့အတွက် ဒါဟာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နေမှာပါ။



Magnification Gesture စနစ်ဟာ အမြင်အာရုံအားနည်း သူတွေအတွက် ရည်ရွယ်တဲ့စနစ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖုန်းခေါ်မယ့် အချိန်မှာ ဖုန်းခလုတ်တွေကို သေချာမမြင်ရဘူးဆိုရင် Keypad ပေါ်မှာ Double Tap, Triple Tap တွေကို နှိပ်လိုက်တာနဲ့ ကီးဘုတ်ဟာ ကြီးမားလာပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ 

ကီးဘုတ်ကို ကြီးမားစွာမြင်တွေ့ရတယ် ဆိုပေမယ့်လည်း မြင်ကွင်းကတော့ 
ဖုန်းရဲ့ Screen နဲ့ မဆံ့တဲ့ အတွက် ကီးဘုတ်ကို အသုံးပြုချိန်မှာ ဓာတ်ပုံကို 
Zoom ချဲ့ပြီး ကြည့်သလိုမျိုး ဘေးဘယ်ညာ ပွတ်ဆွဲပြီး နှိပ်ရပါလိမ့်မယ်။

ဒီစနစ်ကို အသုံးပြုချင်တယ် ဆိုရင်ပဲဖြစ်ဖြစ် ပိတ်ချင်တယ်ဆို ရင်ပဲဖြစ်ဖြစ်
 ပထမဆုံးဖုန်းရဲ့ Setting ထဲကိုသွားပါ။

Setting ထဲမှာ Accessibility ဆိုတာရှိပါတယ်။ အချို့ဖုန်းတွေ မှာတော့ Accessibility ကိုတိုက် ရိုက်မပြထားပဲ More ထဲမှာ ထည့်သွင်းထားတာမျိုးလည်း ရှိပါတယ်။ Setting Search ဘားထဲမှာ Accessibility လို့ရိုက်ပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။ 

Accessibility ထဲကိုဝင်လိုက်ရင်တော့ ဒီထဲမှာ Magnification Gesture ဆိုတဲ့ စနစ်ကို မြင်တွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်ကစနစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ On လုပ်ပြီး ဖွင့်ပေးနိုင်သလို ပိတ်ချင်တယ်ဆိုရင်လည်း Off လုပ်ပြီး ပိတ်လိုက်နိုင်ပါတယ်။ 

Magnification Gesture စနစ်ဟာ ကီးဘုတ်ကို ကြီးမားတဲ့မြင်ကွင်းအဖြစ် ပြောင်းလဲပေးနိုင်တယ်ဆိုပေမယ့် ဒီစနစ်ဟာ ဖုန်းခေါ်တဲ့ Keypad ခလုတ်တွေပေါ်မှာပဲ သက်ရောက်မှုရှိနိုင်ပြီး Message ရိုက်တဲ့ စာကီးဘုတ်ပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။






Credit : Internet Journal


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu