Sony Xperia C5 Ultra ဖုန်းအတွက် ဗားရှင်း Android 5.1 ကို
Root လုပ်ချင်တဲ့ ညီအကိုတွေအတွက် တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ကွန်ပျူတာမလိုပါ ဖုန်းမှာတင်
နာမည်ကြီး Kingroot apk ဖြင့် ပေါက်နေပါပြီ။
ဒီဖုန်းထွက်ခါစတုန်းကတော့ Kingroot apk ဖြင့် တိုးမပေါက်ခဲ့ပါဘူး
အခုတော့ တစ်ချက်တည်းကလစ်လိုက်ရုံဖြင့် Root ပေါက်နေပါပြီ။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Sony Xperia C5 Ultra အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Android Version 5.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
Kingroot apk ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး
Official ရဲ့ နောက်ဆုံးထွက် ဗားရှင်းကိုသာ ရယူလိုက်ပါ
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji