Ad Code

Responsive Advertisement

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၅)



(4) Adverbs of frequency ( အကြိမ်ရေပြ ကြိယာဝိသေသနများ)
Always, usually, normally, often, sometimes, occasionally, seldom, hardly ever, never စတဲ့ အကြိမ်ရေကိုပြတဲ့ စကားလုံးများဖြစ်ပါတယ် ၊ တစ်လုံးတည်းသာမက from time to time, once in a month စတဲ့ စကားစု phrase များလည်းပါဝင်ပါတယ် .. How often? ဆိုတဲ့မေးခွန်းရဲ့ အဖြေနဲ့ကိုညီတဲ့စာလုံးဟာ adverb of frequency ပဲဖြစ်ပါတယ် ။
.
(4.a) Always, often, never စတဲ့ Indefinite frequency (မတိကျတဲ့အကြိမ်ရေပြ) များနဲ့
.
(4.b) Yearly, once, twice, three times စတဲ့ Definite frequency (တိကျတဲ့အကြိမ်ရေပြ) စသည်ဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်..
……………………………………………………
(4.a) Indefinite frequency က သုံးစွဲပုံ ပိုများတဲ့အတွက် သူ့ကိုအရင်ပြောချင်ပါတယ် ၊ ၀ါကျထဲမှာ ထားတဲ့နေရာတွေကတော့
.
(4.a.1) အများအားဖြင့် main verb ရဲ့ရှေ့မှာထားလေ့ရှိပါတယ် ။ (An adverb of frequency goes before a main verb.)
.
e.g. I (often) GO to the cinema. 
ကျနော် ရုပ်ရှင်ရုံကို မကြာခဏ သွားလေ့ရှိပါတယ်
e.g. I (seldom) READ the newspaper.
ကျနော်သတင်းစာကို ဖတ်ခဲပါတယ် (ဖတ်တာအလွန်နည်းတယ်)
.
အများစုဟာ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့် သဘောကို ပြဖို့သုံးတာဖြစ်တဲ့အတွက် main verb ကို ပထမကြိယာ first verb (V1), positive form ကိုပဲအသုံးများတယ်ဆိုတာကို သတိပြုပါ ..
သို့သော်လည်း အတိတ်က အလေ့အကျင့်ကို ဖေါ်ပြချင်တဲ့အခါမျိုးမှာတော့ past tense အနေနဲ့သုံးနိုင်ပါတယ် (Adverbs of frequency can be used with all forms of the past tense, although the placement of the adverb may vary in situations.) 
.
e.g. He (always) CARRIED an umbrella. (a past habit)
သူက ထီးတစ်ချောင်းကို အမြဲယူသွားခဲ့ပါတယ် (ယူသွားခဲ့လေ့ရှိပါတယ်)
...............................
(4.a.2) Verb to be ပါလို့ရှိရင် သူ့နောက်မှာထားပါတယ် ။ (An adverb of frequency goes after the verb to Be.)
.
e.g. She WAS (always) kind to me.
သူမက ကျနော့်ကို အမြဲတန်းပဲ ကြင်နာခဲ့ပါတယ်
....................................
(4.a.3) အကူကြိယာများရဲ့နောက်မှာထားပါတယ် ။ (When we use an auxiliary verb (have, will, must, might, could, would, can, etc.), the adverb is placed between the auxiliary and the main verb. This is also true for to be.)
.
e.g. I can (never) remember his name.
ကျနော် သူ့နာမည်ကို ဘယ်တော့မျှ မမှတ်မိနိုင်ပါ
.............................
(4.a.4) အကူကြိယာ နှစ်ခု (သို့) နှစ်ခုထက်ပိုပြီးပါနေရင် ပထမဆုံးတစ်ခုရဲ့နောက်မှာထားပါတယ် ။ When there are two or more auxiliaries, the adverb usually go after the first.
.
She WOULD (never) HAVE BEEN PROMOTED if she hadn’t changed jobs.
သူမအလုပ်တွေကိုသာ ပြောင်းရွှေ့မပြီးခဲ့လျင် ဘယ်တော့မျှ ရာထူးတိုးခံရပြီးလိမ့်မည် မဟုတ်ပါ
( ** Subject က She ဖြစ်နေသော်လည်း would နောက်ကမို့လို့ have ပဲလိုက်တယ် has မသုံးရပါ )
............................
(4.a.5) Usually, normally, often, frequently, sometimes, Occasionally တို့ကို ၀ါကျရှေ့ဆုံးမှာထားနိုင်ပါတယ် ။ ( Usually, normally, often, frequently, sometimes, Occasionally can go in front position.)
..
(Usually) I get up early.
အစဉ်အမြဲပဲ ကျနော် မနက်စောစော အိပ်ရာထပါတယ်
.....................................
(4.a.6) Usually, normally, often, frequently, sometimes, Occasionally တွေကို (အကြိမ်ရေကို) အလေးပေးဖေါ်ပြချင်တဲ့အခါ ၀ါကျနောက်ဆုံးမှာ ထားနိုင်ပါတယ် ။ ( Usually, normally, often, frequently, sometimes, Occasionally. These adverbs can go end position if they are the main focus of the message)
..
e.g. I go there (occasionally).
ကျနော် အဲဒီကို အခါအခွင့်သင့်သလို သွားပါတယ်
I get very depressed (sometimes).
ကျနော် တစ်ခါတရံမှာ အလွန်စိတ်ဓါတ်ကျရပါတယ်
.....................
(4.a.7) Always, ever, never, rarely, seldom တို့ကိုတော့ ပုံမှန်အားဖြင့် ၀ါကျရှေ့ဆုံးမှာထားလို့မရပါဘူး ၊ သို့သော်လည်း အမိန်းပေး ၊ မေတ္တာရပ်ခံ ၊ ခွင့်ပြု ၊ တားမြစ် ၊ သတိပေး ၊ အကြံပြု ၊ ညွှန်ကြား စတဲ့ imperative sentences တွေမှာတော့ Always နဲ့ never တို့ကို ရှေ့ဆုံးမှာထားပြီး သုံးနိုင်ပါတယ် ။ (Always, ever, never, rarely and seldom cannot normally go in front position. However, always and never can begin imperative clauses.)
..
e.g. (Always) look in the mirror before starting to drive.
ကားစပြီးမမောင်းခင် မှန်ကို ( နောက်ကြည့်မှန်ကို) အမြဲတန်းပဲ ကြည့်ပါ
e.g. (Never) ask her about her marriage.
သူမရဲ့အိမ်ထောင်ရေး အကြောင်းကို ဘယ်တော့မှ မမေးပါနဲ့
..............................
(4.a.8) Hardly ever, seldom, rarely, never တို့ဟာ အကြိမ်ရေ အလွန်နည်းလွန်းတဲ့အတွက် အငြင်းသဘောပါပြီး ဖြစ်ပါတယ် ၊ ဒါကြောင့် negative word တွေ ထပ်ထည့်ရင် အငြင်းနှစ်ခုထပ် ( Double negative ) ဖြစ်ပြီးမှားတတ်တာကို သတိထားပါ ။ ၀ါကျဟာ အငြင်းသဘော ဖြစ်ပြီးသားမို့ no တို့ not တို့ကို ထပ်မထည့်ရပါဘူး ။
..
e.g. She (hardly ever) comes to my parties. 
သူမ ကျနော့်ရဲ့ပါတီပွဲတွေကို မလာသလာက်ပါပဲ (လာတော့လာဖူးတယ် တစ်သက်မှတစ်ခါဆိုသလိုမျိုး)
(Hardly ever ကို almost never နဲ့ အတူတူသဘောထားပြီးသုံးတာ တွေ့ဖူးပါတယ် )
She almost never comes to my parties. နဲ့ အတူတူပါပဲ
..
