Ad Code

Responsive Advertisement

Huawei Y6/Honor 4A ဖုန်း Android Version 5.1.1 Root လုပ်နည်း ကွန်ပျူတာမလို


Huawei Y6/Honor 4A ဖုန်းကို Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
ကွန်ပျူတာမလိုပါ နာမည်ကြီး Kingroot apk ဖြင့်ဖုန်းမှာတင် အလွယ်တကူ
Root acccess ရယူနိုင်မှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Huawei Y6/Honor 4A အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Android 5.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။


တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

Kingroot apk ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး
Official ရဲ့ နောက်ဆုံးထွက် ဗားရှင်းကိုသာ ရယူလိုက်ပါ





အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu