Friday, March 4, 2016

English Speaking Basics (45) အင်္ဂလိပ်စကားပြော အခြေခံများ


.
IT'S GOING TO BE + (ADJECTIVE)
IT’S GONNA BE + (ADJECTIVE) … informal ဖြစ်ပါတယ်
.
You're informing someone what something is going to be like. This could be something you are going to do, see or feel.
ဘာဖြစ်လိမ့်မယ် ၊ ညာဖြစ်လိမ့်မယ် စသည်ဖြင့် ပြောချင်တဲအခါ သုံးပါ
(Going to + V1 နေရာမှာ going to be + adj နဲ့ တိုးချဲ့သုံးစွဲနိုင်ပါတယ် …)
.
(1) It's going to be delicious.
အဲဒါက အရသာရှိပါလိမ့်မယ်
.
(2) It's going to be exciting.
အဲဒါက စိတ်လှုပ်ရှားဖို့ ကောင်းပါလိမ့်မယ်
(exciting (adj) စိတ်လှုပ်ရှားဖွယ်ရာဖြစ်သော)
.
(3) It's going to be disgusting.
အဲဒါက မနှစ်မြို့စရာ ကောင်းပါလိမ့်မယ်
( disgusting (adj) မနှစ်မြို့ဖွယ်ရာကောင်းသော )
.
(4) It's gonna be easy.
အဲဒါက လွယ်ကူပါလိမ့်မယ်
.
(5) It's gonna be depressing.
အဲဒါက စိတ်ဓါတ်ကျဖွယ်ရာ ဖြစ်ပါလိမ့်မယ်
( depressing (adj) စိတ်ဓါတ်ကျဖို့ကောင်းသော)
.
Gonna = going to ဖြစ်တဲ့အတွက် gonna သုံးလျင် to ထည့်ဖို့ မလိုတော့ပါဘူး
.
You can also add 'he or she' or a person's name to describe how they might react to something.
Subject နေရာမှာ I, he, she, you, .. ဘာညာ ပြောင်းသုံးလို့လည်း ရပါတယ်
.
(6) I am going to be alright.
ကျနော် အဆင်ပြေသွားမှာပါ
( alright , all right = fine, ok အဆင်ပြေသော ၊ ကောင်းသော)
.
(7) I am not going to be late for the party.
ကျနော် ပါတီပွဲကို နောက်ကျမှာ မဟုတ်ပါဘူး
.
(8) You are going to be sick if you eat that.
ခင်ဗျားအဲဒါကိုစားလျင် နေမကောင်း ဖြစ်လိမ့်မယ်
.
(9) She is going to be scared after watching that movie.
အဲဒီဇတ်ကားကိုကြည့်ပြီး သူမကြောက်လန့်လာလိမ့်မယ်
(scared(adj) ကြောက်လန့်သော)
.
(10) Sally is going to be successful.
ဆယ်လီက အောင်မြင်လာပါလိမ့်မယ်
.
(11) Mike is going to be grumpy after I tell him.
ကျနော်သူ့ကို ပြောအပြီးမှာ မိုက်က မျက်နှာထား ဆိုးသွားပါလိမ့်မယ်
(Grumpy (adj) မျက်နှာထားဆိုးသော)
…………
You are all going to be smart after studying my daily lessons!
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

0 comments:

Post a Comment