Ad Code

Responsive Advertisement

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၃)



အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သုံးစွဲပုံ သုံးစွဲနည်း လေးတွေကို ကျနော်က ရေးသားလာရာမှာ ပုံမှန်သုံးရိုးသုံးစဉ်တွေထက်ပိုပြီး စာပေရေးသားရာမှာ ၊ ဖွဲ့ဆိုရာမှာ စသည်ဖြင့် သုံးတဲ့ပုံစံတွေလည်း ရောပါသွားတတ်ပါတယ် ၊ ကျောင်းသားသုံးသဘောမျိုး အခြေခံတွေချည့်ပဲ ရေးသွားတာမျိုး မဟုတ်ဘဲ တွေ့တာ မြင်တာ သိတာတွေကို ရေးသွာချင်တဲ့သဘောမို့လို့ ၊ ယူကြသူများကိုယ်တိုင်ပဲ သင့်တော်သလိုပိုင်းဖြတ်ပြီး သုံးကြဖို့ ၊ ကိုယ်သုံးစွဲရမယ့်ဘောင်နဲ့ချိန်ညှိပြီး သုံးကြပါလို့ အကြံပြုလိုပါတယ် .. 
.
(2) Adverbs of Place ( နေရာပြ ကြိယာဝိသေသနများ)
..............................
Here, there, upstairs, in London, out of the window,… စတဲ့နေရာကိုပြတဲ့ ကြိယာဝိသေသနများ ဖြစ်ပါတယ် ၊ where ဆိုတဲ့မေးခွန်းရဲ့ အဖြေဖြစ်နေတယ်ဆိုရင် အဲဒီစကားလုံးဟာ Place adverb ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ၊ ၀ါကျထဲမှာသုံးတဲ့နေရာတွေကတော့ ..
.
(2.1) ပုံမှန်အားဖြင့် ၀ါကျရဲ့ နောက်ဆုံးမှာ ထားလေ့ရှိပါတယ်
..
The children are playing (upstairs).
ကလေးတွေ အပေါ်ထပ်မှာ ဆော့နေကြတယ်
Don’t throw orange peel (out of the window).
လိမ္မော်ခွံတွေကို တံခါးအပြင်ဖက် ပစ်မထုတ်ပါနဲ့
(2.2) ပုံမှန်မဟုတ်တဲ့ အသုံးကတော့ 
.
စာပေအရေးအသားမှာသုံးတဲ့အခါ
Adverb ဟာ ပေးချင်တဲ့ message ရဲ့ focus လုပ်တဲ့အရာ မဟုတ်ဘူးဆိုလျင် ၀ါကျရှေ့ဆုံးမှာလည်း ထားနိုင်တယ်လို့ဆိုပါတယ် .. ( Front position is also possible, especially in literary writing if the adverb is not the main focus of the message. In this case the verb often comes before the subject. လို့ရေးထားပါတယ်
ဥပမာ.. 
(At the end of the garden) there was a very tall tree.
ပန်းခြံရဲ့အဆုံးမှာ အလွန်မြင့်မားတဲ့ သစ်ပင်ကြီးတစ်ပင် ရှိခဲ့ပါတယ် ။
(သစ်ပင်ကြီးရှိခဲ့တာကိုသာ အလေးထားပြောလိုခြင်း ဖြစ်တယ်လို့ သိနိုင်ပါတယ် )
** ရှေ့မှာတုန်းကရေးခဲ့တဲ့ Manner adverb နဲ့ သဘောချင်းဆန့်ကျင်နေတာကို သတိထားမိ စေလိုပါတယ် ၊ Manner adverb မှာတုန်းက စိတ်ဝင်စားစေလိုတဲ့အတွက် ရှေ့ဆုံးကိုပိုခဲ့တယ် ၊ အခု Place adverb မှာတော့ အဓိပ္ပါယ်ကို ဖေါ့ပြီး ဖျော့ပြီး ယူစေချင်တဲ့ အတွက် ရှေ့ကိုရောက်လာ ပြန်တယ် ဆိုတာကို နှိင်းယှဉ်ခွဲခြား မှတ်သားနိုင်ပါတယ် ။
........................................................
(2.3) Adverbs of Direction ( ဦးတည်ရာပြ ကြိယာဝိသေသနများ )
........................................................
ဒီနေရာမှာ Place adverb နဲ့ဆက်စပ်မှုရှိတဲ့ adverb of direction ( movement ) တွေကို ခေါင်းစဉ်ခွဲ အနေနဲ့ ဆက်ပြီးပြောသွားလိုပါတယ်..
Straight on, ahead, forward, towards (EN), toward (US), away, into, across, through, past, along, around, in, out, to .. စတဲ့ ရွေ့လျားမှု (သို့) ဦးတည်ရာကိုပြတဲ့ adv များဖြစ်ပါတယ် ၊ တော်တော်များများကိုတော့ preposition (၀ိဘတ်) များအဖြစ်လည်း သိခဲ့ကြပြီးဖြစ်ပါလိမ့်မယ် ။ သုံးတဲ့နေရာကိုလိုက်ပြီး စကားလုံးရဲ့ လုပ်ဆောင်မှုကွဲပြားသွားတဲ့သဘောဖြစ်ပါတယ် ..
.
Direction adverb များဟာ Place adverb များရဲ့ရှေ့ကထားလေ့ရှိပါတယ် 
.
Walk (past) (the bank) and keep going (to) (the end of the street).
ဘဏ်ကိုလွန်ပြီးလျှောက်ပါ ပြီးတော့ လမ်းရဲ့ အဆုံးကို ဆက်သွားလိုက်ပါ ။
.
The children are running (around)(upstairs).
ကလေးတွေ အပေါ်ထပ်မှာ ပတ်ပြီး ပြေးနေကြတယ်
..
အခုဒီနေရာအထိ ရေးခဲ့တာတွေဟာ Michael Swan ပြုစုပြီး Oxford press ကနေထုတ်တဲ့ Practical Usage English စာအုပ်ရဲ့ စာမျက်နှာ (၁၃၄) မှ ရေးသားချက်များကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်..
အချက်အလက် များပြား စုံလင် တိကျတဲ့ စာအုပ်ဖြစ်ပြီး မကြာခဏကိုးကားကြတဲ့ စာအုပ်ဖြစ်ပါတယ် ။ ………………………………………………………………………..
တာဝန်နှစ်ခုထမ်းတဲ့ စာလုံးတွေအတွက် Preposition နဲ့ Adverb ခွဲခြားပုံလေးကို ကျနော်ရဲ့ လေ့လာမှုလေးများနဲ့ပေါင်းစပ်ပြီး ဆက်လက်တင်ပြသွားပါမယ်
.
ပထမဆုံးဒါလေးတွေကို မှတ်ထားလိုက်ပါ
.
1. Preposition ဟာ ၀ါကျထဲက အရာဝတ္ထုနှစ်ခုကိုဖြစ်စေ အကြောင်းအရာ နှစ်ခုကိုဖြစ်စေ ဘယ်လို ဆက်စပ်နေသလဲ ဆိုတာကို ပြပါတယ်
.
2. Preposition ရဲ့နောက်မှာ Noun (Object) လိုက်လေ့ရှိပြီးတော့ Adverb နောက်မှာတော့ Object လိုက်လေ့မရှိပါ
.
3. Verb နဲ့ ဆက်စပ်မှုကိုစဉ်းစားပြီး verb ကို အထောက်အကူပြုနေရင် Adverb ပဲဖြစ်ပါတယ်
.
စဉ်းစားကြည့်ကြပါစို့
Mg Mg walked (toward) the meeting room (inside) the office. 
မောင်မောင်ဟာ ရုံးခန်းမ အတွင်းမှာရှိတဲ့ အစည်းအဝေးခန်းဆီသို့ လျှောက်သွားခဲ့ပါတယ်
..
ပထမစာလုံး toward ဟာ မောင်မောင် ဘယ်ဆီကို လျှောက်သလဲဆိုတာကို ပြတယ် ၊ ဒါကြောင့် walk ကို အထူးပြုနေတာဖြစ်တဲ့အတွက် direction adverb ဖြစ်ပါတယ် ၊ နောက်က လိုက်လာတဲ့ the meeting room ဟာ ဘယ်နေရာဆီကိုလျှောက်သလဲဆိုတာကို ပြတဲ့ Place adverb ဖြစ်ပါတယ် ။
..
ဒုတိယစာလုံး inside ကျတော့ meeting room နဲ့ office ဘယ်လိုဆက်စပ်တည်ရှိနေသလဲ ဆိုတာကို ပြပါတယ် ၊ ဒါကြောင့် preposition ဖြစ်ပါတယ် ၊ inside ရဲ့နောက်မှာ သူ့ရဲ့ Object ဖြစ်တဲ့ the office လည်း ရှိနေပါတယ် ။
.
အဲဒီ inside ကိုပဲ နောက်တစ်မျိုးကြည့်ရအောင်
..
I opened the box and looked inside.
ကျနော် သေတ္တာကိုဖွင့်ပြီး အတွင်းဖက်ကို ကြည့်ခဲ့တယ် ။
..
ဒီနေရာမှာ inside ဟာ ဘယ်နေရာကို ကြည့်သလဲဆိုတာကို ပြနေတဲ့အတွက် look ဆိုတဲ့ verb ကို အထူးပြုတယ် ၊ ဒါကြောင့် adverb ဖြစ်ပါတယ် ။ စသည်ဖြင့် ခွဲခြားသိနိုင်ကြပါတယ် ။
..
ရှုပ်ထွေးသွားမလားတော့ မသိပါ ၊ ဒါပေမယ့် ရသလောက်တော့ ယူပါ ၊ grammar ကို မသိလည်းပဲ အလေ့အကျင့်များရင် သွက်သွက်လက်လက် ဖြစ်သည်ထိ ရေး ၊ ဖတ် ၊ ပြော ၊ နားထောင် လို့ရပါတယ် သို့သော်လည်း သိတဲ့အခါမှာ ဖတ်ရ နားထောင်ရတာတွေ ပိုပြီး အရသာရှိလာမယ် ၊ အကြောင်းအရာပိုင်းတွင် မကတော့ပဲနဲ့ အရေးအသားပိုင်းကိုပါ နားလည်လာမယ် ၊ ရေးတာ ပြောတာတွေ ပိုပြီးပီပြင်လာမယ် ၊ စိတ်ကြိုက်ခြယ်မှုန်းလာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ ။
.
မေတ္တာဖြင့် … 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu