Ad Code

Responsive Advertisement

မရမ်းသီးနှင့်ဗော့ကျိတ်ပုစွန်ဆိတ်ကြော်


ပာင်းချက်နည်းများ
1 hr · 
မရမ်းသီးနှင့်ဗော့ကျိတ်ပုစွန်ဆိတ်ကြော်
•••••••••••••••••••••••••••••••••••••
မရမ်းသီးနုနု................၁၅ကျပ်သား
ဗော့ကျိတ်ပုစွန်ဆိတ်.....၂၀ကျပ်သား
ငါးပိ...........................၁ဇွန်း
ငရုတ်သီးခွဲကြမ်းမှုန့်.......၂ဇွန်း
ကြက်သွန်နီ.. ...............၁လုံး
ကြက်သွန်ဖြူ.................၅တက်
ခရမ်းချဉ်သီး..................၁လုံး
မရမ်းသီးကိုပါးပါးလှီးပြီးဆားပါသောရေတွင်(၅)မိနစ်ခန့်
စိမ်ထားပါ။
ပုစွန်ဆိတ်လေးတွေကိုရေဆေးသန့်စင်ကာရေခြောက်အောင်စစ်ပြီးအရသာအနည်းငယ်နည်းထားပါ။
ကြက်သွန်နီ ၊ ဖြူ ကိုညှက်အောင်ထောင်းပြီးခရမ်းချဉ်သီး
ကိုပါးပါးလှီးပါ။
ဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားသောအရောကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်ခရမ်းချဉ်သီးထည့်ပေါင်းပြီးဆီသတ်ပါ။
ခရမ်းချဉ်သီးနွမ်းလာလျှင်ငါးပိကိုထည့်ကြော်ပါ။သမအောင်မွှေပြီးသွားလျှင်ငရုတ်သီးခွဲကြမ်းမှုန့်တွေထည့်ကြော်ပါ။
ရေစင်အောင်စစ်ထားတဲ့မရမ်းသီးလေးတွေထည့်ပါ။
ငါးငံပြာရည်၊ဟင်းခတ်မှုန့်၊သကြားအနည်းငယ်တို့ဖြင့်အရသာသွင်းပါ။
မရမ်းသီးတွေအတော်လေးနွမ်းပြီဆိုမှအရသာနယ်ထားတဲ့ပုစွန်ဆိတ်တွေထည့်ပေါင်းပါ။
ရေခမ်း၊ဆီပြန်ပြီးခြောက်သွေ့သည်အထိကြော်ပေးထားလျှင်အခန်းအပူချိန်မှာ(၁)ပတ်လောက်အထိထားပြီးသုံးဆောင်နိူင်ပါတယ်။





Post a Comment

0 Comments

Close Menu