Ad Code

Responsive Advertisement

Sony Xperia Z5c Compact ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်း


Sony Xperia Z5c Compact ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်းကို
Z5 ဘော်ဒါများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ မိမိဖုန်းမှာ Custom Recovery ကို
အရင်ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်၊ ပြီးရင် SuperSu.zip ဖိုင်ဖြင့်
Recovery mode ကနေ အလွယ်တကူ Flash ပေးပြီး Root ဖောက်ယူနိုင်ပါတယ်။


အထူးပြောကြားလိုတာက ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
လိုအပ်ချက်များကို အသေချာဖတ်ပြီးမှ ပြုလုပ်ပါရန်

လိုအပ်ချက်များ
==========
မိမိဖုန်းရဲ့ ဗားရှင်းက Android 5.1.1 Lollipop ဖြစ်နေရပါမယ်။
Android 6.0 (Marshmallow) ဆိုရင်တော့ အဆင်ပြေလိမ့်မည်မဟုတ်ပါ။

ဖုန်းမှာ Custom Recovery ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်






SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ 

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


Post a Comment

0 Comments

Close Menu