Ad Code

Responsive Advertisement

♪ APPLE IPHONE SE ♫


iPhone 7 ထွက်လာမယ်လို့ ထင်ထားကြပေမယ့် တကယ်တမ်း ထွက်လာတာကတော့ iPhone SE ဖြစ်နေပါတယ်။ iPhone SE ကို Apple က မတ်လ ၂၁ ရက်မှာ ပွဲထုတ်မိတ်ဆက်ခဲ့တာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာ စတင်ဖြန့်ချိ ရောင်းချပါတော့မယ်။ SE အတွက် အမှာစာတွေကိုလည်း လက်ခံနေပါပြီ။ ယူနိုက်တက်ကင်းဒန်း (UK) အတွက် မတ်လ ၂၄ ရက်ကတည်းက အမှာစာ လက်ခံခဲ့တာ ဖြစ်ပါတယ်။
16 GB နဲ့ 64 GB ဆိုပြီး နှစ်မျိုးထွက်လာမှာဖြစ်ပြီး အရောင်က Silver, Gold, Space Grey and Rose Gold တို့နဲ့ တွေ့ရမှာဖြစ်ပါတယ်။ ထူးခြားတာက မျက်နှာပြင် ၅.၅ လက်မအရွယ် Phablet တွေ ခေတ်စားနေတဲ့ အချိန်မှာ Apple က မျက်နှာပြင် ၄ လက်မအရွယ်နဲ့ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့က 16 GB ကို ကန်ဒေါ်လာ ၃၉၉ နဲ့ 64 GB ကို ကန်ဒေါ်လာ ၄၉၉ သတ်မှတ်ထားပါတယ်။

အားသာချက်
iPhone 5/5S cases ရဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ သုံးနိုင်ပြီး iPhone 6S ကို အသေးချုံ့ထားတယ်လို့ ထင်ရပါတယ်။ ကိုင်တွယ်လို့ကောင်းတဲ့ ၄ လက်မအရွယ်အစားဖြစ်ပါတယ်။ ပရိုဆက်ဆာနဲ့ ကင်မရာတို့က အတော်ကောင်းပါတယ်။
အားနည်းချက်
Selfie ကင်မရာကို အဆင့်မြှင့်ထားတာ မတွေ့ရပါဘူး။ 3D Touch လည်း ပါမလာပါဘူး။ ကြည့်ကောင်းတယ်လို့ဆိုပေမယ့် ယခင်ဒီဇိုင်းဟောင်း iPhone 5S နဲ့ အမွှာလို့တောင် ပြောနိုင်ပါတယ်။

ခြုံငုံသုံးသပ်ချက်
လက်ထဲမှာ ကိုင်ထားရတာက iPhone 5S ကို ကိုင်ထားရတယ်လို့ ခံစားရပေမယ့် သုံးလိုက်တဲ့အခါမှာ iPhone 6S ကို သုံးရတယ်လို့ ခံစားရမှာပါ။ ဒီဇိုင်း၊ ကင်မရာ၊ feature နဲ့ စွမ်းဆောင်ရည်တွေကို ခြုံကြည့်ရင် အတော်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းကို Web-browsing ဆက်တိုက်လုပ်မယ်ဆိုရင်တော့ ဘက်ထရီက ၁၂ နာရီကနေ ၁၃ နာရီကြား အသုံးခံပါတယ်။ Touch ID ပိုင်းကလည်း အထူးပြောဖို့မလိုပါဘူး။
Display 
4-inch 1136x640 (326 ppi)
Storage
16GB or 64GB storage
Processor
A9 processor
RAM
2GB
Camera
12 megapixel (rear), 4K video recording, Live Photos - 1.2 megapixel (front-facing), Retina Flash for dim lighting
Connectivity
802.11ac Wi-Fi, LTE, Voice over LTE, Wi-Fi calling
Colors 
space gray, silver, gold, rose gold
Ref: CNET

Credit to ==> Internet Journal

Post a Comment

0 Comments

Close Menu