(4.a.9) အဲဒီ negative adverb တွေကို အငြင်းသဘော ၊ ဖြစ်နိုင်ခဲတဲ့သဘောကို ဦးစားပေးပြောချင်တဲ့အခါ ရှေ့ထုတ်ပြီး သုံးလေ့ရှိပါတယ် ၊ အဲလို Negative word တွေကိုရှေ့မှာထားပြီး သုံးတဲ့အခါ နောက်ဝါကျကို အစီအစဉ်ပြောင်း (Inversion လုပ်) ပေးရပါတယ် .. Subject နဲ့ auxiliary verb (အကူကြိယာ) ကို နေရာပြောင်းပေးလိုက်ရပါတယ်
.....
e.g. (Never) would I do that. ( I would > would I)
ကျနော် အဲဒါကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး
(I would never do that. ကို လေးနက်အောင် ပြောင်းသုံးတာပါ ၊ ဘာသာပြန်ရင် ဒီအတိုင်းပြန်လို့ရပါတယ် ၊ Inversion ၀ါကျတွေကို ဒီလို အဖြောင့်အတိုင်းပြန်ထားပြီး ဘာသာပြန်တာက ပိုလွယ်ပါကြောင်း ဟင်းစားပေးယုံမျှမက ကွန်ချက်ကိုပါပြလိုက်ပါတယ်)
e.g. (Rarely) had he seen such a beautiful sunset. ( he had > had he)
သူ ဒီလိုမျိုး လှပတဲ့နေ၀င်ချိန်မျိုးကို ကြုံတောင့်ကြုံခဲ မြင့်ခဲ့ရပါပြီ 
……………………………………………
(4.b) Definite frequency များသုံးစွဲပုံကို ဆက်လက်ပြီး တင်ပြပါမယ်
hourly, daily, weekly, monthly, yearly, every second, once a minute, twice a year, once, twice, once or twice, three times စတဲ့ တိကျတဲ့ အကြိမ်ရေပြ စာလုံးများပဲ ဖြစ်ပါတယ် 
..................................
(4.b.1) ပုံမှန်အားဖြင့်ဝါကျရဲ့နောက်ဆုံးမှာ ထားလေ့ရှိပါတယ် (Adverbs of definite frequency typically go in END position.)
..
e.g. Most companies pay taxes (yearly).
ကုမ္ပဏီအများစုဟာ အခွန်ငွေကို နှစ်စဉ် ပေးဆောင်ပါတယ် (မယုံရေးချ မယုံ ၊ ပုံပြင်လို့သာ မှတ်လိုက်ပါ )
e.g. I visit to my parents (every other week).
ကျနော် မိဘတွေဆီကို တစ်ပတ်ခြား သွားရောက်ဂါရ၀ပြုပါတယ် (နှစ်ပတ်တစ်ကြိမ်)
.............................
(4.b.2) အထူးပြုဖေါ်ပြချင်တဲ့အခါ အချို့ adv တွေကို ၀ါကျရှေ့ဆုံးမှာထားပါတယ် (Usually for reasons of emphasis or style, some adverbs of definite frequency may go at the FRONT.)
...........
Every year, more than five hundred people die on the highway roads.
နှစ်စဉ်နှစ်တိုင်းပဲ အဝေးပြေးလမ်းမတွေပေါ်မှာ လူပေါင်း ငါးရာကျော် သေဆုံးပါတယ်
...................................
(4.b.3) နေ့ရက်တွေကို နောက်က “s” ပေါင်းလိုက်ရင် အဲဒီနေ့ရဲ့ နေ့တွေတိုင်း လို့ ဆိုလိုပါတယ် (A day of the week with 's' at the end (for example 'on Sundays ') means the same as 'every Sunday'.)
e.g. I relax on Sundays.
တနင်္ဂနွေနေ့တွေတိုင်းမှာ ကျနော် အပန်းဖြေ အနားယူပါတယ် 
……………………..
အမှားအယွင်း အနည်းငယ်ပါရှိပါက ပြောပေးကြပါ ပြန်လည်ပြင်ဆင်ပါ့မယ်ခင်ဗျာ
ကျွမ်းကျင်မှုများရနိုင်ကြပါစေ
မေတ္တာဖြင့်… 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu