Ad Code

Responsive Advertisement

MacBook ကို ဗိုင်းရက် ပထမဆုံး တိုက်နိုင်ပြီ

MacBook ဟာ ဟက်ကာတွေ ဘယ်လိုမှ တိုက်လို့မရပါဘူးလို့ ဂုဏ်ယူဝင့်ကြွားခဲ့ရာ ယခုတော့ မှားပါတော့တယ်။ ဘာကြောင့်လဲဆို MacBook ကို တိုက်နိုင်တဲ့ malwareတစ်မျိုးထွက်နေပြီမို့ ဖြစ်ပါတယ်။ ransomware  လို့အမည်ပေးထားပါတယ်။ 
Bit Torrent ကနေ အချက်အလက်တွေ ဒေါင်းဖို့အတွက် Transmission လို့အမည်ရတဲ့ ဆော့ဖ်ဝဲကို သွင်းရင် ယင်း malware ပါ ပါဝင်လာခြင်း ဖြစ်ပါတယ်။ ယင်း malware ဝင်သွားရင် ဘာဖြစ်သလဲဆို ကွန်ပြူတာ lock ကျသွားပါတယ်။ ဝင်လို့မရတော့ ပါဘူး။ ဝင်ချင်တယ် ဖွ့င်ချင်တယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၈၀ ဒေါ်လာ ပေးဖို့ တောင်းပါတယ်။ ဘဏ်ကနေ ပို့ခိုင်းတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၈၀ ပေးတိုင်းလည်း ဖွ့င်ပေးချင်မှ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Apple မှ လုံခြုံရေး ဆိုင်ရာ အရာရှိများကလည်း ယင်းနဲ့ ပက်သက်လို့  တရားဝင် သတိပေးတဲ့ စာတမ်းများ ထုတ်နေပြီ ဖြစ်ပါတယ်။ ပထမဦးဆုံး MacBook ကို ဟက်ကာတို့ ဟက်လို့ malware နဲ့ တိုက်ခိုက်နိုင်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ 
ဒါကြောင့်မို့ Mac သုံးသူများ အနေဖြင့် သုံးနေကျ မဟုတ်တဲ့ Software များကို သွင်းတာမျိုးကနေ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ဆိုပါတယ်။
Ref: Metro
အောင်ခမ်း (MMAS)

Post a Comment

0 Comments

Close Menu