ကွန်ပြူတာနဲ့ အခွေကြည့်ရင်းနဲ့ စက်ကိုပိတ်ဖို့မေ့ပြီး အိပ်ပျော်ပျော်သွားတတ်ပါသလား။ ဒါမှမဟုတ် အလုပ်ကို သဲကြီးမဲကြီးလုပ်မိတဲ့ညတွေများလွန်းလို့ ညဥ့်နက်မှန်းမသိဘဲ အိပ်ရေးပျက်ရတဲ့ညတွေ များနေပါသလား။ စိတ်မပူပါနဲ့။ ကိုယ့်ကွန်ပြူတာကို ကိုယ်ပိတ်စေချင်တဲ့အချိန် အလိုအလျောက် ပိတ်သွားအောင် အောက်ပါနည်းလမ်းအဆင့်ဆင့်အတိုင်း အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။
၁။ ပထမဦးဆုံး – Task Scheduler ကို ဖွင့်ပါမယ်။
Windows 7 ကွန်ပြူတာမှာဆိုရင်၊ Start ထဲကနေ Control Panet ကို ၀င်ပြီး၊ System and Security ကို ၀င်ပါ။ ထို့နောက် ‘Administrative Tools’ ဆိုတာကို ရှာပြီး ကလစ်နှိပ်ပေးပါ။ နောက်ထပ် ၀င်းဒိုးတစ်ခု ပေါ်လာရင်၊ Task Scheduler ဆိုတာကို ကလစ်နှိပ်ပေးပါ။
Windows 8 ဆိုရင်တော့ Windows ကီးကိုနှိပ်ပြီး၊ ‘Schedule Tasks’ လို့ ရိုက်လိုက်ရုံနဲ့ အောက်မှာ schedule task ဆိုတာ ကျလာမှာဖြစ်ပါတယ်။
(၂) Basic Task တစ်ခု ဖန်တီးပါ။
Task Scheduler ၀င်းဒိုးရဲ့ အပေါ်ဘက် ‘File’ ဘေးမှာ၊ ‘Action’ ဆိုတာရှိပါတယ်။ ကလစ်နှိပ်ပြီး၊ ‘Create Basic Task’ ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် နောက်ထပ် box တစ်ခု ထပ်ကျလာမှာဖြစ်ပြီး၊ ဒီမှာ စာဖတ်သူ schedule အချိန်သတ်မှတ်ထားချင်တဲ့ task တစ်ခုရဲ့ နာမည် (ဥပမာ – Shutdown Timer, Bedtime’ စသဖြင့်) လွယ်လွယ်ကူကူပေးထားပါ။ Next နှိပ်ပါ။
(၃) Frequency ရွေးပေးရပါမယ်။
နေ့စဉ် schedule ပေးထားမှာလား။ တစ်လတစ်ခါလား၊ ဒီတစ်ခါတည်းလား စသဖြင့် Task Trigger မှာ ရွေးပေးရပါမယ်။ Daily ဆိုတာကို ရွေးပေးပြီး၊ Next ထပ်နှိပ်ပါ။ ဒီမှာတော့ ကိုယ်ကွန်ပြူတာကို ပိတ်စေချင်တဲ့ အချိန်ကို ကြိုတင်ရွေးထားပေးပါ။ ‘Recur ever: x days’ ဆိုတာကို 1 ပဲ ထားပြီး၊ Next ထပ်နှိပ်ပါ။
(၄) ‘Start A program’ ကို ရွေးပါ။
ကိုယ်ကွန်ပြူတာကိုခိုင်းချင်တဲ့ task တာဝန်ကဘာလဲဆိုတာ ရွေးပေးရပါမယ်။ ဒီမှာ ‘Star a program’ ကို အလိုအလျောက်ရွေးထားတာကို တွေ့ရမှာဖြစ်ပြီး၊ Next ထပ်နှိပ်ပါ။
(၅) ကိုယ် run စေချင်တဲ့ Program နေရာကိုရွေးပေးရပါမယ်။
ဒီမှာတော့ ကျွန်တော်တို့ လိုချင်တာက ကွန်ပြူတာ shut down လုပ်မှာဖြစ်တဲ့အတွက် shutdown.exe ပရိုဂရမ် ရှိတဲ့နေရာကိုဖြည့်ပေးရပါမယ်။ ဒီစာလေးကို “Program/script” နေရာမှာ ရိုက်ထည့်ပေးလိုက်ပါ။
C:\Windows\System32\shutdown.exe
အောက်က ‘Arguments’ ဆိုတဲ့အကွက်မှာတော့ /s ဆိုတာ ရိုက်ပြီး၊ next ထပ်နှိပ်ပါ။
(၆) မှန်မမှန်ပြန်စစ်ဆေးပါ
ဒီအဆင့်မှာတော့ ကိုယ် အချိန်ကြိုပေးထားတာမှန်မမှန်၊ ရက်စွဲမှန်မမှန် စတာတွေကို သေချာအောင် ပြန်စစ်ဆေးပေးရမယ့်အဆင့် ဖြစ်ပါတယ်။ အားလုံးသေချာရင် Finish ဆိုတာကို နှိပ်ပြီး task ကို save လိုက်ပါ။
ဒါတွေ အားလုံးပြီးရင်တော့ စာဖတ်သူရဲ့ကွန်ပြူတာဟာ ပေးထားတဲ့အချိန်အတိအကျရောက်ရင် အလိုအလျောက် ပိတ်သွားပါလိမ့်မယ်။
ဒီနည်းလမ်းဟာ ကွန်ပြူတာပိတ်ဖို့ မေ့လျော့တတ်သူတွေ၊ ဒါမှမဟုတ် ကွန်ပြူတာမှာ ဒေါင်းလုဒ်ဆွဲထားပြီး၊ အပြင်သွားစရာရှိလို့ ကွန်ပြူတာကို မပိတ်နိုင်တော့သူတွေအတွက် အဆင်ပြေ၊အသုံးတည့်စေမယ့် နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။
Notepad သုံးပြီး ကွန်ပြူတာကို ကိုယ်ပိတ်စေချင်တဲ့အချိန် ပိတ်လို့ရတဲ့ နည်းလမ်းလည်း ရှိပါတယ်။ ဒီနည်းလမ်းကိုတော့ နောက်မကြာမီမှာ ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုစေချင်ပါတယ်ခင်ဗျာ။
Ref: Wikihow
Credit to ==> Digital News

0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji