Ad Code

Responsive Advertisement

စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၁)


စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၁)
..............................................................................
Modal verb တွေကို သုံးပြီး စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြနိုင်တဲ့ပုံစံတွေကို တင်ဆက်ပါမယ်
The modal verbs are .. CAN, COULD, MAY, MIGHT, SHALL, SHOULD, WILL and WOULD.
The modals are used to do things like talking about ability, asking permission making requests, and so on.
.....................................
(1.1) Ability: စွမ်းရည် ၊ အရည်အချင်း ကို ဖေါ်ပြဖို့
....................................
We use “can” to talk about someone’s skill or general abilities:
CAN ကိုသုံးပြီး တစ်စုံတစ်ယောက်ရဲ့ ကျွမ်းကျင်မှု အရည်အချင်း စွမ်းရည် စသည်တို့ကို ဖေါ်ပြနိုင်ပါတယ်
.
(1.1.1) She can speak several languages.
သူမက ဘာသာစကား တော်တော်များများ ကို ပြောနိုင်ပါတယ် (အရည်အချင်း ၊ ကျွမ်းကျင်မှု)
(1.1.2) He can swim like a fish.
သူက ငါးလို ရေကူးနိုင်တယ် (စွမ်းရည်)
.....................................
(1.2) We use can to talk about the ability to do something at a given time in the present or future:
CAN ကိုစွမ်းရည်အတွက် အသုံးပြုရာမှာ present အတွက်ရော future အတွက်ပါ အသုံးပြုနိုင်ပါတယ် ၊ present အတွက်လား future အတွက်လား ဆိုတာ ၀ါကျအနေအထားကိုကြည့်ရမှာဖြစ်ပါတယ် ..
.
(ဥပမာ if clause ပါတဲ့ ၀ါကျတွေမှာ can နဲ့ သင့်တော်လျင် will အစားသုံးလို့ရပါတယ် ၊ တကယ်တော့ will နေရာမှာ သင့်တော်ရာ Modal verb တစ်ခုခုကို လိုသလို သုံးနိုင်ပါတယ် ၊ Tense ပြောင်းမသွားပါဘူး ၊ will ကို မြင်လျင် future လို့သိပေမယ့် can ကိုတွေ့တဲ့အခါ future form မထင်ပဲ ဖြစ်တတ်လို့ပါ)
.
(1.2.1) You can make a lot of money if you are lucky.
မင်းကံကောင်းလျင် ပိုက်ဆံတွေအများကြီး ရှာနိုင်လိမ့်မယ် ( ပိုက်ဆံရှာနိုင်တာ အရည်အချင်းပဲလေ)
( ဒီမှာဆို can ပါတဲ့ဖက်က future ပါ ၊ if ဖက်က conditional clause ပါ)
(1.2.2) Help. I can’t breathe.
ကယ်ကြပါဦး ၊ ကျနော် အသက်မရှုနိုင်တော့ဘူး
(1.2.3) They can run but they can’t hide.
သူတို့ ထွက်ပြေးနိုင်ကြပါတယ် ၊ ဒါပေမယ့် (မတွေ့အောင်တော့) သူတို့ မပုန်းနိုင်ကြပါဘူး
..................................
(1.3) We use “could” to talk about past time:
Could ကို အတိတ်အချိန်ကာလနဲ့ ပတ်သက်ပြီး ပြောဖို့ သုံးနိုင်ပါတယ်
(Could ကို can ရဲ့ past tense form အဖြစ်သုံးနိုင်ပါတယ် သို့သော်လည်း could မြင်တိုင်း can ရဲ့ past tense လို့ ယူဆလို့မရပါဘူး ၊ ၀ါကျကိုကြည့်ရပါတယ်)
.
(1.3.1) She could speak several languages.
သူမက ဘာသာစကား တော်တော်များများကို ပြောနိုင်ခဲ့ပါတယ်
(1.3.2) They couldn’t dance very well.
သူတို့ကောင်းကောင်း မကနိုင်ခဲ့ကြပါဘူး
........................................
(1.4) We use “could have" to say that someone had the ability/opportunity to do something, but did not do it:
Could have + V3 ကို တစ်စုံတစ်ခုလုပ်ဖို့ စွမ်းရည်ရှိခဲ့သော်လည်း မလုပ်ခဲ့ဘူး .. ဆိုတဲ့ အဓိပ္ပါယ်ကို ရဖို့အတွက် သုံးနိုင်ပါတယ်
.
(1.4.1) They could have arrived here in time.
သူတို့ ဒီကို အချိန်မှီ ရောက်နိုင်စွမ်း ရှိခဲ့ပါတယ် (ဒါပေမယ့် မရောက်ခဲ့ပါဘူး)
(1.4.2) You could have done this project
ခင်ဗျားက ဒီစီမံချက်ကို ပြီးအောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ် (ကတယ်တော့ ပြီးအောင် မလုပ်ခဲ့ပါဘူး)
.
နံပါတ် (၄) ထိ တော့ရေးထားတယ် ..
..
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး 
heart emoticon

Post a Comment

0 Comments

Close Menu