Ad Code

Responsive Advertisement

Honor 6 ဖုန်းကို Malaysia firmware Marshmallow တင်နည်း


Honor 6 ဖုန်းကို Malaysia firmware Marshmallow တင်နည်းကို
Honor 6 ပရိတ်သတ်များအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ Firmware ကို Official မှတိုက်ရိုက်ချပေးထားတာပဲဖြစ်ါတယ်
မိမိဖုန်းမှာ Marshmallow ဗားရှင်းလေးတင်သုံးချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာဒေါင်းလော့ရယူပြီး တင်နည်းကိုပါ လေ့လာကြည့်လိုက်ပါ။


လိုအပ်ချက်များ
=========
၁။ Firmware ကို Downgrade process တစ်ခုမပြုလုပ်မှီ Backup ပြုလုပ်ထားပါ။

၂။ မိမိဖုန်းတွင် Battery charge အား အနည်းဆုံး 70% ရှိနေရပါမယ်။

၃။ ကွန်ပျူတာတွင် Huawei USB Driver ကို အဆင်ပြေအောင် ပြုလုပ်ထားပါ။

၎။ Official မှ တိုက်ရိုက်ချပေးထားတဲ့ Honor 6 Marshmallow ကိုဒေါင်းလော့ရယူထားပါ။


ငြင်းဆိုချက်
========
ယခုဖေါ်ပြ Firmware Update ပြုလုပ်နည်းသည် Honor 6 ဖုန်းအတွက်
Malaysian Region ဖြစ်ပြီး ဗားရှင်း Marshmallow ပဲဖြစ်ပါတယ်။

ဒီ Firmware zip ဖိုင်ကို တစ်ခြား Device များတွင် ထည့်သွင်းခြင်းလုံးဝ
မပြုလုပ်ပါရန်၊ တကယ်လို့ ချွှတ်ယွင်းချက်များ တစ်ခုခုဖြစ်ပေါ်ခဲ့ရင် တာဝန်မယူပါ။


Firmware Info
==========
Device Model: Huawei Honor 6.
Firmware Version: Android Lollipop 5.0.
Firmware Build: H60-L04C470B300.
Released date: 2016-2-23.
Size: 249.40 MB.
Country: Malaysia.





Honor 6 ဖုန်းကို Malaysia firmware  Marshmallow တင်နည်း
===============================

၁။ အပေါ်မှ Firmware ကိုဒေါင်းလော့ရယူပြီး zip ဖြည်လိုက်ပါ

၂။ ဖုန်းရဲ့ SD Card မှာ “dload” directory ဆိုပြီး Folder တည်ဆောက်ပြီး
‘update app’ ဖိုင်ကို ကူးထည့်လိုက်ပါ။

၃။ ဖုန်းရဲ့ Keypad တွင် *#*#2846579#*#* ဆိုပြီး Code ကိုရိုက်ထည့်လိုက်ပါ
ပြီးရင် “software upgrade” ဆိုတာကိုရွေးချယ်ပါ၊ “SDCard Upgrade” ထပ်နှိပ်
အားလုံး အသင့်ဖြင်ပြီးရင်တော့ “OK” ဆိုတာကို နှိပ်ပေးလိုက်ရုံပါပဲ။




အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)


Post a Comment

0 Comments

Close Menu