Ad Code

Responsive Advertisement

စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၂)

Win Naing Oo's photo.

စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၂)
……………………………………………………………….
Permission: ခွင့်ပြုချက်ကို ဖေါ်ပြဖို့
…….
(1) We use “can” to ask for permission to do something:
တစ်စုံတစ်ခု ပြုလုပ်ဖို့ ခွင့်ပြုချက်တောင်းလိုတဲ့အခါ can ကို သုံးနိုင်ပါတယ်
.
(1.1) Can I ask a question, please?
ကျေးဇူးပြု၍ ကျနော်မေးခွန်းတစ်ခုလောက် မေးလို့ရနိုင်မလား
(1.2) Can we go home now.
ကျနော်တို့ အိမ်ကို ပြန်လို့ရနိုင်မလား
…………………………………………
(2) “could” is more formal and polite than can:
ခွင့်ပြုချက်တောင်းခံဖို့ ပုံစံကျ နဲ့ ယဉ်ကျေးတဲ့ ပုံစံအဖြစ် could ကို သုံးနိုင်ပါတယ်
( ရှေ့မှာတုန်းက could ကို can ရဲ့ past form အဖြစ် အမြဲမယူဆဖို့ သတိပေးခဲ့တယ်နော်)
.
(2.1) Could I ask a question please?
ကျေးဇူးပြု၍ ကျနော် မေးခွန်းတစ်ခုလောက် မေးလို့ရနိုင်ပါမလား ခင်ဗျာ
(2.2) Could we go home now?
ကျနော်တို့ အိမ်ကို ပြန်လို့ ရနိုင်ပါမလားခင်ဗျာ
……………………………
(3) “may” is another more formal and polite way of asking for permission:
May ကိုလည်း ခွင့်တောင်းဖို့ အတွက် ပုံစံကျနဲ့ ယဉ်ကျေးတဲ့ ပုံစံအဖြစ် သုံးနိုင်ပါတယ်
( ခွင့်ပြုဖို့ အတွက်လည်း သုံးနိုင်ပါတယ်)
.
(3.1) May I ask a question please?
ကျေးဇူးပြု၍ ကျနော် မေးခွန်းတစ်ခုလောက် မေးလို့ရနိုင်ပါမလား ခင်ဗျာ
(3.2) May we go home now?
ကျနော်တို့ အိမ်ကို ပြန်လို့ ရနိုင်ပါမလားခင်ဗျာ
……………………
(4) Might (UK formal)
Might is used as a more polite form of “may” when asking for permission:
Might ကို very formal အလွန်ယဉ်ကျေးတဲ့ ပုံစံကျ အဖြစ်သုံးနိုင်တယ်လို့ ဆိုပါတယ် ၊
.
(4.1) Customer: I would like a refund, please.
ဖေါက်သည် : ကျေးဇူးပြု၍ ကျနော် ပြန်ထုတ်ပေးငွေ လိုချင်ပါတယ်
(4.2) Manager: Might I ask if you still have your receipt?
စီမံခန့်ခွဲသူ : ခင်ဗျားမှာ လက်ခံပြေစာရှိနေသေးလားဆိုတာ ကျနော်မေးခွင့်ရှိပါမလားခင်ဗျာ
………………………………
အခုလို အလားတူစွာပဲ ခွင့်ပြုတဲ့ အခါမှာလည်း modal verb တွေကိုသုံးပြီး ပြောနိုင်ပါတယ် .. တူညီတဲ့ သဘောပဲမို့ ထပ်မရေးတော့ပဲ အနှစ်ချုပ်ပေးလိုက်ပါတယ်..
.
Can .. လုပ်နိုင်မလုပ်နိုင် မေးဖို့ ပြောဖို့
Could.. လုပ်နိုင်မလုပ်နိုင် မေးဖို့ ပြောဖို့ ၊ ပိုယဉ်ကျေးတယ်
May .. ပိုယဉ်ကျေးတယ် ၊ ခွင့်ပြုချက် တောင်းတဲ့ သဘောပါတယ်
Might … အယဉ်ကျေးဆုံးဖြစ်တယ် ၊ UK သုံးဖြစ်တယ် ၊ စာဆန်ပါတယ် ၊ တွေ့ရနည်းပါတယ်
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu