Ad Code

Responsive Advertisement

English Speaking Basics (56)



လူတစ်ဦးဦးမှာဖြစ်စေ ပစ္စည်းတစ်ခုခုမှာဖြစ်စေ ပြဿနာ တစ်ခုခုရှိနေတဲ့အခါ .. ဘာဖြစ်နေတာလဲ ၊ ဘာမှားနေတာလဲ ၊ ဘယ်လိုအခက်အခဲ ရှိနေတာလဲ စသည်ဖြင့် မေးချင်တဲ့အခါ သုံးနိုင်ပါတယ် ။
...............................
What’s the matter ? ဘာဖြစ်နေတာလဲ
What’s wrong ? ဘာမှားနေတာလဲ
.....
သုံးတဲ့အခါမှာတော့
What’s the matter with .... ?
What’s wrong with ....?
(What is the difficulty or problem?)
......................
I. EXAMPLES
....
1. What’s the matter with / him?
သူဘာဖြစ်နေတာလဲ
(တစ်ခုခုမှားနေသလိုမျိုး ထူးခြားနေလို့)
.
2. What’s the matter with / your finger? It’s bleeding.
ခင်ဗျားရဲ့ လက်ချောင်းဘာဖြစ်နေတာလဲ ၊ သွေးတွေထွက်နေတယ် ။
.
3. What’s wrong with / this machine?
ဒီစက်က ဘာချို့ယွင်းနေတာလဲ
(ကောင်းကောင်းလည်း အလုပ်မလုပ် ဘာဖြစ်နေမှန်းလဲ မသိလို့ မေးတာမျိုး)
.
4. What’s wrong with / you, Mum? You look so pale!
အမေရယ် ဘာများဖြစ်နေတာပါလိမ့် ၊ အမေ့ကြည့်ရတာ ဖျော့တော့လိုက်တာ
.
5. What’s wrong with / your car?
ခင်ဗျားကားက ဘာဖြစ်နေလို့လဲဗျ
................................
II. DIALOGUES:
.........
A: Your face is so pale. Are you OK?
မင့်မျက်နှာက ဖြူဖတ်ဖြူလျော်ရှိလိုက်တာ ၊ အခြေအနေကောင်းရဲ့လား
.
B: No, I’ve had a fever for a few days and I am sick to my stomach.
ဟင့်အင်း ၊ ငါ့မှာ အဖျားရောဂါ ရနေတာ ရက်နည်းနည်းကြာနေပြီ ပြီးတော့ အစာအိမ်ကလည်း ပျို့ချင်အန်ချင်နေတယ်
A: What’s the matter with you?
မင်းဘာဖြစ်တာလဲ
.
B: I think I have food poisoning.
ငါ့မှာ အစာအဆိပ်သင့်မှု ရှိနေပြီ ထင်တယ်
.
A: What do you think it was from?
အဲဒါဘယ်က ရတယ်လို့ မင်းထင်သလဲ
.
B: I had some raw seafood the other day at a Japanese restaurant. Maybe that was it.
တစ်နေ့က ဂျပန်စာ စားသောက်ဆိုင်မှာ ပင်လယ်စာ အစိမ်းတချို့ စားခဲ့တယ် ၊ အဲဒီကပဲ ဖြစ်နိုင်စရာရှိတယ် ။
...................
ဝေါဟာရများ
..........................
Matter (n) ကိစ္စ ၊ အကြောင်းအရာ ၊ အခြေအနေ
Bleed (v) သွေးထွက်သည်
Fever (n) ဖျားခြင်း ၊ ကိုယ်ပူခြင်း ၊ ရောဂါ
Sick (v) နေမကောင်းသော ၊ ပျို့အန်ချင်သော
Piosoning (n) အဆိပ်မိခြင်း ၊ အဆိပ်သင့်ခြင်း
Pale (adj) ဖျော့တော့သော ၊ ဖြူလျော်သော ၊ သွေးမရှိသော
Raw (adj) (မချက်ပြုတ်ရသေးသော) အစိမ်းသက်သက်
Maybe (adv) ဖြစ်ကောင်းဖြစ်နိုင်ဖွယ် ၊ ဖြစ်နိုင်စရာ
The other day (phr) တစ်နေ့က
.
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu