Ad Code

Responsive Advertisement

ASUS450cg (Zenfone-4-T00Q) V-4.4.2ကို Rootအလွယ်လုပ်ပြီး မြန်မာစာအမှန်ထည့်နည်း


ဒီနေ့ တော့ ဦးလေးကြီး မိတ်ဆွေများအတွက်ASUS450cg (Zenfone-4-T00Q)v-4.4.2ကို Rootဖောက်နည်းလေးတင်ပြပေးမှာဖြစ်ပါတယ်
ဦးလေးကြီးလည်း မအားတာကြောင့် Postမတင်ဖြစ်တာမဟုတ်ပါဘူး လိုင်းလုံးဝမကောင်းတာကြောင့်
မတင်ဖြစ်တာပါ ဦးလေးကြီးကို နေမှကောင်းရဲ့ လားလို Messageပို့ ပြီး မေးမြန်းတဲ့ မိတ်ဆွေများ ကျေးဇူးတင်ပါတယ်  -ပြီးတော့ ဦးလေးကြီးမတင်ဖြစ်တဲ့ 
ရက်တွေမှာ ပါဝင်ကူညီပြီးရေးသားပေးတဲ့  ၀ါသနာသူ ဝေမျှသူ မိတ်ဆွေများကိုလည်းကိုလည်း ကျေးဇူးတင်ပါတယ် -ဦးလေးကြီး ခုဖော်ပြမယ့် Rootဖောက်နည်းကို မေးထားတဲ့ သူများနဲ့ ဝါသနာပါသူများလည်း ဦးလေးကြီး အတတ်နိုင်နည်း
လွယ်ကူအောင် ပုံနဲ့ တကွဖော်ပြပေးပါမယ့် ဘာလိုလဲဆိုတော့ ခုမှစတင်လေ့လာနေသူများကတော့
ဒီလိုဒီလို ဖောက်-ပေါက်တယ်လို ရေးပေးရင် လုံးဝနားလည်မှာမဟုတ်ပါဘူး ပြီးတော့ Videoနဲ့ ပါတွဲတင်ပေးပါလိုပြောထားတဲ့ မိတ်ဆွေများ ဦးလေးကြီး နောက်ပိုင်း postတွေမှာ အချိန်ရရင်
ရသလိုတွဲတင်ပေးပါမယ် ခုတော့ ဒီလောက်နဲ့ ပဲ အတတ်နိုင်ဆုံး နားလည်အောင်ပုံနဲ့ တကွစာသားပါ
သေချာလိုက်ဖတ်ပြီးလေ့လာပေးပါ
 Root ဖိုင်းနဲ့   Driverကို ASUS450cg (T00Q)-VS IntelAndroidDrvSetup နှစ်ခုကို Zipချုပ်ပြီးတင်ပေးထားပါတယ်
ပြီးတော့ Font Changer VS Root Checker And Rooting photoကိုzipချုပ်ပြီးတင်ပေးထားပါတယ်
မိမိတို့ Rootလုပ်ရင်အဆင်ပြေအောင် Rootပြုလုပ်ပုံအဆင့်ဆင့်ကို ပုံတွေထည့်ပေးထားပါတယ်
Downloads link 5ခုဆီချပေးထားပါတယ် မိမိတို့  နှစ်သက်တဲ့ Downloads linkကနေတခုဆီပဲဒေါင်းယူပါ

အရင်ဆုံးလိုအပ်တာအရင်ရယူပေးပါ


 free Downloads link ASUS450cg (T00Q)-VS IntelAndroidDrvSetup
 free Downloads link  Font Changer VS Root Checker And Rooting photo

1.အကုန်လုံးဒေါင်းယူပြီးပါက Driverကို ASUS450cg (T00Q)-VS IntelAndroidDrvSetup  Zipဖြည့်ချလိုက်ပါ  IntelAndroidDrvSetupကိုအရင် PCမှာအရင် သွင်းလိုက်ပါ(Install)
ပြီးပါက Settingsကိုသွားပါ


2.About Phoneကိုထက်ဝင်ပါ Software information ကိုနှိပ်ပြီးဝင်လိုက်ပါ

3. Build Numberပေါ်ကိုလက်ဖြင့် ၇ချက်နှိပ်လိုက်ပါ ဒါဆို 
Developer optionsပေါ်ပါလိမ့် မယ်



4.Developer optionsကိုဝင်ပြီး USB debugging checkမှာအမှန်ခြစ်လိုက်ပါ။(Point)


5. ပြီးပါက Power offလုပ်လိုက်ပါ


 6.ပါဝါပိတ်သွားပြီးဆိုပါက Power key + Volume key အသံကျယ်+
ကိုနှစ်ခုစလုံးကို ဖိနှိပ်ပါ


 7.Recovery ထဲရောက်သွားပါလိမ့်မယ် ဒီနေရာတခုပြောပြချင်းပါတယ်
ဦးလေးကြီး က Recoveryလိုပြောတာပါ ဒါပေမယ့် fastbootထဲရောက်သွားတာပါ
အလွယ်နည်းနဲ့  ဦးလေးကြီး လူနားလည်အောင် ပြောပြပေးတာပါ
အောက်ကပုံလိုရောက်ရှိနေပါလိမ့်မယ်


8.  fastbootထဲရောက်ရှိသွားပါင်္ပြီး

ReBOOT_DROIDBOOT
REBOOT
SD Download
Power off 
စသည်တို့ ကို မိတ်ဆွေတို့ မြင်တွေရမှာဖြစ်ပါတယ်
ဖုန်းနဲ့ PCနဲ့ ချိပ်ဆက်လိုက်ပါ


9. ASUS450cg (Zenfone-4-T00Q)Rootဖိုင်းကိုဖွင့်လိုက်ပါ
ဖိုင်းထဲမှာ  ပြုလုပ်ပုံ ဖတ်ပေးပါဆိုတဲ့ Notepadကိုဖွင့်လိုက်ပါ



10. ပုံမှာဖော်ပြထားတဲ့ အတိုင်း
fastboot flash update rootzen450.zipကို အရင် Copyကူးလိုက်ပါ

 

11.ASUS450cg (Zenfone-4-T00Q)Rootဖိုင်းထဲက OPENဆိုတဲ့  CMD Batကိုဖွင့်လိုက်ပါ
မိမိတို့ ကူးယူလာတဲ့ fastboot flash update rootzen450.zipကို Pasteလုပ်လိုက်ပါ


 12.Pasteချပေးပြီးသောအခါ မိတ်ဆွေတို့ က Enterတချက်နှိပ်လိုက်ပါ



 13.autoလုပ်ဆောင်ပေးပါလိမ့်မယ် ခဏအတွင်းပါဝါကျသွားပါလိမ့်မယ်


14. android ပုံနဲ့  ဘာတန်းလေးအပြည့်ပေါ်သွားပြီး
rebootကျပြီးပြန်တတ်လာရင် Rootဖောက်လိုအောင်မြင်သွားပါပြီး


15. အောက်ကပုံကိုကြည့်ပါ Super Su App လေးရောက်ရှိနေပါလိမ့်မယ်
Rootပေါက်သွားရင်ပေါ့


16. သင့်တကယ်လို Rootပေါက်ပေါက်မပေါက်ပေါက် ထက်စစ်ဆေးချင်တယ်ဆိုရင်ပေါ့
 Root Checker Basicကိုဦးလေးကြီးအပေါ်zipထဲမှာထည့်သွင်းပေးထားပါတယ်


 17. Root Checker Basicကိုစစ်ဆေးရင် စတင် ထောက်ခံချက်တောင်းလာရင်
Grant ကိုသာနှိပ်ပေးလိုက်ပါ



18.Congratulations! Root Access is Properly installed  on this device! လိုစာတန်းပေါ်နေပါလိမ့်မယ် အမှန်ခြစ်လေးနဲ့ ပေါ့
 


 19.မြန်မာစာအတွက်တော့ အပေါ်မှာဒေါင်းယူလာတဲ့ Zipဖိုင်းထဲက
MM Aio Font Changer Pro (Beta)ကို Installလုပ်ပြီးပြောင်းလဲအသုံးပြုလိုက်ပါ
ဒီ  Zenfone-4-T00Q နဲ့ MM Aio Font Changer Pro (Beta)ဟာ မြန်မာစာထည့်ရန်အတွက်
90%လောက်ကိုက်ညီပါတယ်


 20. ဦးလေးကြီးကတော့ အဆင်ပြေသွားပါပြီး မိတ်ဆွေတို့ ကကော




ဦးလေးကြီးကို ဖုန်းဆက်ပြီး မေးမြန်းထားတဲ့ မိတ်ဆွေများ-ဒီpostကနေပဲပြောကြားလိုက်ပါတယ်
Iphone-ipadစသည် ဖုန်းများအတွက် Softwareပဲသွင်းသွင်း Gameပဲသွင်းသွင်း
မိတ်ဆွေတို့  ဥပမာ-မိတ်ဆွေတို့ I Phoneက 64GBရှိတယ်ဆိုပါဆို
ဦးလေးကြီး 64GB အပြည့် မိမိတို့ စိတ်တိုင်းကျ Software+Gameများကို အပြည့် သွင်းပေးပါမည်
ပိုက်ဆံကတော့ ဦးလေးကြီး 20000 ပဲယူပေးပါမယ်

 iOS အတွက်  firmwareများကိုလည်း နောက်ဆုံးထွက်မှ အရင်အဟောင်းများအပါအ၀င်
မိမိတို့ စိတ်တိုင်း ၀ယ်ယူလိုရပါသည် 
 ဖုန်းဆက်ပြီးမေးမြန်းထားတဲ့ မိတ်ဆွေများ ဦးလေးကြီး နယ်မပို့ ပေးပါဘူး
 


ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)






Post a Comment

0 Comments

Close Menu