Ad Code

Responsive Advertisement

Infinix Note 2 X600 ဖုန်းကို Android 6.0 Marshmallow တင်နည်း


Infinix Note 2 X600 ဖုန်းကို Android 6.0 Marshmallow တင်သုံးချင်တဲ့
ညီအကိုတွေအတွက် Update လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းရဲ့ Platform က MTK Device ဖြစ်တော့ SP Flash Tool ဖြင့်
Android 6.0 marshmallow ဗားရှင်းကို အလွယ်တကူ တင်ယူနိုင်မှာဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ SP Flash Tool

၂။ VCOM Driver for Windows

၃။ USB Cable for communicating the device with your PC

၎။ Infinix Note 2 x600 Marshmallow ROM 2GB RAM version

၅။ Infinix Note 2 x600 Marshmallow ROM 1GB RAM version

ငြင်းဆိုက်ချက်
========
 Firmware Update ပြုလုပ်နည်းသည် Infinix Note 2 X600 ဖုန်းကို
 Android 6.0 Marshmallow တင်နည်းသာဖြစ်ပါတယ်

ဖေါ်ပြပါ နည်းလမ်းဖြင့် တစ်ခြားသော Device များတွင်
ထည့်သွင်းခြင်းမျိုး လုံးဝမပြုလုပ်ပါရန်။

တကယ်လို့ Firmware Update ပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်
Brick ဖြစ်ခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ၊ အဆင်ပြေမှု မပြေမှုသည်
ပြုလုပ်သူ၏ ကျွမ်းကျင်မှုအပေါ်မှာသာမူတည်တာမို့ အောက်ပါစကားအတိုင်း
The guide is at your own risk ဆိုတာကို နားလည်စေချင်ပါတယ်။


လိုအပ်တာများကိုဒေါင်းလော့ရယူပါ





Android 6.0 Marshmallow တင်နည်း
========================
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ
Android 6.0 Marshmallow.zip ဖိုင်ကိုဖြေလိုက်ပါ၊ 

ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။



Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင် zip ဖြည်ထားတဲ့
Firmware Folder မှ Android 6.0 marshmallow ဖိုင် သို့မဟုတ်
“MT6753_Android_Scatter.txt” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။

“Firmware upgrade” option နေရာတွင် “Format All + Download” ကိုထားပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။

ပြီးသွားတဲ့အခါ အစိမ်းရောင် Box လေးတစ်ခု Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ Android 6.0 marshmallow ကိုထည့်သွင်းပြီးပါပြီ။

ဖုန်းကို ပါဝါဖွင့်လိုက်ပြီး Android Version Info ကိုကြည့်ရန်အတွက်
settings >> about >>တစ်ချက်ချင်းနှိပ်သွားလိုက်ရုံပါပဲ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


www.zunite.org

Post a Comment

0 Comments

Close Menu