Ad Code

Responsive Advertisement

LG V10 F600L ဖုန်းအတွက် ဗားရှင်း Android 5.1 Root လုပ်နည်း


LG V10 F600L ဖုန်းအတွက် ဗားရှင်း Android 5.1 Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမယ်။

ဒီအတွက် ဒီဖုန်းကို Bootloader Unlock ပြုလုပ်နည်း အရင်တင်ပေး
ထားပြီးဖြစ်ပါတယ်၊ မပြုလုပ်ရသေးတဲ့သူတွေကတော့ အောက်မှာကြည့်လိုက်ပါ။


လိုအပ်ချက်များ
=========
၁။ ဖေါ်ပြပါ Root လုပ်နည်းသည် LG V10 F600L ဖုန်းအတွက် 
သီးသန့်ဖြစ်ပြီး Android Version 5.1 အတွက်သာဖြစ်ပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

၂။ မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသား ဖြစ်နေရပါမယ်။




ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။




How to Root LG V10 F600L
=================
၁။ အပေါ်မှာ ပေးထားတဲ့ Rooting File ကိုဒေါင်းလော့ရယူလိုက်ပါ

၂။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြည်လိုက်ပြီး LG Up ဖိုင်ကို 
Setup ပြုလုပ်ပေးလိုက်ပါ။

၃။ ဖုန်းမှာ Bootloader Mode သို့ဝင်ပေးရမှာဖြစ်တဲ့အတွက် ဖုန်းပါဝါ
button ကိုအကြာကြီး ဖိနှိပ်ထားလိုက်ပါ၊ Boot ပြုန်တက်လာတဲ့အခါ 
Power + Volume Up ကီးကို ၇ စက္ကန့်လောက် တွဲနှိပ်ထားလိုက်ပါ။

၎။ ပြီးရင် USB cable ဖြင့် ဖုန်းကို ကွန်ပျူတာနဲ့ ချိန်ဆက်လိုက်ပါ ဖိနှိပ်ထားတဲ့ 
ကီးများကို လွှတ်လိုက်ပါ၊ ဖုန်းမှာ Fastboot Mode သို့ ရောက်သွားပါလိမ့်မယ်။

၅။ နောက်ဆုံးအနေဖြင့် ကွန်ပျူတာက ဖုန်းကိုသိပြီဆိုတာနဲ့ 
LG Up ဖြင့် Flash ပြုလုပ်ပေးလိုက်ပါ။ 






အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu