Ad Code

Responsive Advertisement

Asus Zenfone 4,5,6 တို့ကို Firmware တင်နည်း

hqdefault
လတ်တလော အသုံးများလာတဲ့ Asus Zenfone 4, Zenfone 5, Zenfone 6 တို့ကို Firmware တင်နည်းအကြောင်းတင်ဆက်ပေးချင်ပါတယ်။ Asus Zenfone များကို Firmware တင်ဖို့အတွက်လိုအပ်တဲ့ ကွန်ပျူတာ Tool ဖြစ်တဲ့ Asus FlashTool Installer ကိုအောက်က link ကနေအရင်ရယူပါ။
ပြီးရင် Asus Zenfone 4,5,6 တို့အတွက် Firmware ကိုရယူပါ။ မိမိဖုန်းနဲ့သက်ဆိုင်ရာ Firmware ကိုရယူပါ။
Asus Zenfone 4 (A400CG)
Asus Zenfone 5 (A500CG)
Asus Zenfone 6 (A600CG)
ပြီးရင် ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးရင် ခုနက Download လုပ်ထားတဲ့ Asus Zenfone Flash Tool ကိုဖွင့်ပါ။ ပြီးရင် ဖုန်းကို USB ကြိုးအသုံးပြုပြီး ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။ အောက်ပုံထဲကအတိုင်း Asus Flash Tool ဟာ ကွန်ပျူတာမှာ ဖုန်းကိုချိတ်ဆက်လိုက်တာကို သိပါလိမ့်မယ်။ Asus Flash Tool ထဲမှာ ဖုန်းရဲ့ Serial Number နဲ့ပြပေးပါလိမ့်မယ်။ အောက်ပုံထဲကအတိုင်းပါ။
အောက်ပုံမှာပြထားတဲ့ နံပါတ်စဉ်အတိုင်းဆက်လုပ်ပါ။ ကိုယ့်ဖုန်းရဲ့ Model နံပါတ်ကိုရွေးပေးပါ ။ ဥပမာ – Zenfone 4 ဆိုရင် A400CG ။ Wipe Data မှာ Yes (or) No တစ်ခုခုေ၇ွးပါ။ ဖုန်းကိုလုံးဝအသစ်အနေအထားအတိုင်း Firmware တင်ချင်တယ်ဆိုရင်တော့ Yes ကိုပဲရွေးပေးပါ။ Box icon လေးကိုနှိပ်ပြီး ခုနက Download ရယူခဲ့တဲ့ ကိုယ့်ဖုန်းနဲ့သက်ဆိုင်တဲ့ Firmware ဖိုင်ကိုရွေးပါ။ ပြီးရင် Asus Flash Tool ထဲမှာ Device List ထဲမှာ ကိုယ့်ဖုန်းရဲ့ Serial Number နဲ့ Device ကို Select လုပ်ပါ။ ပြီးရင် Start ကိုနှိပ်ပြီး Firmware စတင်လို့ရပါပြီ။

Firmware တင်ချိန်ဟာ ခြောက်မိနစ်ခန့် ကြာမြင့်နိုင်ပါတယ်။ Firmware တင်ပြီးသွားပြီဆိုရင်တော့ Flash Image Successfully ဆိုပြီးပေါ်ပါမယ်။ အောက်ပုံထဲကအတိုင်းပါ။
ဒါဆိုရင်တော့ Asus Zenfone 4,5,6 ကို Firmware တင်ပြီးသွားပြီဖြစ်ပါတယ်။ ဖုန်းကိုပါဝါဖွင့်ပြီး စသုံးလို့ရပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ။

Ref: Asuszenfoneblog
Thet Naing Soe (Myanmar Mobile App)
http://www.facebook.com/thetnaing.mmas

Post a Comment

0 Comments

Close Menu